Wednesday, November 30, 2011

ဟီလာရီ ကလင်တန် နယ်ပြည်တော်သို့ ရောက်ရှိ


ဂစ္ဆပသတင်းဋ္ဌာန
ဒီဇင်္ဘာလ (၁)ရက်၊ ၂၀၁၁၊ ရခိုင်စံတော်ချိန် နံက် (၁)နာရီ။

ဟီလာရီ ကလင်တန် နယ်ပြည်တော်သို့ ရောက်ရှိ

အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေးရာဝန်ကြီး ဟီလာရီ ကလင်တန်သည် စစ်အုပ်စု အဖွဲ့ခေါင်းဆောင် ဦးသိန်းစိန်နှင့် ထိပ်တန်း အရာရှိများနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံရန် နိုဝင်္ဘာလ (၃၀)ရက်နေ့က နယ်ပြည်တော်သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ဟီလာရီ ကလင်တန်သည် စစ်အုပ်စုအဖွဲ့ ခေါင်းဆောင် ဦးသိန်းစိန် နေအိမ်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးရာ ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်းနှင့် ထိပ်တန်းအရာရှိများအား ယနေ့ (ဒီဇင်္ဘာလ ၁ ရက်)တွင် တွေ့ဆုံသွား မည်ဖြစ်ကြောင်းနှင့် ဆက်တိုက်နယ်ပြည်တော်တွင် သတင်းစာရှင်းလင်းပွဲ နေ့လည်ပိုင်းတွင် ပြုလုပ်သွားဖွယ်ရှိကြောင်း ပြန်ကြားရေးရာ ၀န်ကြီးဋ္ဌာနမှ ပြောသည်။

ဟီလာရီမှာ နယ်ပြည်တော်မှ ရန်ကုန်မြို့သို့ ညနေပိုင်းတွင် လာရောက်မည်ဖြစ်ကာ ရွှေတီဂုံဘုရားသို့ လှည့်လည်သွားရောက်မည်ဖြစ်ပြီး ဒီဇင်္ဘာလ (၂)ရက်နေ့တွင် ဒေါ်စုအောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နယ်ပြည်တော်တွင် ဟီလာရီ ရောက်ရှိလာချိန်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် လုံခြုံရေးများ အထူးတင်းကြပ်ထားကြောင်းနှင့် ဟိုတယ် ဇုန်နားရှိ စားသောက်ဆိုင်အချို့ကို ညနေ (၆)နာရီနောက်ဆုံးထားပိတ်ရန် သက်ဆိုင်ရာမှ အထူးညွှန်ကြားထားသည်ဟု သိရှိရသည်။

ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းမှာ အမေရိကန် ပြည်ထောင်စုဟူသော စာတမ်းတံဆိပ်ပါ 8002 လေယဉ်ဖြင့် ညနေ (၄း ၃၀)နာရီတွင် ရောက်ရှိလာကြောင်း ပြည်တွင်းသတင်းများကဆိုသည်။  

မြန်မာပြည်သူလူထုများ အနေဖြင့် ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိလာမှုနောက်ပိုင်း မည်သို့အခြေအနေများ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်လာမည်ကို  အထူးမျှော်လင့်လျှက်ရှိကြောင်း ပြည်တွင်းသတင်းများကဆိုသည်။  

No comments:

Post a Comment