Monday, June 11, 2012

မောင်တောမြို့နယ် ရခိုင်ဒုက္ခသည်များ ရိက္ခာအခက်တွေ့နေ


Written by သဇင်ဥ    Monday, 11 June 2012 08:06   PDFPrintE-mail
581177 394107390626890 2135221016 nမောင်တောမြို့တွင် မြို့လုံးကျွတ် မှီခိုအသုံးပြုနေသော သောက်သုံးရေကန်ကို ဘင်္ဂလီများက အဆိပ်ခပ်ထားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သောက်သုံးရေ အခက်အခဲဖြင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

ထို့အပြင် မောင်တောမြို့နယ် ဘုန်းကြီးကျောင်းများတွင် ဒုက္ခသည်အဖြစ် မှီတင်းနေထိုင်နေကြသော စုစုပေါင်းရခိုင် ၈၀၀၀ ခန့်မှာ ယနေ့မနက်က စတင်ပြီး စားနပ်ရိက္ခာ ဘက်စုံအခက်အခဲများဖြင့် တွေ့ကြုံနေရကြောင်း ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ ခြံပြင်၊ ငါးခူရ၊ ကြိမ်ချောင်း၊ လောင်းဒုံ၊ စံပယ်ပင်ရင်း၊ ကတ်ပကောင်း၊ မြို့သစ်၊ အထက်ပြူးမ၊ အောက်ပြူးမ အစရှိသော ကျေးရွာများမှ စုစုပေါင်း ဦးရေ ၈၀၀ နီးပါးမှာ ကုလားများခြိမ်းခြောက်၍ ရွာပြင်သို့မထွက်ရဲဘဲ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုအောင်းနေကြရာ အခုအခါ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ အခက်အခဲများဖြင့် ရင်ဆိုင်နေကြကြောင်း သိရှိရသည်။

လောင်းဒုံကျေးရွာတွင် ကျောင်းဆရာမ တချို့အနေဖြင့် ကုလားများရိုက်ချက်ကြောင့် ဒဏ်ရာရရှိသွားကြောင်းနှင့် ယခုအခါ မောင်တော မြောက်ပိုင်းကို နစကနှင့် လုံထိန်းများက စောင့်ကြပ်ပေးထားကြောင်း သိရှိရသည်။

ရန်ကုန်ရောက်ရခိုင်များ စုစည်းပြီး ရခိုင်ပြည်နယ်တွင် ကုလားများတိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေကြသည့်သူများအား စားနပ် ရိက္ခာများ ကူညီအကျိုးဆောင်ပေးနေသောသူများမှာ ၁။ နိုင်နိုင်စိုး ၊ ရန်ကုန်၊ ဖုန်း ၀၉ ၄၉ ၂၃၂၁၂၉၊ ၂။ ဇော်ဝင်း ရန်ကုန် ဖုန်း ၀၉ ၄၂၁၁၁၀၄၉ ၉၊ ၃။ စောစုစုစံ ရန်ကုန် ဖုန်း ၀၉ ၇၃၀၈၆၉၁၇၊ ၄။ အေးသီတာဝင်း ၊ရန်ကုန် ၊ ဖုန်း ၀၉ ၄၂၂၆၁၆၉ ၇၊ ၅။ ခိုင်စန္ဒိ ရန်ကုန်၊ ဖုန်း ၀၉ ၅၁၅၂၅၂၅၊ ၆။ စောရှင်မေ ၊မုံရွာ ၊ ဖုန်း ၀၉ ၄၉ ၃၄၀၂၇၈၊ ၇။ စောဥမ္မာ ရန်ကုန် ဖုန်း ၀၉ ၇၃၀၇၃၀၇၁ တို့ဖြစ်သည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/189-2012-06-11-08-25-47
 

No comments:

Post a Comment