Tuesday, June 5, 2012

ထုပ်ပြန်ကြေငြာချက်သာသနဦးသျှောင်၊ ဘင်္ဂလာဒေ့(ရှ်) ဌာနခွဲ



နေ့ စွဲ။       ။ ဂျွန်လ ၅ ရက် ၂၀၁၂ခု

အကြောင်းအရာ။       ။ လက်ရှိဖြစ်ပေါ်နေသာ အဓိကရုံးအား ငြိမ်းချမ်းစွာ
                                  ဖြေရှင်းကြရန်ပန်ကြားခြင်း

                ရခိုင်ပြည်တွင်လက်ရှိနေထိုင်လျက်ရှိကြသော ဗုဒ္ဓဘာသာဝင် မူဆလင်ဘာသာဝင်များ
အပေါင်းရို့ ယနေ့ ရခိုင်ပြည်၏ လက်ရှိအခြေနေတွင် လူ့ အဖွဲ့ အစည်းများသည် ပြသနာအစိပ်
အပိုင်းတခုကို ဓမ္မဓိဌာန်ကျကျ ဖြေရှင်းရန် မကြိုးစားကြဘဲ လူ့ အဖွဲ့ အစည်းအချင်းချင်းသေါ်
၎င်း ဘာသာရေးအဖွဲ့ အစည်းအချင်းချင်းသေါ်၎င်း ပဋိပက္ခဖြစ်အောင်ကြီးထွားလာခဲ့သည်ရှိ
သေါ် ရခိုင်ပြည်၌ပြည်သူအချင်းချင်း အာဃတကြီးမားလျက် အကြမ်းဖက်မှုကို အခြေခံ၍ ကြီး
မားသော အဓိကရုံးကြီးတခု ပေါ်ပေါက်ခဲ့လျှင် ပြည်သူတရပ်လုံးအတွက် တစုံတရာအကျိုး
အမြတ်မရှိသည့်အပြင် ဘ၀တူလူသားအချင်းချင်း ရက်စက်ကြမ်းကြုတ် သတ်ဖြတ်ညှင်းဆဲခြင်း
သည် လူသားများအတွက် ဘာသာရေး၊ စီပွါးရေး၊ လူမှုရေး၊ စသည့်အခွင့်အရေးများဆုံးရှုံးနစ်
နာစရာကိုသာဖြစ်ထွန်းစေလိမ့်မည်။
                ထို့ ကြောင့် ရခိုင်ပြည်ရှိ မည်သည့်ဘာသာဝင်မဆို အေးအတူပူအမျှ နေထိုင်ခြင်းအား
ဖြင့် ငြိမ်းချမ်းသာယါသော လူ့ အဖွဲ့ အစည်းကြီးဖြစ်ထွန်းလာလျှင် ပို၍ ပို၍ ရခိုင်ပြည်အတွက်
အကျိုးဖြစ်ထွန်းလာနှိုင်လိမ့်မည်ဟုယုံကြည်လျက်ရှိပါကြေင်း။ ယနေ့ လက်ရှိအခြေအနေတွင်
ကမ္ဘာ့ယဉ်ကျေးသော လူ့ အဖွဲ့ အစည်းကြီးအသီးသီးကလည်း ပဋိပက္ခတရားကို မလိုလားကြဘဲ
ငြိမ်းချမ်းရေးကိုသာ အမြဲထာဝရ မျှော်လင့်နေကြပေသည် ထို့ အတူမြန်မာနိုင်ငံ၌လည်းဒီမိုကရေ
စီနှင့်လူ့ အခွင့်အရေး၊  ကိုအဓိဖေါ်ဆောင်နေသည့်အချိန်ဖြစ်နေ၍
ကျွန်ုတ်တို့ လူသားအချင်းချင်း၊ အေးအတူပူအမျှနေထိုင်လျက် ငြိမ်းချမ်းစွာ နေထိုင်ရမည့်အချိန်
လည်းဖြစ်ပေသည်။ ထို့ အခွင့်ကောင်းအခါကောင်းများသည် မိမိတို့ အတွက် မဆုံးရှုံးသင့်ပေ
ရောက်အောင်လည်း ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရန် အဖွဲ့ အစည်းတိုင်းတွင်တာဝန်ရှိပေ
သည်။ သို့ ဖြစ်ပါ၍ ပြသနာ၏အဓိက ဖန်တီးသူကိုသာနိုင်ငံတော်အစိုးရမှ အသေးစိပ် ဖေါ်ထုပ်စစ်ဆေးပြီး ဥပဒေ
ကြောင်းအရ ဖြေရှင်းပေးနှိုင်ကြလျှင် လူသားမျိုးနွယ်စုများ နွေးထွေးစွာဖြင့် လက္ခံနှိုင်လိမ့်မည်
ဟုယုံကြည်ပါသည်။
     ပဋိပက္ခကြီးထွာရေးကို ဘာသာရေးအမြင် လူမျိုးရေအမြင်ဖြင့်မသုံးသပ်ကြဘဲ ပြည်သူ့ငြိမ်း
ချမ်းရေးအမြင့် ရခိုင်ပြည်ရှိလူအဖွဲ့အစည်းအသီးသီး ပါတီအသီးသီး ဘာသာရေးအဖွဲ့ အစည်း
အသီသီးတို့မှဝိုင်းဝန်းကူညီကာငြိမ်းချမ်းသော လူ့သမဂ္ဂတခုဖြစ်အောင်တက်နိုင်သမျှဖြေရှင်း
ပေးကြပါရန် လေးစားစွာဖြင့်မေတ္တာရပ်ခံအပ်ပါသည်။


                                                                 သာသနဥသျှောင်
                                              အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်
                                                                ဘဂလာဒေရှ် ဌာနခွဲ
                                                             အထွေထွေအတွင်းရေးမှူ
                                                                     ဦးသီလ၀ံသ

No comments:

Post a Comment