လက်ရှိရခိုင်ပြည်ကို ကုလားများ တိုက်ခိုက်နေသည့်ဘက်စုံ | ||||
|

ကော့စ်ဘဇားခရိုင်အတွင်း အိုခီးယားမြို့နယ် ကိုတိုးပါလောင်၊ နီလာမြို့နယ် လေဒါနှင့် တာခ်နာမြို့နယ် နော်ရာပါရာ ဘင်္ဂလီ ဒုက္ခသည်အမည်ခံ စခန်းများ အနေဖြင့် ဘင်္ဂလာမှ စီစဉ်နေသည့် မြန်မာသို့ ပို့ဆောင်မည့်လုပ်ဆောင်မှုကို လက်မခံသည့်အပြင် မြန်မာတွင် ပြဿနာများ ဤကဲ့သို့ရှိနေသေးကြောင်း ကြိုတင်အကွက်ဆင်လုပ်ဆောင်မှုများ ဖြစ်သည်ဟု ဆိုသည်။
မောင်တောမြို့တွင် ယင်းဘင်္ဂလီများ မသောင်းကျန်းမီ ငြိမ်းချမ်းစွာဆန္ဒပြမည်ဟု ဒေါက်တာ ထွန်းအောင် (နရုဟောက်)နှင့် အာဏာပိုင်များနှင့် ရင်းနှီးကျွမ်းဝင်သူ လှရွှေတို့က ဒေသအာဏာပိုင်သို့ တင်ပြခဲ့သည်။ ယင်းသက်ဆိုင်ရာက ငြိမ်းချမ်းစွာဆန္ဒပြမည်ဟု အာမခံကြောင်း သက်သီခံလက်မှတ်ရေးထိုးခဲ့ရန် ပြောကြားရာ လက်မှတ်ရေးထိုးရန် ယင်းဘင်္ဂလီများက ငြန်းဆန်ခဲ့ကြောင်း မောင်တောမြို့ မြို့မိမြို့ဘ သတင်းရပ်ကွက်ကဆိုသည်။
ယခုဖြစ်ပွားနေသည့် ပြဿနာမတိုင်မှီ ရန်ကုန်မြို့တွင်နေထိုင်သော မောင်တောမြို့နယ် ကုလားအမတ်သည် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် ARNO-RNAနှင့် RSO ပါတီများနှင့် နိုင်ငံသားဖြစ်ရေးကိစ္စကို တိုးတိုးတိတ်တိတ် ဆွေးနွေးရန် မောင်တောမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
မောင်တောမြို့တွင် ယခင်ရခိုင်ကျေးရွာပေါင်း ၁၄၀ ကျော်ရှိခဲ့ပြီး ယခုကဲ့သို့ ဘင်္ဂလီများ ကျေးရွာများကို မီးရှို့ဖျက်ဆီးသည့် အဖြစ်အပျက်များ ရှိခဲ့ရာမှ ယခုအခါ ၄၀ ခန့်ရှိသည့် ရခိုင်ကျေးရွာအနက် ၁၇ ရွာမှာ ဆက်လက်၍ ဘင်္ဂလီများထံ မီးရှို့ဖျက်ဆီး အသတ်ခံရခြင်းဖြစ်သည်။
ယင်းမီးရှို့ခံရသည့် ရခိုင်ကျေးရွာများမှာ မောင်တောမြို့တာင်ပိုင်းတွင် ၉၀ ရာခိုင်နှုန်းဖြစ်ပြီး မြောက်ပိုင်းတွင် ၅၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။ မီးရှို့ခံရသည့် ၁၇ ရွာအတွင်း ၄ ရွာကို အသင့်အတင့် ကာကွယ်နိုင်ခဲ့ကြောင်း ကိုယ်တော်တပါးက မိန့်သည်။
မောင်တောမြို့ရှိ အောင်ဗလကျေးရွာနှင့် ဘုန်းကြီးကျောင်းအား ကုလားများတိုက်ခိုက်ရန် အင်အား ၃၀၀ ကျော်ဖြင့် လာရောက်ခဲ့စဉ် ကြိုတင်စောင့်ကြပ်နေသည့် နစကများ သေနပ်မိုးပေါ်ပစ်၍ ဖြိုခွင်းခဲ့ရကြောင်း အရှင်ဘုရားက မိန့်ကြားသည်။ ကုလားများ သောင်းကျန်းမှုကြောင့် နစကတချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
"ဖြေရှင်းမှုက လုံးဝမရှိသေးပါဘူး၊ စစ်တပ်က ကြားကြပ်နေတဲ့ ကုလားတွေကို ယူပြီးတခြားနေရာသို့ ပို့ဆောင်နေပါတယ်၊ မောင်တောမြို့ ရပ်ကွက်(၄) ဗိုလ်မှူးရွာ

မောင်တောမြို့တွင် ဘင်္ဂလီများ ရခိုင်ကျေးရွာများကို မီးရှို့ဖျက်ဆီးသတ်ဖြတ်နေချိန်တွင် နတ်မြစ်တစ်ဘက်ကမ်းရှိ တာခ်နာမြို့နယ်မှ ရခိုင်ကျေးရွာများတွင် သက်ဆိုင်ရာမှ လုံခြုံရေးများ ချထားကြောင်းနှင့် နယ်စပ်တွင် စီးပွားရေးလုပ်ကိုင်နေသည့် ရခိုင်လူထုများ အနေဖြင့် ဘင်္ဂလီများ တိုက်ခိုက်မည်ကို စိုးရိမ်၍ မိမိလုပ်ငန်းများကို ယာယီရပ်နား ဆိုင်းငံ့စောင့်ကြည့်လျှက်ရှိနေသည်။
ယင်းအခင်းဖြစ်ပွားမှုကြောင့် မြန်မာ-ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေး ပို့ကုန်သွင်းကုန်များမှာ ယခုကာလအထိ လုံးဝရပ်ဆိုင်းလျက် ရှိနေသည်။
မောင်တောမြို့တွင် နေထိုင်သည့် မော်လဗီ ဘင်္ဂလီခေါင်းဆောင်များ အနေဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ ဗလီကျောင်းများတွင် ယမန်နေ့က ယင်းကိစ္စနှင့်ပတ်သက်၍ ဆွေနွေးနေကြကြောင်း စုံစမ်းသိရှိရသည်။
မောင်တောမြို့တွင် ဘင်္ဂလီက ရခိုင်ကျေးရွာများအား စတင်မီးရှိုးသတ်ဖြတ်သည့် သောကြာနေ့တွင် မြန်မာ့စစ်တပ်က စောင်ကြည့်နေခဲ့ပြီး ရန်ကုန်မှပြောင်းရွေ့အခြေချခြင်းခံရသည့် နတလကျေးရွာများ မီးရှိုးခံရသောကာလတွင်သာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။
မြန်မာ့စစ်တပ်၊ နစကနှင့် ရဲတပ်ဖွဲ့များအနေဖြင့် အကြမ်းဘက် ဘင်္ဂလီများအား ပစ်ခတ်ရှင်းလင်းနေသည်မှာ ယခုအခါ ဘင်္ဂလီအလောင်းပေါင်း ၂၀၀ နီးပါးအထိ တိုးမြင့်လာကြောင်း၊ မြန်မာ့ ကျဉ်ဆံမှန်ပြီး ဘင်္ဂလာဆေးရုံသို့ ဆေးကုသမှု ခံယူရန် ဘင်္ဂလီ အနည်းဆုံး ၆ ဦးအား ဘင်္ဂလာစစ်တပ်က ဖမ်းဆီးကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မျက်မြင်သက်သေများက ပြောသည်။

ထို့ပြင် မောင်တောမြို့တွင် ဒေသခံများ၏ အသက်အိုးအိမ် ကျေးရွာများကို မီးရှို့ဖျက်ဆီး ရာဇ၀တ်ကျူးလွန်ခဲ့သော ဘင်္ဂလီ အနည်းဆုံး ၁၀၀၀၀ ခန့်မှာ ဘင်္ဂလာသို့ထွက်ပြေးတိမ်းရှောင်ရန် နယ်စပ်တွင် ပြင်ဆင်နေကြောင်းနှင့် ဘင်္ဂလာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် ယင်းကျူးကျော်လာသူများအား နှိမ်နှင်းရန် ယခုအချိန်ထိ အသင့်အနေအထားဖြင့် စောင့်နေကြကြောင်း သိရှိရသည်။
ယခုအခါ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလာနယ်စပ်ရှိ ဗုဒ္ဓဘာသာဝင် ရခိုင်ကျေးရွာများ အနေဖြင့် ကုလားများ တိုက်ခိုက်လာမည်ကို စိုးရိမ် နေကြသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ထုတ် သတင်းစာများက မောင်တောမြို့နယ်နေ ရိုဟင်ဂျာများ၏ အသက်အိုးအိမ်ကျေးရွာဗလီများကို သောင်းကျန်းသူ ရခိုင်များက လာရောက်ဖျက်ဆီးနေကြောင်း ရေးသားဖေါ်ပြမှုများ ရှိနေသည်။
ကော့စ်ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းများအတွင်း ဘင်္ဂလာစစ်တပ်၊ ရဲနှင့် လူထိမ်းများက ဘင်္ဂလီများကို လုံးဝအပြင်မထွက်ရ၊ လူမစုဟူ၍ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေသည်။
ယင်းဒုက္ခသည်စခန်းမှ ဘင်္ဂလီများ အနေဖြင့် ဒေသခံဘင်္ဂလီများကို ရခိုင်ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ရန် စည်းရုံးလှုံဆော်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
သို့သော်လည်း တာခ်နာမြို့မှ ဘင်္ဂလီမော်လဗီတစ်ဦးက ရခိုင်များကို တိုက်ခိုက်လိုလျှင် BGB၊ နယ်စပ်ခြံစည်းရိုးနှင့် နစကများကို ကျော်ဖြတ်ပြီး တိုက်ခိုက်ရမည်ဖြစ်ကြောင်း၊ ဒေသအတွင်း ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့မှာ အေးအတူပူအမျှ နေထိုင်လာကြောင်းနှင့် အေးအတူပူအမျှ နေထိုင်လာသူများကို သတ်ဖြတ်မည်ဆိုပါလျှင် ငါကိုသာသတ်ဟု၍ မနေ့က တရားဟောပြော ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့က ကျောက်ဖြူမြို့နယ် ဇွန်ပန်းချိုင်ကျေးရွာအနီးမှ ခေတ်မီစက်လှေ အစင်း(၆၀)ခန့် ဖြတ်သန်းသွားခဲ့ပြီး ကျောက်ဖြူမြို့အနီးရှိ ကျွန်းစုများတွင် ပျောက်ကွယ်နေကြောင်း သတင်းရရှိသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/188-2012-06-11-06-35-45
No comments:
Post a Comment