|
| မြန်မာ
နစက- ဘင်္ဂလာ BGB တို့ COORDINATION CONFERENCE အကြိုဆွေးနွေးပွဲတစ်ခုကို
ကော့စ်ဘဇားမြို့ (ဖလောင်းဈေး-အောင်ချမ်းသာမြို့)တွင် စနေနေ့က
ကျင်းပခဲ့ကြောင်း သိရှိရသည်။ ယင်းချစ်ကြည်ရေးဆွေးနွေးပွဲသို့ ရခိုင်ပြည် မောင်တောမြို့နယ် အခြေစိုက် နစကအကြီးအကဲ ဦးအောင်ကြီး ဦးဆောင်၍ အဖွဲ့ဝင် (၁၀)ဦးနှင့် စစ်တကောင်းမြို့ အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)ဗဟိုမှ အကြီးအကဲ ဖါရုက် နုရေ ကော်မော်ရ် စောင်းဒူရီ ဦးဆောင်၍ အဖွဲ့ဝင် (၈)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း ယနေ့ကော့စ်ဘဇားမြို့ထုတ် သတင်းစာများက ဆိုသည်။ ယခုချစ်ကြည်ရေးတွေ့ဆုံပွဲကို
ကော့စ်ဘဇားမြို့ အခြေစိုက် BGB တပ်ရင်းအမှတ် (၁၇)မှ
ဖိတ်ခေါ်ကျင်းပခြင်းဖြစ်ပြီး လာမည့် ဇွန်လ (၂၂ မှ ၂၆)ရက်တို့တွင် ထပ်မံပြီး
အဆင့်မြင့်တပ်မှူးအဆင့် အောင်လံတင် အစည်းအဝေးအတွက်
အကြိုတွေ့ဆုံခြင်းဖြစ်ကြောင်း သိရှိရသည်။ယင်း နစက-BGB ဆွေးနွေးပွဲတွင် အဓိကနယ်စပ်လုံခြုံရေးကို ဦးတည်ဆွေးနွေးခဲ့ကြသည့်အပြင် ဘင်္ဂလာအခြေစိုက် မြန်မာ ဒုက္ခသည်များ အကြောင်းနှင့် မြန်မာမှ ဘင်္ဂလာသို့ ထိပ်ပိုင်းခေါင်းဆောင်များ လာရန်ရှိသည့်အကြောင်းနှင့် စပ်လျား၍ လုံခြုံရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယင်း နစက-BGB ဆွေးနွေးပွဲမှာ မြန်မာ-ဘင်္ဂလာဒေ့ခ်ျနှစ်နိုင်ငံအကြား လွန်ခဲ့သော ၁၉၉၃ ခုနှစ်က နယ်စပ်လုံခြုံရေးနှင့် စစ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသကဲ့သို့ ယခုလုပ်ဆောင်နိုင်ရန် မနေ့က စတင်ဆွေးနွေးနိုင်ခဲ့ကြခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် နိုင်ငံ၏စီးပွားရေးလိုအပ်ချက်ကို ဖြည့်စွက်နိုင်ရန် မြန်မာနိုင်ငံနှင့် စီးပွားရေးအရ အဓိကဆက်ဆံ လိုလားခဲ့မှုကြောင့် မြန်မာစစ်အုပ်စု ဖိအားပေးသမျှ ၎င်းနိုင်ငံပိုင်နက်အတွင်းရှိ ရခိုင်ပြည်တော်လှန်ရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တန်းတူရေးတို့ကို ရရှိရန် တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများကို နည်းမျိုးစုံ ရှင်းလင်းပစ်ခဲ့သည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ ဒီပူ မော်နိက စင်္ကာပူနိုင်ငံတွင် စနေနေ့က ၁၁ ကြိမ်မြောက် ကျင်းပသော IISS အစည်းအဝေး မတိုင်မီ တက်ရောက်လာသော မြန်မာ့ကိုယ်စားလှယ်အမတ် ဦးအောင်မင်းအား မြန်မာနိုင်ငံတွင် နိုင်ငံရေး တိုးတက်ပြောင်းလဲလာမှု အခြေအနေနှင့် ဆက်စပ်၍ ဘင်္ဂလာရှိ မူဆလင် (ဘင်္ဂလီ)ဒုက္ခသည်များနှင့် တရားမ၀င် ကျူးကျော် ၀င်ရောက်အလုပ်လုပ်ကိုင်နေသူများကို ပြန်လည်ခေါ်ယူလက်ခံဖို့ ဖိအားပေးပြောဆိုခဲ့ကြောင်း သိရှိရသည်။ http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/169--bgb-coordination-conference- |



ယခုချစ်ကြည်ရေးတွေ့ဆုံပွဲကို
ကော့စ်ဘဇားမြို့ အခြေစိုက် BGB တပ်ရင်းအမှတ် (၁၇)မှ
ဖိတ်ခေါ်ကျင်းပခြင်းဖြစ်ပြီး လာမည့် ဇွန်လ (၂၂ မှ ၂၆)ရက်တို့တွင် ထပ်မံပြီး
အဆင့်မြင့်တပ်မှူးအဆင့် အောင်လံတင် အစည်းအဝေးအတွက်
အကြိုတွေ့ဆုံခြင်းဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment