Friday, June 29, 2012

ဖမ်းဆီးစစ်ဆေးနေသော ရခိုင်ပြည်နယ်အကြမ်းဖက်မှုနှင့် ဆက်နွယ်မှုရှိသူ ၆ ဦး ဘင်္ဂလာ အာမခံလွှတ်ပေး

Written by သဇင်ဥ    Saturday, 30 June 2012 04:22   PDFPrintE-mail
In-this-June-13-file-photo-BGB-members-on-high-alert-at-Shah-Parir-Dwip-to-prevent-intrusion-of-Myanmar-citizens.ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က ဘင်္ဂလီများက ရခိုင်များအား အကြမ်းဖက်တိုက်ခိုက်သည့် ပဋိပက္ခများနှင့် ဆက်နွယ်မှုများ ရှိသည်ဟု ဇွန် ၁၈ ရက်နေ့က ဖမ်းဆီးစစ်ဆေးနေသော အီဆလာမ်မိတ်ခေါင်းဆောင် ၇ ဦးအနက် ၆ ဦးကို ကြာသပတေးနေ့က ကော့စ်ဘဇားမြို့ တရားရုံးတော်က လက်ခံပေးလိုက်ကြောင်း သိရှိရသည်။

ယင်း လက်ခံပေးလိုက်သော သူများမှာ နယ်ဇာမေ အီဆလာမ်မီအဖွဲ့နှင့် အီဆလာမ်မိတ်ညီညွတ်ရေးအသင်းများမှ ခေါင်းဆောင်များ ဖြစ်ကြောင်းနှင့် ကော့စ်ဘဇားမြို့ (အောင်ချမ်းသာ)မှ ရဲမင်းကြီး ကာမ်ရုလ်က သတင်းအတိအကျအရ ဇွန် ၁၈ ရက်နေ့ကတည်းက ဖမ်းဆီးစစ်ဆေး ခံနေရသူများဖြစ်ပြီး ထောင်မှတိုက်ရိုက် လက်ခံလွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဒေသထုတ် သတင်းစာများက ဖေါ်ပြသည်။

ရခိုင်ပြည်နယ်အတွင်းတွင် သက်ဆိုင်ရာအာဏာပိုင်က ဖြစ်ပျက်ခဲ့သော ပဋိပက္ခများအတွင်း သေဆုံးသွားခဲ့သူပေါင်း ၁၀၀ ဦးရေတို့အား သောင်းကျန်းသတ်ပစ်ခဲ့သည့် အကြမ်းဖက်သမားများကို မောင်တော၊ ရသေ့တောင်၊ စစ်တွေနှင့် တခြားမြို့ကျးရွာများတွင် လိုက်လံဖမ်းဆီးပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိနေကြောင်း သိရှိရသည်။ ယင်းပဋိပက္ခမှ ရခိုင်ပြည်သူလူထုပေါင်း ယခုအထိ သိန်းချီဒုက္ခကျရောက်လျက် ရှိနေသေးသည်။

ယင်းသက်ဆိုင်ရာမှ ဖမ်းဆီးအရေးဆောင်ရွက်မှုများ ပြုလုပ်နေမှုကြောင့် မောင်တော၊ ရသေ့တောင်၊ စစ်တွေနှင့် တခြားမြို့ကျးရွာများမှ ဘင်္ဂလီအကြမ်းဖက်သမားများ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေကြောင်း ပြည်တွင်းကလာသော သတင်းများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်-ဘင်္ဂလီတို့အကြား ပဋိပက္ခ အကြောင်းဆက်မှာ တဖက်နှင့်တဖက် ယနေ့ထိ မယုံသင်္ခါမှုများ ကြီးထွားလာ နေကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလာသို့ ကူးစက်သွားမည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်းနှင့် ပြဿနာမှာ ထပ်မံ ဖြစ်ပွားမည့် အနေအထားရှိနေကြောင်း မောင်တောမြို့မှ လေ့လာစောင့်ကြပ်ပေးနေသူများက သုံးသပ်ပြောဆိုသည်။

လက်ခံရရှိပြီး လွှတ်သွားသူများမှာ အီဆလာမ်မိတ်ညီညွှတ်ရေးအသင်းမှ ခေါင်းဆောင် အာဟာမတ် နုရုလ် ကော်ဘိရ် ဟေလာလီ(၄၈)နှစ်၊ အိနာမူလ် ဟော(က်)၊ အာဘ်ဒူလ် ဟော(က်)၊ အာဘူလ် မန်ဇူရ်၊ အေဆာဒူလ္လာဟ်နှင့် ဟာဖေဇ် အာဘ်ဒူလ် ဘော်ကော်ရ်(၅၄)နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။
အီဆလာမ်မိတ်ညီညွတ်ရေးအသင်းနှင့် နေဇာမယ် အီဆလာမ်အဖွဲ့များမှ ခေါင်းဆောင်များ ပူးပေါင်း၍ လွတ်မြောက်လာကြသူများအား ညနေစာဖြင့် လက်ခံကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း သောင်းကျန်းသူများကို ကူညီရန် လျှို့ဝှက်လက်ခံထားသည့် ပစ္စည်းများနှင့်အတူ ဇွန် ၁၉ ရက်က ဖမ်းဆီးစစ်ဆေးနေသော ဘာသာရေးခေါင်းဆောင် အာဘ်ဆာရ် အူဒ္ဒိန် စိုဒူးရီရ်အားနှင့် ရာမူး (ပန်းဝါမြို့)မှ ဘာဘူလ် မောင်န်ဇူရ်(၄၀) တို့အား လွတ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်းခေါင်းဆောင် ဟာဖေဇ် ဆာလာမော်(တ်) အူလ္လာဟ်က ကြိုဆိုသည့် အခမ်းအနားတွင် ပြောဆိုလိုက်ကြောင်း ယမန်နေ့ထုတ် THE DAILY SAIKAT သတင်းစာက ဖေါ်ပြသည်။

ယင်းတို့လက်ခံရရှိပြီး လွတ်မြောက်သွားမှုမှာ ထောင်အတွင်းမှနေ တရားရုံးတွင် ၁၁ ရက်စစ်ဆေးမေးမြန်းမှုများ ခံရပြီးနောက် လွတ်မြောက် သွားခြင်းဖြစ်သည်။ ယင်းတို့အား ရဲဋ္ဌာနမှ ထပ်မံစစ်ဆေးရန် လိုအပ်သောကြောင့် လွန်ခဲ့သောအပတ် ကြာသပတေးနေ့က ရုံးရက်ချိန်း ၃ ရက် တရားရုံးတော်မှ ယူခဲ့သည်။

ကော့စ်ဘဇားမြို့ ရဲဋ္ဌာနမှ ယင်းရခိုင်ပြည်နယ်အတွင်း သောင်းကျန်းသူများနှင့် ဆက်နွယ်ပတ်သက်မှုများ ရှိသည်ဟု မယုံသင်္ခါ ဖမ်းဆီး ခဲ့သူများကို ဘာသာရေးအစွန်းရောက် အကြမ်းဘက်သမားများနှင့် ပတ်သက်မှု ရှိသူများဟု ပြောဆိုခဲ့သည်။

လွတ်မြောက်လာသူများ အနေဖြင့် ကော့စ်ဘဇားမြို့အတွင်း ဆန္ဒပြကြရန်၊ နံရံကပ်စာစောင်များဖြင့် ရခိုင်များက မူဆလင်များအား သတ်ဖြတ်နေသည်ဟူ၍ သတင်းမှားများ လုပ်ဆောင်ခဲ့သည့်အပြင် ဘာသာရေးအဓိကရုဏ်းဖြစ်အောင် စည်းရုံးလှုံဆော်ခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။

ယင်းတို့အား မဖမ်းဆီးခင် ဘင်္ဂလာနယ်စပ်ဒေသ ဗုဒ္ဓဘာသာဝင် ကျေးရွာများအတွင်း ခြိမ်းခြောက်မှုများကို ခံခဲ့ရပြီး စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကာ ယခုအချိန်ထိ သတိအခြေအနေနှင့် နေထိုင်နေကြကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ယင်းပဋိပက္ခဖြစ်ပွားနေစဉ် ဘင်္ဂလာက စစ်တကောင်းတောင်တန်းဒေသရှိ မြို့ကျေးရွာများမှ ရိုဟင်ဂျာ အမည်ခံများကို တစိုက်မတ်မတ် လိုက်လံဖမ်းဆီး ထောင်ချခြင်းနှင့် ရခိုင်ပြည်နယ်သို့ အတင်းအဓမ္မပို့ဆောင်ခဲ့သည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/248-2012-06-30-04-31-40

No comments:

Post a Comment