Monday, May 23, 2011

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒီဇယ်ဆီအကြပ်အတည်းကြောင့် မြန်မာ့ဘုတ်နှင့် သစ်များ အခက်ကြုံနေရ

ဂစ္ဆပသတင်းဌာန
မေလ (၂၃)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒီဇယ်ဆီအကြပ်အတည်းကြောင့် မြန်မာ့ဘုတ်နှင့် သစ်များ အခက်ကြုံနေရ


တာခ်နာဆိပ်ကမ်းတွင် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က တွေ့မြင်ရသည့် မြန်မာ့သစ်မြင်ကွင်း


ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဒီဇယ်ဆီဈေးမြင့်တက်သွားသဖြင့် မြန်မာ့သစ်တင်၍ စစ်တကောင်းနှင့် ဒက္ကားမြို့သို့ သွားနေကြသည့် ကုန်တင် ကားကြီးများ ရပ်ဆိုင်းထားခဲ့သည်မှာ ယနေ့ (၁၂)ရက်နေ့မြောက် ဖြစ်သွားပြီဖြစ်၍ မြန်မာ့သစ်တင်ကားကြီး အစီး(၉၀၀)ခန့် တင်ဆောင်နိုင်မည့်သစ်များမှာ ဆိပ်ကမ်းတွင်ပြည့်လျှံပြီး အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း ဆိပ်ကမ်းကာစ္စတင်မှ ပြောသည်။

တာခ်နာမြို့နယ်ရှိ ကုန်သွယ်ရေးဆိပ်ကမ်းမှ မြန်မာ့သစ်တင်ဆောင်သော ကုန်တင်ကားကြီးများ ရပ်ဆိုင်းနေခြင်းနှင့် စပ်လျား၍ ဆိပ်ကမ်းတွင် တင်ကျန်ရှိနေသော မြန်မာ့သစ်များနှင့် မြန်မာ့ဘုတ်အတွင်း ကျန်ရှိနေသောသစ်များ အခက်အခဲများနှင့် ရင်ဆိုင်ကြုံနေ ကြရခြင်းဖြစ်သည်။

အခုအခါ မြန်မာနိုင်ငံမှ သစ်တင်ဘုတ်ကြီးများမှာ တာခ်နာဆိပ်ကမ်းတွင် ၂၈ စီးရှိကြောင်းနှင့် ဘုတ်တစီးတွင် တင်ဆောင်လာသော သစ်များမှာ သစ်တင်ကားကြီး (၁၀)စီးကျော် တင်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ဆိပ်ကမ်းအတွင်းကုန်းပေါ်ရှိ သစ်များမှာ သစ်တင် ကားကြီး အစီး (၆၀၀)နီးပါးခန့် စုစုပေါင်း သစ်ကုန်တင်ကားကြီး (၉၀၀)ခန့်မြန်မာ့သစ်မှာ သောင်တင်ကျန်ရှိနေကြောင်း ကော့စ်ဘဇားမြို့ ယနေ့ မေလ (၂၃)ရက် ဒေသထုတ် DAINIK COX’S BAZAR က ဆိုသည်။


တာခ်နာဆိပ်ကမ်းဂိတ်ဝ ၂၀၀၈ ခုနှစ် မြင်ကွင်း။

အဆိုပါ တာခ်နာဆိပ်ကမ်းတွင် သောင်တင်ကျန်ရှိနေသော မြန်မာ့သစ်များကြောင့် အခုအခါ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နိုင်ငံတော်ဝင်ငွေမှာ သစ်တင်ကားကြီးများ ယခုလို ရပ်ဆိုင်းထားနေသည့်အခြေအနေတွင် တရက်လျှင် တာကာ သိန်း ၂၀ ခန့် ရှုံးဆုံးနေကြောင်းနှင့် (၁၂)ရက်ခန့် သစ်တင်ကားကြီးများ ရပ်ဆိုင်းထားမှုတွင် တာကာ (၂)ကုဋေကျော် ရှုံးဆုံးလျှက် နေကြောင်း သတင်းစာက ဆိုသည်။

အဆိုပါ ဆိပ်ကမ်းမှာ မြန်မာနိုင်ငံမှ သစ်များကို နေ့စဉ်လှေသင်္ဘောများဖြင့် သစ်တန်ချိန်အမြောက်အများ တင်ပို့နေသောဆိပ်ကမ်းဖြစ်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံတော်ဝင်ငွေအတွက် မြန်မာနိုင်ငံမှ တင်ပို့ကုန်များကြောင့် ၀င်ငွေအကောင်းဆုံးသော ဆိပ်ကမ်းတခုဖြစ်သည်။

တာခ်နာဆိပ်ကမ်းမှ သစ်တင်၍ ဒက္ကားမြို့သို့ သွားကြသည့် ကုန်ကားကြီးများမှာ တစီးတလျှင် ယခင်တာကာ ၂၇၀၀၀ မှ ယခုအခါ ၃၀၀၀၀ မှ ၃၁၀၀၀ အထိဈေးတက်သွားကြောင်းနှင့် ဆိပ်ကမ်းမှ စစ်တကောင်းသို့သွားသည့် သစ်တင်ကားကြီးများမှာ ၃၀၀၀ မှ ၄၀၀၀ အထိ ယခင်ရှိခဲ့သောဈေးမှ ပိုမို၍ တောင်းဆိုသောကြောင်း သစ်လုပ်ငန်းရှင်များမှာ ကားမငှားဘဲ ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ တာခ်နာမြို့နယ် ကုန်တင်ဆိပ်ကမ်းမှ ကီလိုမီတာ ၃၂၀ ကျော်ဝေးကွာသည့် ဒက္ကားမြို့သို့ သစ်ကုန်တင်ကားတစီး ကုန်ကျန်သည့် ဒီဇယ်ဆီမှာ ၂၀၀ Liters အထိ ကုန်ကျကြောင်း သိရှိရသည်။

မြန်မာ့သစ်တင်ကုန်ကားကြီးများ ယခုလို ဈေးတက်သွားခြင်းမှာ နိုင်ငံအတွင်း ဒီဇယ်ဆီ ၁ Literတွင် တာကာ ၂ ပြားစီ လွန်ခဲ့သည့် နှစ်ပတ်ခန့်က စ၍ဈေးတက်သွားမှုကြောင်း ယခုကဲ့သို့ ပြဿနာများ ဖြစ်ပေါ်လျှက်ရှိနေသည်။

အဆိုပါ မြန်မာ့သစ်တင်၍ စစ်တကောင်းနှင့် ဒက္ကားမြို့သို့သယ်ယူသွားရာ၌ လမ်းအလည်တွင် အကောက်အခွန်များ ပေးဆောင်ရသေး သောကြောင့် ကုန်တင်ကားများအား မငှားရန်းတော့ပဲ မြန်မာ့သစ်များကို ဆိပ်ကမ်း၌ ယခုလို စုပုံထားခြင်းများကြောင့် ယခုအခါ မြန်မာသစ်ကုန်သည်များမှာ ဆိပ်ကမ်းတွင် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု သိရှိရသည်။

Call : +88 01715445478, Email:

No comments:

Post a Comment