ရခိုင်မျိုးချစ်အဆိုတော် ဝင်းကိုခိုင်
ဖနိဒါ | သောကြာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၂၀ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။ ။ အမျိုးသားရေးသီချင်းများ ရေးစပ်သီဆိုသော အသက် ၄၂ နှစ်အရွယ် ရခိုင်အဆိုတော် ကိုဝင်းကိုခိုင်ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။
အကို့အမည်က ကိုဝင်းကိုခိုင် ဆိုတော့ နာမည်အရင်းက ဘယ်လိုခေါ်လဲ။
“တခြားနာမည်မရှိဘူး။ ဝင်းကိုခိုင်ပါပဲ။ ဝင်းကိုခိုင် (Aryan)။ အနောက်ကဟာက ကျနော်တို့လူမျိုးရဲ့ အမျိုးနာမည်လေ။ ကျနော်က ရခိုင်သီချင်းတွေ ဆိုတယ်လေ။ သီချင်းတွေလည်း ရေးတယ်။ ကျနော်က ကဗျာရေးတယ်။ ကဗျာက ပုံမှန်ပဲ၊ နိုင်ငံရေး မပါဘူး။ အချစ်ရေးနဲ့ အမျိုးသားရေး အရောင်တွေနဲ့ ရောပြီး ရေးတယ်။”
ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် ထူးအိမ်သင်အတွက် သီချင်းတွေ ရေးပေးဖူးခဲ့တယ် ဆိုတော့ အဲဒီအကြောင်းပြောပြပါဦး။
“ကိုထူးအိမ်သင် သီချင်းတွေက ကျနော် ၁၉၉၄ ခုနှစ်လောက်မှာ ရေးနေတာလေ။ သူ့ သူငယ်ချင်းတွေက တဆင့် ကျနော့် သူငယ်ချင်းတွေက သီချင်းတွေ ရောင်းကြတယ်။ “ဝင်းရိုးစွန်းမီး” ဆိုတဲ့သီချင်းက ကျနော့် သီချင်းပါ။ အဲဒါက သိပ်ပြီးတော့ မအောင်မြင်ခဲ့တဲ့ စီးရီးပေါ့နော်။ ၁၉၉၄ မှာ ထွက်တာ။”
ဇာတိကရော ဘယ်ကလဲ။ ငယ်ဘဝ အကြောင်းလေး ပြောပြပါလား။
“ကျနော်ဇာတိက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာပါ။ ကျနော်ငယ်ဘဝက ပြောရမယ်ဆိုရင် အဲဒီခရိုင်ရွာရယ်။ ခရိုင်ရွာရဲ့ဟိုဘက်ကမ်း ကမ်းထောကျွန်းမှာ ကျနော် ခုနှစ်တန်းထိ ကျောင်းနေခဲ့တယ်။ အဲဒီမှာ ကျေးရွာ သဘာဝအရ အိုးစည်၊ ဒိုးပတ်တွေ တီးတယ်။ တောပလွေတွေ၊ မယ်ဒလင် တီးတယ်။ ရှစ်တန်းမှာ စပြီးတော့ တောင်ကုတ်ကို ကျောင်းသွားတက်တယ်။ အဲဒီမှာ ဂီတာစတီးဖြစ်တယ်။ အဲဒီမှာ စတီရီယိုသီချင်းတွေ စပြီးတော့ ၁၉၈၃ ခုနှစ်လောက်မှာ စဆိုဖြစ်တယ်။ အဲဒီအချိန်မှာ တွံတေးသိန်းတန်ရဲ့ တေးသံသီချင်းတို့၊ နေကာ မျက်မှန်လေးဆိုတဲ့ တောသီချင်းတွေ ဆိုခဲ့တယ်။”
“၁၉၈၃ တောင်ကုတ်ရောက်တော့ ကျနော် မြန်မာပြည် စတီရီယို ခေတ်ဦး သီချင်းတွေပေါ့။ အဲဒီတုန်းက ခိုင်ထူး၊ စိုင်းထီးဆိုင်၊ လွှမ်းမိုးတို့ သူတို့ သီချင်းတွေနဲ့ တီးခတ်ပြီးတော့ တောင်ကုတ်မှာစပြီးတော့ ပထမဦးဆုံး ခြေရာမြစ်ဖျားကတော့ တောင်ကုတ်မြို့ပေါ့နော်။ ဆယ်တန်းကို အ.ထ.က တောင်ကုတ်ကနေ ၁၉၈၅ ခုနှစ်မှာ အောင်တယ်။ ၁၉၈၆- ၈၇ မှာ စစ်တွေ ဒီကရီကောလိပ်မှာ မြန်မာ စာမေဂျာနဲ့ ကျောင်းတက်တယ်။ အဲဒီအချိန်မှာ ၁၉၈၈ အရေးအခင်း ဖြစ်တယ်။ အရေးအခင်းဖြစ်တော့ ကျောင်းတက်ရင်း ပွဲတွေ လုပ်တယ်။ အဲဒီတုန်းက စစ်တွေမြို့က သူငယ်ချင်းတွေနဲ့အတူ ကျနော် ဂီတအကြောင်းတွေ ပြောတယ်ဆိုတယ်။ အဲဒီအချိန်မှာ သူတို့က အများကြီးခေတ်မီတဲ့အတွက် သူတို့ဆီက အတွေ့အကြုံတွေ အများကြီးယူခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ရခိုင် အဆိုတော် မဖြစ်သေးဘူး။ အဲဒီအချိန်မှာ ဗမာသီချင်းတွေ တော်တော် လွှမ်းမိုးတဲ့ အချိန်ပေါ့နော်။ ရခိုင်သီချင်းတွေ မဖွံ့ဖြိုးသေးဘူး။”
“အရေးအခင်း ပြီးနောက် ၁၉၈၉ ခုနှစ်လောက်မှာ သံတွဲမှာ "အရေးအခင်းဖြစ်တော့ ကျောင်းတက်ရင်း ပွဲတွေလုပ်တယ်။ အဲဒီတုန်းက စစ်တွေမြို့က သူငယ်ချင်းတွေနဲ့အတူ ကျနော် ဂီတအကြောင်းတွေ ပြောတယ်ဆိုတယ်။ အဲဒီအချိန်မှာ သူတို့က အများကြီးခေတ်မီတဲ့ အတွက် သူတို့ဆီက အတွေ့အကြုံတွေ အများကြီးယူခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ရခိုင်အဆိုတော် မဖြစ်သေးဘူး။ အဲဒီအချိန်မှာ ဗမာသီချင်းတွေတော်တော် လွှမ်းမိုးတဲ့အချိန်ပေါ့နော်။ ရခိုင် သီချင်းတွေ မဖွံ့ဖြိုးသေးဘူး။" နေဖြစ်တယ်။
သံတွဲမှာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်ထိ United Star တီးဝိုင်း Lead တီးတယ်။ ကျနော့်သူငယ်ချင်း တွေနဲ့ Band လုပ်ပြီးတော့ သံတွဲမြို့မှာ နိုင်ငံတော် အစိုးရပွဲတွေ၊ ကမ်းခြေက နာလန်ထ စခန်းတွေမှာ ခြေကျိုး၊ လက်ကျိုး စစ်သားတွေကို အများကြီး ဖျော်ဖြေခဲ့ရတယ်။ အဲဒီ ကမ်းခြေမှာ နာလန်ထစခန်းတွေမှာ ခြေကျိုးလက်ကျိုးလာတဲ့ စစ်သားတွေ အကုန်လုံးကို အနားပေးထားတယ်။ အဲဒီမှာ သုံးနှစ်လောက် ကျနော် လုပ်ခဲ့တယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ သံမှူးတွေ လာကြတယ် ဆိုရင်လည်း အဲဒီ ငပလီ ကမ်းခြေမှာဘဲ ကျနော်တို့က စတိတ်ရှိုးတွေနဲ့ ဖျော်ဖြေမှုတွေ လုပ်တယ်။နောက် ရိုးရာယိမ်းတွေနဲ့လည်း ဖျော်ဖြေတယ်။”
အဆိုတော်ဖြစ်လာပုံကိုလည်း ပြောပြပါလား။
“၁၉၉၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ရခိုင် အာစရိယပူဇော်ပွဲ လုပ်တယ်။ အဲဒီပွဲမှာ အတွင်းရေးမှူးက ကျနော့် သူငယ်ချင်း ဖြစ်တယ်။ အဲဒီပွဲမှာ ရခိုင်သီချင်းတပုဒ် ရေးပြီးတော့ အဲဒီပွဲမှာ ဆိုပါဆိုပြီးတော့ တိုက်တွန်းတဲ့ အတွက် ကျနော်က ပထမဦးဆုံး ရခိုင်လိုလည်း မရေးထားသေးဘူး။ မြန်မာလိုပဲ ရေးပြီးတော့ ရောင်းနေတယ်။ အဲဒီမှာ မြန်မာလိုကျတော့ “လက်ဆောင်လှနဲ့ အိမ်ပြန်ကြမယ်”ပေါ့။ အဲဒီသီချင်းလေးရေးပြီးတော့ အဲဒီပွဲမှာ ကျနော် ဆိုတယ်။ ဆိုတော့ အဲဒီပွဲမှာ ရခိုင်စာပေ ထုတ်လုပ်တဲ့ ရခိုင်သားကြီး ဦးလှမြင့်က လာကြည့်တယ်။ သူကနေပြီးတော့ အဲဒီသီချင်းကို ကြိုက်တယ်။ အဲဒါနဲ့ အခွေလုပ်မယ် ဆိုပြီးတော့ ကျနော့်ကို ကမ်းလှမ်းပြီးတော့ အဲဒါနဲ့ သူနဲ့ဘဲ ပထမဦးဆုံး ကျနော်ရဲ့ “သင်းကွဲကြယ်” ဆိုတဲ့ အခွေကို သူနဲ့စပြီး လုပ်ခဲ့ပြီးတော့ ကျနော် ရခိုင် ဂီတထဲကို စပြီးတော့ ဝင်ရောက်လာတယ်။”
ကိုဝင်းကိုခိုင်ရဲ့ စီးရီးခွေတွေ ဘယ်နှစ်ခွေ ထုတ်ခဲ့ပြီး ပြီလဲ။
“လက်ဆောင်လှနဲ့ အိမ်ပြန်ကြမယ်” “အိမ်လွမ်းစိတ်နဲ့ ငါ့ပင်လယ်” တွေပေါ့နော်။ ကျနော်စီးရီးက Group တွေ ပိုများတယ်။ တကိုယ်တော် Solo က ခြောက်ခွေ၊ ခုနှစ်ခွေလောက် ရှိမယ် ထင်တယ်။ စုစုပေါင်း ၂၀ ခွေ နီးပါးရှိပြီ ထင်တယ်။”
wkkကိုဝင်းကိုခိုင် ထုတ်ဝေခဲ့တဲ့ သီချင်းအယ်လ်ဘမ်တွေထဲက ဘယ်အလ်ဘမ်ကို အကြိုက်ဆုံးလဲ။
“အားလုံးတော့ ကြိုက်ခဲ့တာပါပဲ။ ဒါပေမဲ့ အကြိုက်ဆုံး အယ်လ်ဘမ် ပြောရမယ်ဆိုရင် “အာရက္ခမြေ”ကို ပြောရမယ်။ ဒီစကားလုံးက ပါဠိစကားလုံး ဖြစ်တယ်။ မြန်မာလို “ရခိုင်မြေ”ကို ပြောတာပါ။ ဒါက “စောင့်ရှောက်” တာကို “အာရက္ခ”လို့ ပြောတယ်။ ဒီခွေက ၂၀၁၀ မှာ ထုတ်တာလေ။ ပရိသတ်က တော်တော်အားပေးကြပါတယ်။ အခု ၈,၀၀၀ ထောင်လောက် ရောင်းရပါပြီလို့ ပြောတယ် ပရိုဂျူဆာက။ အခု ၂၀၁၀ နှစ်ကုန်ပိုင်းမှာ “စိုင်းတရား မြင်းခွာ အသံ” အပိုင်း (၁) ဆိုတဲ့ခွေကို ရခိုင်အဆိုတော်တွေချည်းပဲ အဖွဲ့လိုက် သီဆိုထားတယ်။ ဒီနှစ်က အပိုင်း (၂) ထွက်တယ်။ ဒီခွေက ထွက်တာ နှစ်ပတ်၊ သုံးပတ်လောက်ပဲ ရှိသေးတယ်။ ခွေ ၁၀,၀၀၀ လောက်ရောင်းရပြီလို့ ပြောတယ်။”
ရန်ကုန်ကို ဘယ်အချိန်က ပြောင်းလာခဲ့လဲ။ အခုရော ဘယ်မြို့နယ်မှာ နေတာလဲရှင်။
“ရန်ကုန်ကို ၁၉၉၁ ခုနှစ်မှာ မြန်မာစာ (ဂုဏ်ထူးတန်း) လာတက်တာလေ။ ခုတော့ ရန်ကုန် တာမွေမြို့နယ်မှာ
နေပါတယ်။ အဖေနဲ့ အမေကလည်း ရန်ကုန်မှာပါ။ ဦးသန်းရွှေ၊ ဒေါ်သောင်းခင်ပါ။ ရခိုင်လူမျိုးပါ။”
အကိုက ရခိုင်မျိုးချစ်တယောက်နဲ့ တူပါတယ်။ ရခိုင်သီချင်းတွေမှာ ဘယ်လို အကြောင်းအရာတွေ အဓိက ရေးစပ်ဖြစ်၊ ဆိုဖြစ်လဲ။
“ကျနော်ကတော့ အချစ်သီချင်းတွေဆိုရင် သိပ်မရေးတော့ဘူး။wkk1 အမျိုးသားရေးသီချင်းတွေ ရေးတာများတယ်။ ဆိုဖြစ်တာလည်း အမျိုးသားရေးသီချင်းပဲ။ အာရက္ခမြေ၊ မဟာနွယ်၊ စိုင်းတရားမြင်းခွာသံဆိုတာတွေလည်း အမျိုးသားရေး သီချင်းတွေပဲ။ ဒါက ကိုယ့်အမျိုးကို စောင့်ရှောက်ဖို့၊ ထိန်းသိမ်းဖို့။ ကိုယ့်ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့။ ဒါတွေကို အဓိကထားပြီးတော့
ဆိုတယ်။ ကျနော်တို့ ရခိုင်လူမျိုးတွေက တော်တော် လက်ခံကြတယ်။ တခြားလူမျိုးတွေနဲ့ မတူဘူး။ မတူဘူးဆိုတာက ကိုယ့်အမျိုးကို ပိုပြီးစိတ်ဝင်စားမှု ပိုရှိတယ်။ အဲတော့ ကျနော်ကလည်း အဲဒီလိုသီချင်းမျိုးတွေ ပိုပြီးတော့ နားထောင်တယ်။ ဒီအထဲမှာ ကျနော်ကလည်း အသိပညာတွေ ပါအောင်ရေးပြီးတော့ ဆိုပေးတာ။ သူတို့ ဇာတိမှန်၊ ဇာတိဂုဏ်ဖြစ်ဖို့အတွက် ကျနော် ကြိုးစားပေးနေပါတယ်။”
အဆိုတော် မဖြစ်ခင် ဘဝမှာ တခြား ဘာရည်ရွယ်ချက်တွေ ထားခဲ့ဖူးလဲ။
"ဒါက ကိုယ့်အမျိုးကို စောင့်ရှောက်ဖို့၊ ထိန်းသိမ်းဖို့။ ကိုယ့်ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့။ ဒါတွေကို အဓိကထားပြီးတော့ ဆိုတယ်။ ကျနော်တို့ ရခိုင်လူမျိုးတွေက တော်တော် လက်ခံကြတယ်။ တခြားလူမျိုးတွေနဲ့ မတူဘူး။ မတူဘူးဆိုတာက ကိုယ့်အမျိုးကို ပိုပြီး စိတ်ဝင် စားမှု ပိုရှိတယ်။"
“ကျနော်က သူတော်စင် ဖြစ်ချင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒုက္ခတရားတွေကို ကျနော် မကြိုက်ဘူး။ သန့်စင်တဲ့ အရာတွေကို ကြိုက်တယ်။ အမှားကင်းတဲ့လူ ဖြစ်ချင်တယ်။ ငြိမ်းချမ်းတဲ့လူ ဖြစ်ချင်တယ်။ အသိဉာဏ်၊ ပညာ ကြွယ်ဝတဲ့
လူဖြစ်ချင်တယ်။ ချမ်းသာတဲ့လူ မဖြစ်ချင်ဘူး။”
မြန်မာပြည် နိုင်ငံရေး၊ လူမှုရေးတွေနဲ့ ပတ်သက်ပြီး
ဘယ်လိုမြင်လဲ။ အထူးသဖြင့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေပေါ့နော်။
“ကျနော်တို့ ရခိုင်ပြည် အခြေအနေက အရင်အတိုင်းပဲ။ အရင်က မြင်ကွင်းမျိုးပဲ။ လောလောဆယ်တော့ ပြောင်းလဲ သွားတာမရှိသေးဘူး။ လုပ်နေလို့ ထင်ပါတယ်။”
နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘယ်လို အခန်းကဏ္ဍတွေမှာ ပါဝင်လှုပ်ရှားခဲ့ဖူးလဲ။
“ကျနော်က နိုင်ငံရေးတွေ ဘာမှ မပါဝင်ခဲ့ဘူး။ ကျနော်က သီချင်းပဲ ဆိုချင်တာ။ အဲဒီသီချင်းရေးရ၊ ဆိုရတာလောက်နှစ်သက်တာ ကျနော်ဘဝမှာ ဘာမှမရှိဘူး။”
အနာဂတ်မှာရော ဒီဂီတနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ရည်မှန်းချက်တွေ ရှိလဲ။
“ကျနော်လို့ လူမှုပတ်ဝန်းကျင် ဒီလောကမှာတော့ ကမ္ဘာအဆင့်အတန်းမီအောင်ထိ ဖြစ်ချင်တယ်။ သီချင်းရေးတာ၊ ဆိုတဲ့ဟာတွေ၊ Music အပိုင်းတွေမှာ အဆင့်အတန်းမြင့်တဲ့ လူတွေကို မွေးထုတ်ချင်တယ်။ ကျနော် ရည်ရွယ် ချက်ကတော့ အဲဒါလေးရှိတယ်။”
လက်ရှိကရော ဘာတွေ လုပ်နေလဲ။
“အခုလောလောဆယ် ရခိုင်ပြည်မှာ လုပ်ဆဲ စတိတ်ရှိုးတွေက အခုလောလောဆယ် နားလိုက်တယ်။ ပြည်ပကို ဒီတလပိုင်းမှာ မလေးရှားသွားဖို့ ရှိတယ်။ ရန်ကုန်မှာလည်း ရှိုးတွေနားထားတယ်။ ခွေတွေပဲ ထုတ်တယ်။ နားထားတယ်ဆိုတာက အခွေတွေ လုပ်နေရတယ်။ ရှိုးလုပ်တဲ့အခါ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ရှိနေလို့ အဆင်သိပ်မပြေလို့ အခုလောလောဆယ် နားထားတာပါ။”
ဒါနဲ့ တနေ့က ဘီဘီစီသတင်းဌာနက ရေးသားတဲ့ ရိုဟင်ဂျာနဲ့ဆိုင်တဲ့ သတင်းတပုဒ်နဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်ဆန္ဒပြဖို့ ကြိုးစားတဲ့အထဲမှာ ပါသေးတယ်လို့ သိရတယ်။ ဆန္ဒပြချင်ရတဲ့ အကြောင်း ပြောပြပါဦး။
“ကျနော်တို့က လုပ်တဲ့လူတွေကို သွားကြည့်တာ။ သွားပြီး အားပေးတာပါ။ ကျနော်တို့က နိုင်ငံရေးသမား မဟုတ်ဘူး။ ကျနော်တို့က သီချင်းဆိုတဲ့လူပဲ။ သီချင်းဆိုမယ်။ သီချင်းရေးတယ် ကျနော်တို့ အလုပ်ကဒါပဲ။ ဆန္ဒပြချင်တဲ့ အကြောင်းအရင်းကတော့ “အာရကန်” ဆိုတဲ့ စကားလုံးနဲ့ ဒီ“ရိုဟင်ဂျာ”ဆိုတဲ့ လူတွေက ရခိုင်ပြည်ကို သူတို့ ရိုဟင်ဂျာ တိုင်းပြည်လို ဖြစ်အောင် လုပ်နေတာပေါ့နော်။ ရခိုင်ပြည်ပေါက် လူတွေ ဖစ်အောင် သူတို့ လုပ်နေတာပေါ့။ အဲဒါက ဘင်္ဂါလီတွေပေါ့။ ဒီဘင်္ဂါလီတွေကက မြန်မာပြည် တိုင်းရင်းသား ဖြစ်အောင်၊ မြန်မာပြည်သား ဖြစ်ချင်တယ်။ သူတို့ကြိုးစား နေတယ်။ နိုင်ငံတော် အစိုးရကလည်း မြန်မာပြည်မှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာကို ကြေငြာထားတယ်။ အဲဒါကြောင့် အဲဒီ သတင်းထောက်တွေ၊ ဘီဘီစီကို ကန့်ကွက်တဲ့အနေနဲ့ သူတို့ ဆန္ဒပြမယ် ဆိုတဲ့ ပုံစံပေါ့။ ကျနော်က ဝဘ်ဆိုဒ် ကနေ သိရတာပါ။ ဒါကို သွားပြီး အားပေးတာပါ။ ကျနော်တို့က လှုပ်ရှားမှုထဲမှာ မပါပါဘူး။ ဘယ်လိုလှုပ်ရှားမှန်းတောင် မသိဘူး။ ဒါပေမဲ့ ကောင်းတယ်လေ။ ကျနော်က ကောင်းတဲ့အလုပ်ကို သွားကြည့် တာပါပဲ။”
ဆန္ဒပြပွဲမဖြစ်မြောက်တာ ဘာကြောင့်လို့ ထင်လဲ။
“မဖြစ်မြောက်တာက လုပ်မဲ့လူတွေ မရောက်လာဘူးလေ။ ကျနော်တို့က စိတ်ဝင်စားတဲ့ လူဆိုတော့ အရင်ရောက်နေပြီ။ လုပ်မဲ့လူက လူစုမမိလို့လား မသိဘူး။”
http://www.mizzimaburmese.com/interview/8619-2011-11-11-08-55-03.html
No comments:
Post a Comment