Sunday, June 3, 2012

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ စီးပွားရေးမှာ မူးယစ်ကြောင့် ထပ်မံအခက်တွေ့နိုင်

Written by သဇင်ဥ    Sunday, 03 June 2012 09:17   PDFPrintE-mail
On June 1 arrested by BGBမြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား စီးပွားရေးအား ချဲ့ထွင်ဆောင်ရွက်ရန်အတွက် လုပ်ဆောင်မှုများ ရှိလာနေချိန်တွင် နယ်စပ်မှောင်ခိုနှင့် မူးယစ်ဆေးဝါး ကူးလူးမှုများမှာလည်း ယင်းစီးပွားရေးချဲ့ထွင်မှုကို အဟန့်အတားဖြစ်ပေါ်နိုင်ရန် အခြေအနေသို့ ဆိုက်ရောက်လျှက် ဖြစ်ပေါ်နေသည်။

မောင်တော-တာခ်နာမြို့အကြားရှိ နတ်မြစ်ကမ်းခြေတခုတွင် လျှို့ဝှက်ဖေါက်ကား ရောင်းဝယ်နေသော မူးယစ်းဆေးဝါးမျိုးစုံ ၅၅၂၀၀ တာကာတန်ဖိုးနှင့် ဖေါက်ကားသူများကို တာခ်နာအခြေစိုက် BGBက ဇွန်လ(၁)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း တရားဝင်ထုတ်ဖေါ် ပြောကြားခဲ့သည်။

ယင်းသက်ဆိုင်ရာအဖွဲ့မှ မေလ(၁၈)ရက်နေ့က မြန်မာလုပ် ရာဘားမြင်းဆေး ၂၇၀၀၀၀ လုံး (တန်ဖိုး ၁၂ ကုဋေ တာကာ - မြန်မာကျပ် ၁၀၈ ကုဋေ)နှင့် မူးယစ်ဖေါက်ကားသူ (၄)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

ထို့ပြင် လွန်ခဲ့သော မတ်လ (၂၀)ရက်နေ့အတွင်း ဘင်္ဂလီမူးယစ်ဖေါက်ကားသူများလက်သို့ ရာဘား ၂၅၀၀၀၀ လုံး လွတ်မြောက်ရောက်ရှိ သွားခဲ့ကြောင်း၊ ဘင်္ဂလာတွင် မြန်မာလုပ် ရာဘား ၁၂၅၀၀၀ လုံးအား ဒက္ကားမြို့ ဂူးလိချမ်းမှ ၂၀၀၆ ခုနှစ်က ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အလုံးအရင်းနှင့် ဘင်္ဂလာသို့ ၀င်ရောက်လာသော ရာဘားများမှာ တာခ်နာဆိပ်ကမ်းမှတဆင့်ဖြစ်ကြောင်း သက်ဆိုင်ရာ ဋ္ဌာနဆိုင်ရာများက ပြောသည်။

ယခုကဲ့သို့ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးများ သောင်းသောင်းဖျဖျ ပြန့်ကြဲဝင်ရောက် ဖေါက်ကားနေခြင်းအတွက် နှစ်နိုင်ငံ စီးပွားရေး ချောမောစွာတင်ပို့နိုင်ရန်နှင့် နိုင်ငံတော်ဘဏ္ဍာရေးကို ထိခိုက်နစ်နာကြောင်း ဘင်္ဂလာမှ အကြိမ်ကြိမ် မျက်နှာစုံ အစည်းအဝေးများတွင် ပြောဆိုတင်ပြလေ့ ရှိသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအတွင်း မျိုးဆက်လူငယ်ကျောင်းသားများ အနေဖြင့် ယင်းမူးယစ်ဆေးဝါးများအား သုံးစွဲလာမှု ရာခိုင်နှုန်းမှာ တဖြည်းဖြည်း ရာနှုန်းတိုးမြင့်လာကြောင်း အင်တာနက် သတင်းများက ပြောသည်။

ဘင်္ဂလာဘက်မှ မူးယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးဖေါ်ထုတ်နေသူများ အနေဖြင့် မြန်မာ-ဘင်္ဂလာနယ်စပ်တလျှောက်တွင် မကြာခဏ ဖမ်းဆီး ဖေါ်ထုတ်လေ့ရှိနေသော်လည်း မြန်မာဘက်က နယ်စပ်ရေးရာ စစ်အုပ်စု အဖွဲ့ဝင်များမှာ မူးယစ်မှောင်ခိုလုပ်ငန်းများအတွင်း ပါဝင်ပတ်သက်မှု ရှိနေကြောင်း နယ်စပ်သတင်းများက ဆိုသည်။

နှစ်နိုင်ငံအကြား မူးယစ်မှောင်ခိုမှုဖြင့် ဖမ်းဆီးခံရသူများမှာ ဘင်္ဂလီများဖြစ်ကြောင်း အင်တာနက်သတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။ ယင်းအပြင် ဒေသအတွင်း မူးယစ်ရောင်းဝယ်ဖေါက်ကား နေသူများမှာလည်း ဘင်္ဂလီများသာဖြစ်ကြောင်း ဆိုသည်။

မြန်မာမှ ဘင်္ဂလာသို့ ရာဘား၊ ဘီယာနှင့် အရက်မျိုးစုံများကို တင်ပို့ပြီး ဘင်္ဂလာမှတဖန် မြန်မာသို့ ဘိန်းဖြူ၊ မူးယစ်ဆေးပြားနှင့် အရည်များ အပြန်အလှန်တင်ပို့မှု ပိုမိုများပြားလာကြောင်း သိရှိရသည်။

နှစ်နိုင်ငံအကြား မူးယစ်ရောင်းဝယ် ဖေါက်ကားနေသူများ အနေဖြင့် တရားဝင်ဆိပ်ကမ်းများမှတဆင့် ပုံစံမျိုးစုံများကို ကျင့်သုံး၍ မူးယစ်ဆေးဝါးတင်ပို့မှုများ လုပ်ဆောင်လာနေကြပြီး စစ်တကောင်းဆိပ်ကမ်းအပါအ၀င် တစ်ခြားဆိပ်ကမ်းများမှလည်း မူးယစ်များ တင်ပို့ဝင်ရောက်နေကြောင်း စုံစမ်းသိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/168-2012-06-03-09-31-02

No comments:

Post a Comment