Tuesday, November 8, 2011

ကျောက်နီမော်တိုက်နယ် တောင်ပိုင်းရပ်ကွက် ကုလားစု၌ နိုဝင်ဘာလ(၁)ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့် တွင် မီးလောင်ကျွမ်း မှုဖြစ်ပွါး။

ပြည်တွင်းမှ ရရှိသော သတင်း
ကျောက်နီမော်တိုက်နယ် တောင်ပိုင်းရပ်ကွက် ကုလားစု၌ နိုဝင်ဘာလ(၁)ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့် တွင် မီးလောင်ကျွမ်း မှုဖြစ်ပွါး။
ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ် တောင်ပိုင်းရပ်ကွက် ကုလားစုတွင် နိုဝင်ဘာလ (၁)ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တိုက်ခံအိမ် (၄) လုံးအပါအ၀င် အိမ်ခြေ (၉၂) အိမ် နှင့် ရခိုင်စုမှ ငါးအ၀ယ်ဒိုင်တစ်လုံးပါ မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

ကျောက်နီမော် တောင်ပိုင်းရပ်ကွက် ကုလားစု၊ အရှေ့တောင်ဘက်ခြမ်း၊ ရတနာလမ်းနေ (မ------)သည် ရွှေပုဇွန်ခြောက်လုပ်ရန် ပုဇွန်အိုးပြုတ်ထားခဲ့ပြီး ဗီဒီယို ကြည့်နေစဉ် မီးဖိုချောင်မှ မီးလောင်ကျွမ်းခြင်းဖြစ် ကြောင်းသိရသည်။


အဆိုပါ မီးလောင်မှုမှာ နိုဝင်ဘာလ(၁)ရက် ည (၁၁) နာရီမှ စတင်လောင်ကျွမ်းခဲ့ပြီး နိုဝင်ဘာလ (၂)ရက်နေ့ ညဥ့်သန်းခေါင်ကျော် (၃)နာရီ ခွဲ အချိန်မှသာ မီးလောင်မှုရပ်တန့်သွားပြီး ၄င်းရပ်ကွက်နေထိုင်သူ အများစုမှာ မူဆလင်ဘာသာဝင်များဖြစ်ပြီး လူနေအိမ်များထူထပ်သည့် အတွက် မီးလောင်ကျွမ်းမှု အချိန်ကြာမြင့်ခဲ့ ခြင်းဖြစ်ကြောင်းဒေသခံတဦးမှ ပြောသည်။

မီးလောင်မှုဖြစ်ပွားနေစဉ် အနီးပတ်ဝန်းကျင်မှ ရပ်ကွက်သူ ရပ်ကွက်သားများ ရောက်လာကြပြီး အနီးဆုံး နေရာဖြစ်သည့် ပင်လယ်ကမ်းခြေမှ ရေများကိုရေစုပ်စက်များဖြင့် စုပ်တင်ကာ ရရာ ပစ္စည်းများဖြင့် ၀ိုင်းဝန်း ငြီမ်းသတခဲ့ကြသော်လည်း လေတိုက်နှုန်း အနည်းငယ်ပြင်းထန်နေသည့်အတွက် မီးလောင်ကျွမ်း သည့် အချိန်ပိုမိုကြာမြင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါမီးလောင်ကျွမ်းခဲ့သည့်အိမ်များတွင်နေထိုင်သည့်လူဦးရေကို စာရင်းကောက်ယူနေပြီး ယခုအခါ ယာယီ နေထိုင်ရန် အတွက် နေရာထိုင်ခင်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းမှ စီစဉ်ဆောင်ရွက် နေကြောင်း သိရှိရပါသည်။


ရမ်းဗြဲမြို့နှင့် ၂၄ မိုင်အကွာ ကျောက်နီမော်တိုက်နယ်မှ စံပြ၊ ရခိုင်စု ၊ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ ရွာသာယာ ၊ကျောက်ထရန်၊ ရွှေပြည်သာ၊ စသည့်ရပ်ကွက်များတွင် ယခင် ၁၉၉၇ ခု၊ နှစ်က တစ်ကြိမ် လောင်ကျွမ်းခဲ့ပြီး လူနေအိမ်ခြေအများအပြားဆုံးရှုံးပျက်စီးခဲ့ကြောင်း ကျောက်နီမော်တိုက်နယ် ရခိုင်စုနေသူ တဦးမှပြောပြပါသည်။


လက်ရှိအခြေအနေမှာ ကျောက်ဖြူမြို့၊ ရမ်ဗြဲမြို့မှ ဌာနဆိုင်ရာအဖွဲ့အစည်းများ ရောက်ရှိနေပြီး မီးဘေးအန္တ ရာယ် ကြုံတွေ့နေရသူများအား ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်

No comments:

Post a Comment