Friday, November 25, 2011

စစ်အုပ်စုအဖွဲ့မှ ဒုဦးစီးချုပ် စိုးဝင်းနှင့် ကော့စ်ဘဇားမြို့ အခြေအနေ


ဂစ္ဆပသတင်းဋ္ဌာန
နိုဝင်္ဘာလ(၂၅)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် နေ့လည် (၃)နာရီ။

စစ်အုပ်စုအဖွဲ့မှ ဒုဦးစီးချုပ် စိုးဝင်းနှင့် ကော့စ်ဘဇားမြို့ အခြေအနေ

မြန်မာစစ်အုပ်စုအဖွဲ့မှ ဒုစစ်ဦးစီးချုပ် စိုးဝင်းနှင့် အဖွဲ့ဝင် (၁၅)ဦးမှာ ယမန်နေ့က ညနေ(၅)နာရီတွင် ဟယ်လီကော်ပတာ (၂)စီးဖြင့် ဘင်္ဂလာ ကော့စ်ဘဇားမြို့သို့ ရောက်ရှိလာပြီး ယနေ့မြို့တွင်း ဘုရားဖူးနှင့် အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဘင်္ဂလာ စစ်တပ်မှ တပ်မမှူးတဦးဖြစ်သူ တာမိမ် အာဟ်မေဒ် စိုဒိုးရီ စစ်တပ်အင်အား (၆၅)ဦးဖြင့် လိုက်လှဲစွာ ကြိုဆိုခဲ့ကြောင်း ဒေသထုတ် သတင်းစာများက ဆိုသည်။

ဘင်္ဂလာအနေဖြင့် မြန်မာ့စစ်ခေါင်းဆောင်များအား လုံခြုံရေးအရ ကျဉ်ဆံကာ ကားများဖြင့် ကြိုဆိုခဲ့ကြောင်းနှင့် ဆီးဂါးဟိုတယ် (5 star)၌ နေရာထိုင်ခြင်းပေးထားကြောင်း ထုတ်ဖေါ်ရေးသားသည်။

ဦးစိုးဝင်းနှင့်အဖွဲ့မှာ ကော့စ်ဘဇားမြို့တွင် (၂)ရက် လည်ပတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ ကော့စ်ဘဇားမြို့ရှိ မဟာသိမ်ရင်ပြင်ရှိ နှစ်ပေါင်း(၁၉၉)နှစ်ကြာ နှစ်ရှည်လများတည်ရှိနေသော မဟာသိမ်တော်ကြီး၏ ဒေါင့်လေးဒေါင့်ရှိ နတ်မင်းကြီးလေးပါးအား တူးဖေါ်သည့်သတင်းမှာ မြို့ရှိ ဘုန်းတော်ကြီးများ၊ သိမ်ကော်မတီများ၊ မြို့မိ၊ မြို့ဖများနှင့် အခြားသော ဗုဒ္ဓဘာသာဝင်များမှာ အထူးစိတ်မကောင်း ဖြစ်နေကြကြောင်း သိရှိရသည်။

ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သော မဟာသိမ်တိုင်များကို တူးဖေါ်သည့် သတင်းများ ဖြစ်ပေါ်လာရခြင်းမှာ စစ်အုပ်စု ဒုဦးစီးချုပ် စိုးဝင်း ကော့စ်ဘဇားမြို့သို့ ရောက်ရှိနေသောကာလတွင်ဖြစ်၍ ၎င်းတို့နှင့် ဆက်စပ်မှုရှိသည့် သတင်းများ မြို့အတွင်းတွင် ပျံနှံနေသည်။

No comments:

Post a Comment