Friday, November 11, 2011

မြန်မာ့လွှတ်တော် အစည်းအဝေးများ ထင်သာမြင်သာမရှိ


ဂစ္ဆပသတင်းဋ္ဌာန
နိုဝင်္ဘာလ(၁၁)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် ညနေ(၄)နာရီ။

မြန်မာ့လွှတ်တော် အစည်းအဝေးများ ထင်သာမြင်သာမရှိ

ရခိုင်ပြည် လွှတ်တော်အစည်းအဝေး ပဉ္စမ နေ့ကို ရခိုင်ပြည်လွှတ်တော်ခန့်မ၌ ယမန် နေ့နံက် (၁၀)နာရီတွင် ကျင်းပခဲ့ရာ ၀န်ကြီး ချုပ် ဦးလှမောင်တင်၊ လွှတ်တော် ဥက္ကဌ ဦးထိန်လင်းနှင့် လွှတ်တော်ကိုယ်စားလှယ် (၄၇)ဦးတို့ တက်ရောက် ဆွေးနွေးမှုတွင် ထင်သာမြင်သာ မရှိကြောင်း သိရှိရသည်။

အစည်းအဝေး၌ ရခိုင်ပြည်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းပေါင်း (၁၉)ခုကို မေးခဲ့ကြကြောင်း၊ ၀န်ကြီးများက ရှင်းလင်း ဖြေကြားခဲ့ကြောင်း၊ နိုဝင်္ဘာလ (၃)နှင့် (၄)ရက်နေ့များက တင်သွင်းခဲ့သည့် အဆိုတခုအား ထပ်မံ၍ ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးချက်များကို အတည်ပြုခဲ့ကြကြောင်းနှင့် အဆိုအသစ်တခု တင်သွင်းခဲ့မှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာက သမာရိုးကျ ဆိုသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး (ဒုတိယနေ့)ကို တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန့်မ၌ ယမန်နေ့ နံက် (၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ သရေ စည်သူ ဦးဆန်းဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ် (၆၉)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း ဖေါ်ပြထားသည်။

လွှတ်တော်ကိုယ်စားများက မေးခွန်း (၁၅)မျိုးကို တိုင်းဒေသကြီး ၀န်ကြီးများအား မေးမြန်းမှုများပြုလုပ်ခဲ့ရာ ဖြေကြားမှုများ ရှိခဲ့သော် လည်း ရခိုင်ပြည်လွှတ်တော် အစည်းအဝေးကဲ့သို့ မည်သည့်မေးခွန်းများကို မေးခဲ့၍ မည်သို့ဖြေကြားမှုများကိုမူ ထင်သာမြင်သာရှိအောင် အတည်ပြုခဲ့ကြကြောင်း သတင်းစာတွင် ဖေါ်ပြမှု မတွေ့ရရှိပေ။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၁-၂၀၁၂ ခုနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း ပြုစုရေးဆွဲထားမှုနှင့် ၂၀၁၂-၂၀၁၃ ခုနှစ် ရသုံးမှန်းခြေ စာရင်းလျာထား တင်ပြချက်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် (၇)ဦး၏ ဆွေးနွေးချက်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ၀န်ကြီး၏ ပြန်လည်ရှင်းလင်း ဖြေကြားမှုများတွင် လွှတ်တော်ကိုယ်စားလှယ် ဥက္ကဌက ဖြည့်စွက်ရှင်းလင်း အတည်ပြု မှုများကို ဖေါ်ပြရာတွင် ထင်သာမြင်သာရှိအောင် ဖေါ်ပြခြင်း မတွေ့ရှိပေ။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရက် (၁၀၀)ကြာ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားတော်များ အမည်စာရင်းများ တင်သွင်းနိုင်ကြောင်း ဖေါ်ပြချက်ကို ကြည့်ခြင်းအားဖြင့် ဗဟိုစစ်အုပ်စု အနေဖြင့် ရိုးသားမှုမရှိသည်ကို တွေ့မြင်နိုင်သည်။

ယနေ့အချိန်ထိ မြန်မာ့လွှတ်တော် အစည်းအဝေးတိုင်း၌ ဆွေးနွေးမှု၊ အတည်ပြုမှု၊ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်မှုများနှင့် နိုင်ငံတော် ဘဏ္ဍာရေး ခန့်မှန်းသုံးသပ်မှုများကို အငြင်းပွားမှု တစုံတရာမရှိအောင် မပြုလုပ်နိုင်ခြင်းမှာ နောက်ကွယ်မှ တင်းကြပ်စွာ ကြိုးကိုင်ထားသူများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ဝေဖန်ကြသည်။

No comments:

Post a Comment