Monday, May 16, 2011

ဦးသိန်းစိန်မှ ရှမ်းပြည်နယ်သို့ စေလွှတ်ထားသော စစ်ဆင်ရေးတပ်ရင်း စစ်ကြောင်းနှစ်ကြောင်းမှာ တဖန်ရခိုင်သို့ ပြန်လည်ရောက်ရှိလာ

ဂစ္ဆပသတင်းဌာန
မေလ (၁၆)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ဦးသိန်းစိန်မှ ရှမ်းပြည်နယ်သို့ စေလွှတ်ထားသော စစ်ဆင်ရေးတပ်ရင်း စစ်ကြောင်းနှစ်ကြောင်းမှာ တဖန်ရခိုင်သို့ ပြန်လည်ရောက်ရှိလာ

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်သို့ ရှမ်းပြည်နယ်တွင် ဘ၀တူတိုင်းရင်းသားများကို ဦးသိန်းစိန် အမိန့်အရ ဖိနှိပ်နေခဲ့ကြသော ရခိုင်ပြည်နယ် အခြေစိုက် စကခ အမှတ်(၁၅) လက်အောက်တပ်ရင်းများမှ စစ်ကြောင်းနှစ်ကြောင်းမှာ မေလ(၁၂)ရက်နေ့က ပြန်လည် ရောက်ရှိလာခဲ့ကြကြောင်း သတင်းရရှိသည်။

ယခုရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာကြသော တပ်ရင်းအမှတ် ၃၅၂နှင့် တပ်ရင်း ၅၃၅ တို့ဖြစ်သည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ လွန်ခဲ့သော မေလ (၁)ရက်နေ့က ရှမ်းပြည်နယ်တွင် တော်လှန်ရေးအဖွဲ့အစည်းများကို တိုက်ခိုက်ရန် ခရီးထွက်ခဲ့ကြသော တပ်ရင်းအမှတ် ၃၄၅ နှင့် ၃၅၂ တပ်ရင်းများနှင့် အလှည့်ကျ တာဝန်ပြောင်း ထမ်းဆောင်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ တပ်ဆုတ်လာခဲ့ကြသော စစ်ကြောင်းနှစ်ကြောင်း အင်အားမှာ ၃၀၀ နီးပါးခန့်ရှိမည်ဖြစ်ကြောင်း စစ်တပ်သတင်းများကပြောသည်။ အခုအခါ ရှမ်းပြည်နယ်တွင် ရခိုင်ပြည်နယ် အခြေစိုက် စကခ (၁၅)မှ စစ်ကြောင်း (၈)ကြောင်းကို ဦးဆောင်ကိုင်တွယ်နေသူမှာ ဗိုလ်မှူးချုပ် ကျော်သက် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါစစ်ကြောင်းနှစ်ကြောင်းမှာ ဘူးသီးတောင်မြို့ အခြေစိုက် စကခ (တပ်မ) အမှတ် (၁၅) လက်အောက်ရှိ တပ်ရင်း (၁၀)အနက် တပ်ရင်း (၂)ရင်းမှ စစ်ကြောင်းများဖြစ်ကြကြောင်း သိရှိရသည်။

ယခုအခါ ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ ဆုတ်ခွာလာကြသည့် စစ်ကြောင်းများမှာ တတိယအကြိမ်မြောက် ဆုတ်ခွာလာသော စစ်ကြောင်းများ ဖြစ်သည်။ ဆုတ်ခွာလာခဲ့သည့် ၃၅၂နှင့် ၅၃၅ စစ်ကြောင်းများမှ စစ်သားအရာရှိများမှာ ရှမ်းပြည်နယ် စစ်ဆင်ရေးအတွင်း အသေအပျောက်ရှိမရှိ မသိရှိရသေးပေ။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ မေလ(၁)ရက်နေ့က တတိယအကြိမ်မြောက် ရှမ်းပြည်နယ်စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရန် ထွက်ခွားသွားခဲ့ကြသော စစ်ကြောင်းနှစ်ကြောင်းမှာ အင်အားစုစုပေါင်း ၂၇၉ ဦး ပါကြောင်း၊ တပ်အင်အား ၂၇၉ ဦးအနက် အရာရှိမှာ စုစုပေါင်း ၃၃ ဦးပါကြောင်းနှင့် တပ်ရင်းအမှတ် (၃၄၅) စစ်ကြောင်းကို ဗိုလ်မှူး မင်းခိုင်ထွန်း ဦးဆောင်ပြီး (၃၅၂)စစ်ကြောင်းကို ယာယီတပ်ရင်းမှူး သော်တာထွေး ဦးဆောင်သွားခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် စကခ (တပ်မ)အမှတ် (၁၅)လက်အောက်ရှိ တပ်ရင်းများမှာ ၃၄၅၊ ၃၅၂၊ ၅၃၅၊ ၃၅၃၊ ၅၃၆၊ ၅၃၇၊ ၅၅၁၊ ၅၅၂၊ ၅၆၄နှင့် ၅၆၅ တပ်ရင်းတို့ဖြစ်သည်။ ၎င်းတပ်ရင်းများမှာ ဘူးသီးတောင်မြို့နယ် ငကျန်တောက်နယ်မြေတွင် အခြေစိုက်သော ၃၅၃နှင့် ၅၃၅တို့ဖြစ်ကြောင်း၊ ၅၅၁ တပ်ရင်းမှာ စိုင်းတောင်ဝ ဖေါ်မျှော်လစ်နယ်မြေတွင်အခြေစိုက်ကြောင်း၊ ၅၅၂ မှာ တောင်ပဇာတွင်အခြေစိုက်ကြောင်း၊ ၅၄၆ မှာ ပလေးတောင် နယ်မြေတွင်အခြေစိုက်ကြောင်း၊ ၅၆၅ မှာ စံညောင်းဝေနယ်မြေတွင် အခြေစိုက်ကြောင်းနှင့် ရသေ့တောင်မြို့နယ် ၅၃၆နှင့် ၅၃၇ တပ်ရင်းတို့အခြေစိုက်ကြသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် တပ်မ အမှတ် (၁၅)လက်အောက်ရှိ တပ်ရင်း(၁၀)မှ စစ်ကြောင်း (၈)ကြောင်းမှာ ယခုအခါ ရှမ်းပြည်နယ်တွင် စစ်အုပ်စုသုံးနှုန်းပြောဆိုသော စစ်ဆင်ရေးတာဝန်ဟု တော်လှန်ရေးတပ်ဖွဲ့များအား လိုက်နက်အားကိုးဖြင့် အနိုင် ကျင့်ရန် ရှိနေသည်။

ရခိုင်ပြည်နယ်တွင် တပ်မ (စကခ) ၃ ခုရှိပြီး တပ်မ အမှတ် (၁၅)မှာ ဘူးသီးတောင်မြို့တွင် အခြေစိုက်သည်။ တပ်မ (၅) မှာ တောင်ကုတ်မြို့နယ်တွင် အခြေစိုက်သည်။ တပ်မ (၉) မှာ ကျောက်တော်မြို့နယ်တွင် အခြေစိုက်သည်။

No comments:

Post a Comment