မှားနေသောနိုင်ငံရေးများနှင့် ထိုင်နေသော နေရာအမှားများ
အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မှတ်ပုံတင်မည်ကို ထောက်ခံသောသူတွေများ ရှိနေပြီဆိုလျှင် ပါးစပ်ကပြောနေ၍ မရ။ လက်တွေ့ ကျဖို့ လိုသည်။ အထူးသဖြင့် ခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးရန်လိုသည်ဟု မြင်သောသူများက မြင်သလို မြင်သည့်ထင်သည့်အတိုင်း ဆောင်ရွက်ကြဖို့ ဘဲ ရှိသည်။ ဦးစွာပြောချင်သည်မှာ ပြည်ပမှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို တိတိကျကျ ထောက်ခံပါသည်ဟု စတိတ်မန်းတွေ ထုတ်၍ ကြေညာသောအဖွဲ့ အစည်းများ ၊လူပုဂ္ဂိုလ်များကို ပြောချင်သည်။
သူတို့ က ထောက်ခံ လက်ခံပြီးမှ အဝေးက အသံကောင်းတွေ ဆက်လက် ပေးစရာ မလိုတော့။ မြန်မာနိုင်ငံရေးကို လက်တွေ့ ကျကျ ပူးပေါင်းလုပ်ဆောင်ရန် အနီးကပ်ရှိနေသင့်၍သာ သူတို့  ယခုလို ထောက်ခံ ကြေညာခြင်းဟု ယေဘူယျ သုံးသပ်မိသည်။ တချို့ မှာ အဖွဲ့ အစည်းတွေကိုပင် ပယ်ဖျက်လိုက်တော့ပြီ ။ ဥပမာ -NCGUB -လို အဖွဲ့ ကြီးမျိုး ။ သည်တော့ ပြည်ပရောက်အစိုးရအဖွဲ့ ကြီးပင် ဖျက်သိမ်းလိုက်ရပြီဆိုတော့ ကမ်ပိမ်းအဖွဲ့ တွေကလည်း ဖျက်သိမ်းလိုက်ကြရမည်သဘောဖြစ်ေ
ရွာဇတ်ထဲက အငြိမ့်ကချင်သော မင်းသမီးရူးလေးလို -ကျမကချင်သေးတယ်-ဆိုပြီး -ဆက်က၍ မရနိုင်တော့။ ဆက်ကနေလျှင် ဆွဲချမည့်သူများက အနားမှာ ရှိနေကြပြီ ။ ဆွဲ မချခင် ကိုယ့်အထုပ်ကလေး ကိုယ်ဆွဲပြီး သွားတော့ လို့  သာ ပြောရန်ရှိတော့သည်။ အခုတခေါက် ဒေါ်အောင်ဆန်းစုကြည်က သမတ ဦးသိန်းစိန်၏ စကားကို အငှားပြောရန်သာ ဖြစ်နေပြီ ။ ယင်းစကားမှာ ကျမကိုထောက်ခံသောသူများ ပြည်တော်သို့  လာခဲ့ ကြပါတော့ဟု ဆိုသော စကားသာဖြစ်မည် ။ အဘယ့်ကြောင့်ဆိုသော် သူတို့ ၏ နိုင်ငံရေးသိက္ခာကို ဒေါ်စုက အဖတ်ဆယ်ရန်သာရှိသည်။ မဟုတ်က လုံးလုံးသိက္ခာကျစရာတွေ ဖြစ်ရန်သာရှိသည်။ ပြောသံကြားသည်မှာ ပြည်ပမီဒီယာအသံလွှင့်ဋ္ဌါနတွေကလည်း ပျောက်ပျက်သွားနိုင်စရာတွေ ဖြစ်နေသည်ဟု ကြားရသည်။ မီဒီယာတွေကလည်း မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီနှင့် လူ့  အခွင့်အရေးမရှိ၍ ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်
သို့ အတူ ပြည်တွင်းမှာ အသွင်မတူ အတွေးမတူသော -၉၀-ခုနှစ်ရွေးကောက်ပွဲ အနိုင်ရခဲ့ သော တိုင်းရင်းသားပါတီများမှာ ချီတုံချတုံဖြစ်နေစရာလည်း အကြောင်းမရှိနိုင် ။ သူတို့ ၏ ခေါင်းဆောင်များ မလွပ်မြောက်သေး၍ ၊ သူတို့  တိုင်းရင်းသား အခွင့်အရေးများ ရပိုင်ခွင့် ဆုံးရုံးနေရ၍ ၊ ပြည်တွင်းစစ်ဖြစ်ပွါးနေရ၍ -၍-ပေါင်းများစွာဖြင့် ရှိနေသေးသည်ကို အသိအမှတ်ပြုထားရာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ဟု ပြတ်ပြတ်ကြေညာလိုက်ရတော့မည်ဖြစ်
နောက်တချက်မှာ ယခုအချိန်တွင် အောင်ဆန်းစုကြည့်ကို ၀န်းရံပေးဖို့  ပြည်ပက ထောက်ခံသောသူများက အမြန်ဆုံး သွားရောက်ကြရမည်မှာ သူတို့ ၏ စိတ်ဆန္ဒကို လေးစား၍ ပြောဆိုရခြင်းကြောင့်ဖြစ်သည်။ သမတဦးသိန်းစိန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီ -အာဆီယံအစိည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ ဆုံဆွေးနွေးခဲ့ ရာတွင် အချက်နှစ်ချက်ကို ဆွေးနွေးတင်ပြခဲ့ ကြောင်း ။ယင်းမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး
နိုင်ငံတကာ၏ အကျိုးတူ လုပ်ငန်းစဉ်များအတွက် သံတမန်များကို ထားရှိခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကြောင့်ဖြစ်
ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က နိုင်ငံရေးပါတီအဖြစ်  မှတ်ပုံတင်ပြီဆိုသည်နှင့် ထောက်ခံသော ပြည်ပရောက် အတိုက်အခံအင်အားစုများမှာ  အနီးကပ် ၀ိုင်းရံသွားဖို့  ဘဲ ရှိတော့သည်။ 
တချိန်တည်းမှာပင် ပြည်တွင်းရှိ နိုင်ငံရေးအဖွဲ့ အစည်းများက အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် လက်ပွန်းတတီးနေခဲ့ သော တိုင်းရင်းသား နိုင်ငံရေးပါတီများဖြစ်သည့် -၉၀-ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီများမှာ မှတ်ပုံတင်ရန် မဆုံးဖြတ်သေးဟု ဆိုနေကြသေးသည်။ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံတင်ပါမည်ဟု ဆိုခါမှ မည်သည့်အတွက်ကြောင့် ချီးများနေကြသနည်း မပြောတတ်တော့ ။ သူတို့ ပင်လျှင် လူထုခေါင်းဆောင်ပါဟု ထာဝစဉ်ပြောနေနေသော ဒေါ်အောင်ဆန်းစုကြည့်၏ ဦးဆောင်မှုကို သည်တခါ လက်မခံဘဲ ဆိုင်းငံ့နေခြင်းအားဖြင့် နိုင်ငံရေးပြသနာတွေမှာ တခုခုတော့ လွှဲနေပြီဟု ထင်ရသည်။ ပြည့်ပကလူတွေက လက်မခံ ကန့် ကွက်သည်ဟု ဆိုလျင် သဘာဝကျနေပါသေးသည်။ ယခုက တချိန်လုံး ထောက်ခံအားပေး လိုက်နာအတူတွဲ ထိုင်နေကြရှာသော တိုင်းရင်းသားလူမျိုးများပါတီ
လွှတ်တော်ထဲကို ရောက်သွားမည့်  အမျိုးသားဒီမိုကရေစီချုပ်အဖွဲ့ ချုပ်မှာ နိုင်ငံရေးအကျဉ်းသား  အတွက်သော်၎င်း၊ ယုံကြည့်ချက်ကြောင့်သော်၎င်း မည်သို့ မျှ ယင်းနှင့်  ဆက်စပ်သော ဝေါဟရမျိုးဖြင့် လွပ်မြောက်ရေးကို ပြုလုပ်၍ရမည်မဟုတ်။  ကံကောင်းလို့  လွပ်မြောက်လာသည့် သူများပင်လျှင် မည်သည့်ကျေးဇူးဥပကာရကြောင့်  လွပ်မြောက်လာသည်ဟု ပြောဆိုရန် ကျေးဇူးရှင်ကို ရှာဖွေရခက်နေအုံးမည်ဖြစ်သည်။  ထို့ ကြောင့် တခုခုတော့ စဉ်းစားရန်သာရှိသည်။ ပြည်တွင်းက -၈၈-  မျိုးဆက်သစ်တွေက ထောင်ထဲက လူတွေကို လွပ်အောင် တိုက်ပွဲကို ဆက်လက်  အကောင်အထည့် ဖေါ်မည်လား ။ မျိုးဆက်သစ် လူငယ်တွေမို့  အန္တရယ်ကို သူတို့ က  ခါးစည်းခံနိုင်ကြသောသူများဖြစ်
နောက်တချက်မှာ ယခုအချိန်တွင် အောင်ဆန်းစုကြည့်ကို ၀န်းရံပေးဖို့  ပြည်ပက ထောက်ခံသောသူများက အမြန်ဆုံး သွားရောက်ကြရမည်မှာ သူတို့ ၏ စိတ်ဆန္ဒကို လေးစား၍ ပြောဆိုရခြင်းကြောင့်ဖြစ်သည်။ သမတဦးသိန်းစိန်က အင်ဒိုနီးရှားနိုင်ငံ ဘာလီ -အာဆီယံအစိည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ ဆုံဆွေးနွေးခဲ့ ရာတွင် အချက်နှစ်ချက်ကို ဆွေးနွေးတင်ပြခဲ့ ကြောင်း ။ယင်းမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး
နိုင်ငံတကာ၏ အကျိုးတူ လုပ်ငန်းစဉ်များအတွက် သံတမန်များကို ထားရှိခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကြောင့်ဖြစ်
ခိုင်အောင်ကျော် ( နယူးယောက် )
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment