ယနေ့မြန်မာ့နိုင်ငံရေးနှင့်လတ် တလောဖြေရှင်းစရာများ။
နိုင်ငံရေးဟူသည်မှာပြည်သူများေ န့တဓူဝခံစားနေရသော အခက်အခဲများ၊ အဆင်မပြေမှုများ၊ ဥပဒေမဲ့ကြီးနိုင်ငယ်ညှဉ်းဖြစ်ေ နမှုများစသည်စသည်များကို သူ့နည်း သူ့ဟန်ဖြင့်ဖြေရှင်းရန်ကြိုးစား ခြင်းကိုခေါ်ပေသည်။ဤသို့အဆင်မြေ ပမှုများ၊လူ့အဖွဲ့အစည်း အတွင်းဦးနင်းပဲ့ထောင်၊ပဲ့နင်း ဦးထောင်ဖြစ်နေမှုများကို ယင်းလူ့ဘောင်အဖွဲ့ အစည်းအား ကြိုးကိုင်အုပ်ချုပ်မှု( Governing) လုပ်နေသူများကို ယင်းတို့၏ နေရာများ မှ ဖယ် ရှားရန်ကြိုးစားခြင်းသည် လည်းနိုင်ငံရေးပင်ဖြစ်ပေသည်။
(ဓညမင်းစံ-ဥပဒေ) ရက်စွဲ ၀၂-၁၁-၂၀၁၁
နိုင်ငံရေးဟူသည်မှာပြည်သူများေ
ကြိုးကိုင်အုပ်ချုပ်မှုလုပ်နေသူ များကို ဖယ်ရှားရန်ကြိုးစားမှုတွင် အပိုင်းနှစ်ပိုင်းရှိပေသည်။
(က)။ အကြမ်းဖက်သောနည်းဖြင့်ကြိုးစာြး ခင်း၊ (Violent Means)
(ခ) အကြမ်းမဖက်သောနည်းဖြင့်ကြိုးစား ခြင်း၊(Non-Violent Means)
အားလုံးသိပြီးဖြစ်ကြသည့် အတိုင်း နံပါဒ်(က)နည်းသည်အသက်သွေးနှင့် ဘ၀ ကိုအကြမ်းတမ်း ဆုံးနည်းဖြင့် ပေးဆပ်ရသည့်နည်းဖြစ်၍ ရှောင်ကြည်သင့်သည့်နည်းဖြစ် သည်။ ကိုလိုနီခေတ်ဦး/နှောင်း(၀ါ) လွတ်လပ်ရေးအကြိုကာလများသည် သိန်းပေါင်းများစွာသော ပြည်သူများ၏အသက်အိုးအိမ် စည်းစိမ်များ ကို ပေး ဆပ် ခဲ့ရသည့်ကာလများဖြစ်ခဲ့ပေသည်။သို့သော်လည်း အကြမ်းမဖက်နည်းဖြစ်သော ၁၉၄၆-ခု ရွှေတိဂုံ အလယ်ပစ္စယံညီလာခံ၏တောင်းချက်သည် လည်းကောင်း၊၁၉၄၇-ခုပင်လုံ ကွန်ဖရင့်သဘောတူညီသည်လည်းကောင်း မြန်မာ့လွတ်လပ်ရေးကိုရရှိစေသည့် အကြမ်းမဖက်တိုက်ပွဲဝင်အောင်မြင် ခဲ့သောနည်းဖြစ်သည်ကိုသိရှိနိုင် ပေသည်။
ယနေ့ အချိန်အခါသည်ဒုတိယမြန်မာနိုင်ငံ လွတ်လပ်ရေးကို ၂၀၀၈-ခုဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော စစ်အာဏာရှင်များ၏၈၀% သြဇာ သက်ရောက်မှုရှိသောာ ဥပဒေပြုပါလီမန်မှပြဌာန်းထားသော ဥပဒေအသီးသီး၏ အကာအကွယ်ကို ယူပြီးဆောင်ရွက်ရမည့် အခါသမယဖြစ်ပေသည်။သို့သော်လည်း ယနေ့အနုနည်းတိုက်ပွဲသဏ္ဍန်သည် လက်ရှိနိုင်တော်၏အချုပ်အချာအာဏာ ကို လက်ကိုင်ထားသော လူအုပ်စုတစုကိုဖယ်ရှားစေသည့်တို က်ပွဲသဏ္ဍန်မဟုတ်ပေ။ဥပဒေ၏ ခွင့်ပြုချက်ဘောင်အတွင်းက ကောင်းမွန်သော အုပ်ချုပ်မှု (Good Governing) အဆင့်သို့ ရောက်ရှိအောင်ဆောင်ရွက်ရမည့် သိမ်မွေ့ညင်သာသောတိုက်ပွဲသဏ္ဍန်ြ ဖစ်ပေသည်။သို့ ဆိုလျှင်(Good Governing)အဆင့်သို့ရောက်လာအော င်မည်သို့ဆောင်ရွက်ရမည်နည်းဆို သော မေးခွန်းပေါ်ပေါက်လာပေသည်။(Good Governing)အဆင့်သို့ရောက်ရန်ပထမ ဥပဒေကအုပ်ချုပ်သော စနစ်(Rule of Law) ဖြစ်ရန်လိုသည်။ ထိုဥပဒေကအုပ်ချုပ် စနစ်ကိုရောက်ရှိရန် ၂၀၀၈-ခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ စစ်အုပ်ချုပ်ရေး ကို အားပေးသော ပြဌာန်းချက်များကို ပါလီမန်တွင်အကြေအလည်ငြင်းခုံဆွေးနွေးရန်လို သည်။ဤလုပ်ငန်းစဉ်(Process)မျိုး သည်နေ့ချင်းညချင်းအလွယ်တကူဖြစ် လာမည့် လုပ်ငန်း စဉ်မဟုတ်ပေ။အထိုင်းအတာတခုထိ အချိန်လိုသည်။ စိတ်ရှည်ဇွဲကောင်းဖို့ လိုသည်။၂၀၀၈-ခု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဥပဒေ ရှုထောင့် ကြည့်လျှင် ပြုပြင်ပြောင်းလဲရန်ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖစ်နေသည်ကိုတွေ့ရသည်။ အဘယ်ကြောင့် ဆိုသော် ဤအခြေခံဥပဒေသည်ပါလီမာန်က အတည်ပြုပြဌာန်းသော ဥပဒေမဟုတ်ပဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့်ြ ပုလုပ်ထားသောဥပဒေဖြစ်သည့်အတွက် ကြောင့် ဤအခြေခံဥပဒေကို ပါလီမာန်အတွင်း ပြုပြင်ပြောင်းလဲရန် မလွယ်ကူပေ။ တရားမျှတသော၊ ထင်သာမြင်သာရှိသော ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲဖြင်သာ ပြုပြင်ပြောင်းလဲနိုင်ပေမည်။သို့ သော်လည်း ကျွန်ုပ်တို့ပြည် သူများ၏ဆန္ဒပြတောင်းဆိုတိုက်ပွဲ ၀င်ခဲ့မှုကြောင့် နယ်ပယ်အားလုံးတွင် ရာခိုင်နှုန်းပြည့် စည်းနှောင်အား တင်းံကြပ်ထာသော စစ်အာဏာရှင်အုပ်ချုပ်ရေးကို ငုတ်သွားအောင်(၀ါ) ထင်ထင်ပေါ်ပေါ် မကပြနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပေသည်။တနည်း အားဖြင့်ဆိုရလျှင် ရခိုင်နှုန်းပြည့်စစ်အုပ်ချုပ်ေ ရးကို ၈၀% ထိကျဆင်းစေခဲ့သည်။ယင်း၂၀%နေရာတွ င် ကြံ့ဖွံ့ ပါတီဝင်မဟုတ်သော အခြားနိုင်ငံရေးပါတီများမှပြည်သူ့လ္မတ်တော်ကိုယ်စားလှယ်များဖြင့်အစားထိုးနေရာ ယူနိုင်ခဲ့သည်။ဤသည် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ၏အာရုံဦးဖက်သို့ရွေ့ လျှားလာနိုင် သည် ဟုသုံးသပ်ရပေမည်။သို့သော်မြန်မာ့ နိုင်ငံရေးပွေလိမ်ရှုပ်ထွေးမှု များကားဆက်လက်ရှိနေပေသေးသည်။
ထို့ ကြောင့် ယနေ့ဗမာပြည်၏နိုင်ငံရေးကိုဆန်း စစ်လျှင်ယင်းသည်မြန်မာ့နိုင်ငံေ ရးသည် ဘက်ပေါင်းစုံတွင်
”အမေဘုတ်ချဉ်ခင်”နှယ်အလွန်ရှုပ် ထွေးနေပေသည်။ ယင်းအရှုပ်အထွေးကိုစစ်တမ်းကောက် ရလျှင်အောက်ပါအတိုင်းတွေ့ရသည်။
(က)။ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးအပါအ၀င်
ကျွန်ုပ်တို့၏တိုင်းရင်းသားခေါ င်းဆောင်များ၊
”၈၈”မျိုးဆက်ခေါင်းဆောင်ကိုမင်း ကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊NLD အပါအ၀င်နိုင်ငံရေးပါတီအသီးသီးမှ အဖမ်းဆီး အထိန်းသိမ်းခံ နိုင်ငံရေးသမားများ၊တသီးပုဂ္ဂလနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ များ ပါဝင်သည့် နိုင်ငံရေး အကျဉ်းသားများ ကိုအထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မပေးနိုင်သေးခြင်း(၀ါ)ပေးရန် အခက်အခဲတွေ့နေခြင်း၊
(ခ)။ကချင်နှင့် ကရင်လက်နက်ကိုင် တော်လှန်ရေးသမားများကို ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးစားပွဲသို့မဟုတ် စေ့စပ်ဆွေး နွေးရေးစားပွဲတွင် ထိုင်ရန်အဆင်သင့် မဖြစ်နိုင်သေးခြင်း၊ထိုသို့မြ ဖစ်နိုင်အောင်လည်း တဖက် မှတမင်အချိန်ဆွဲထားခြင်း၊
(ဂ)ထိုးစစ်ဆင်ရာဒေသများ မှ အပြစ်မဲ့ပြည်သူများကို တပ်မတော်မှ ရက်ရက်စက်စက်သတ်ဖြတ်၊တိုင်းရင်း သူအမျိုးသမီးများအား မတော်မတရားပြုကျင့်နေမှုများဆက် လက်ရှိနေသေးခြင်း၊
(ဃ)။စစ်အစိုးရလက်ထက် တပ်မတော်မှ လျော်ကြေးမဲ့သိမ်းပိုက်ထားသော လယ်ယာမြေများကို မူလပိုင်ရှင်များလက်သို့ ပြန်လည်မပေးအပ်နိုင်သေးခြင်း၊
(င)။ယခင်စစ်အစိုးရလက်ထက်ကပင်အေ မရိကန်နှင့်အနောက်ဥရောပနိုင်ငံ များ ကမြန်မာနိုင်ငံအပေါ် (Economic-Sanction) ဟုခေါ်သည့် စီးပွါးရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများဆက် လက်ရှိနေသေးခြင်း၊
(စ)။ပြည်နယ် /တိုင်းများအတွင်းမှတောင်သူလယ် သမားများ၏ဘိုးဘွားပိုင်လယ်မြေများ၊
တောင်ယာများကို တပ်မတော်မှဆက်လက်မတရားထိန်းသိမ်းထားနေနိုင် သေးခြင်း၊
(ဆ) ။ အာဏာရအစိုးရအဆက်ဆက်မဖြေရှင်းနို င်ခဲ့သည့် (၀ါ)ဖြေရှင်းရန်တမင်ပျက် ကွက် ခဲ့သည့် တိုင်းရင်းသားများ၏ကိုယ်ပိုင်ြ ပဌာန်းခွင့် နှင့်နိုင်ငံရေးအရ တန်းတူညီမျှ ရေးပြဿနာများ။
(ဇ)။ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီလူမျိုးများ၏ ပြဿနာသည် လက်ရှိပြည် ထောင် စု အစိုးရအဖွဲ့ မှဖြေရှင်းရမည့်အမျိုးသား စိန်ခေါ်မှုကြီးတရပ်ဖြစ်နေခြင်း။
(စ်)။စာပေလွတ်လပ်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်များ သည် စာပေစိစစ်ရေးနှင့် သတင်းဆင်ဆာ အောက်တွင်ဆက်လက်ရှိနေသေးခြင်း။
စသည်စသည်တို့သည် လက်ရှိမြန်မာနိုင်ငံ၏အမေဘုတ်ချ ဉ်ခင်များဖြစ်ပေသည်။ ဤပြဿနာများ၏အဖြေကိုလက်ရှိအစိုး ရတဖွဲ့တည်း အနေဖြင့် ဖြေရှင်း၍ရမည့် အရာမဟုတ်သည်မှာသေချာပေသည်။ဤပြဿ နာများကို ပြည်သူများ၊စစ်မှန်သော ပြည်သူ့ကိုယ်စားလှယ်များက ဒူးနေရာဒူး၊ တော်နေရာတော် ၀ိုင်းဝန်းပါဝင်ဖြေရှင်းနိုင် ရန်နိုင်ငံသူ နိုင်ငံသားတိုင်းတွင်တာဝန်ရှို ပေသည်။အစိုးရနှင့် အတိုက်အခံများအကြားတဦးကိုတဦး လက်ညှိုးထိုး အပြစ်ပြောနေမည့် အစားကျွန်ုပ်တို့ပြည်သူတရပ်လုံး ရင်စည်းခံစားနေရသော ယနေ့အထွေထွေအကြပ်အတည်းပြဿနာကို အစိုးရနှင့်ပြည်သူဝိုင်းဝန်းအြေ ဖရှာရန် အလွန်အမင်းအရေးကြီးပေသည်။
သာဓကအားဖြင့် လက်ရှိအခြေအနေတွင် မြန်မာ့အတိုက် အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည် ပေးဆပ်မှုများစွာဖြင့် လက်ရှိအစိုးရနှင့် ပူး ပေါင်းဆောင်ရွက် ပြီးနိုင်ငံ၏သော့ချက်ပြဿနာများ ကိုလိုက်လံဖြေရှင်းနေသည် ကို အား လုံးသိရှိကြမည်ဖြစ်ပေသည်။ သူမ၏မဆုတ်မနစ်သောဇွဲဖြင့်နိုင် ငံတော်နှင့်ပူးပေါင်းဆောင် ရွက်နေမှုသည်ပြဿနာအားလုံးကို တထိုင်တည်းဖြင့်ပြီးမည်ကားမဟုတ် ပေ။ သို့သော် လည်း နိုင်သည့်ဖက်မှတာဝန်ထမ်းဆောင်ြ ခင်းဖြင့် နိုင်ငံ၏သော့ချက်ပြဿနာများကို ဖြေ ရှင်းရန်လမ်းစတွေ့မြင်သွားမည်မှာသေချာပေသည်။ သူမ၏စွမ်းဆောင်မှုကြောင့် လက်ရှိ ဥပဒေပြုပါလီမန်မှနိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ချက်များပြုလုပ်ပေးရေ ပသည်။ ဤအကျိုးဆက်ကြောင့် NLDသည် တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင်ေ ပ်ါပေါက်လာနိုင်ပေသည်။ ထိုသို့ပေါ်ပေါက်လာမည် ဆိုပါက ဦးတင်ဦးနှင့် ဒေါ်စုအပါအ၀င် NLDခေါင်းဆောင်များအနေဖြင့်ငြိ မ်းချမ်းရေှးနှင့်ဒီမိုကရေစီ ရေး လူ့အခွင့်အရေးတို့အတွက် သဘောထားကြီးမှု၊ စိတ်ရှည်မှု၊ ပေးဆပ်မှု တို့ကို ပြည်သူများက ၀မ်းပန်းတသာကြိုဆိုလာကြမည်ဖြစ်ေ ပသည်။ အလားတူပင်လျှင်ယခုတလော SSAတောင်ပိုင်းမှအပစ်အခတ်ရပ်စဲ နိုင်ရန်သမတဦးသိန်းစိန်အစိုး ရအားကမ်းလှမ်း နေမှုသည်ရှမ်းကုန်းမြင့်အတွင်း သွေးထွက်သံယိုမှုများကို အဆုံးသတ်စေမည့် အလွန်အမြော်အမြင်ကြီးသော ၊အလွန်အမင်းလိုအပ်နေသော ခြေလှမ်းသစ်တခုစတော့မည်ဟုမျှော် လင့်ရပေသည်။သမတကြီးဦးသိန်းစိန် အစိုးရဘက်မှလညး အပြုသဘောဖြင့် SSA တောင်ပိုင်း၏တောင်းဆိုမှု ကို အချိမဆွဲပဲ တုန့်ပြန်ရန် အလွန်အမင်းအရေးကြီးပေသည်။
ယခုတလော DKBA ခေါင်းများ အပစ်အခတ်ရပ်စဲရေးအတွက်ဒေသဆိုင် ရာ အစိုးရအဖွဲ့များနှင့် စေ့စပ်ဆွေးနွေးရန်အပြုသဘောဆော်ြ ကိုးပမ်းနေမှုများကိုတွေ့ရသည်။ လက်ရှိအစိုးရအနေဖြင့် အကယ်၍ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးကို မြတ်နိုးသည်ဆိုလျှင် ဤအခွင့်အရေးကိုလက်လွတ်မခံသင့်ေ ပ။
ထို့အတူ KNU နှင့် အစိုးရအ ကြား တွေ့ဆုံရန်ကြိုးစားနေမှုများကို လည်းကြိုဆိုရမည်ဖြစ်ပေသည်။ ဤအပိုင်းတွင် အစိုးရဖက်မှ အပစ်အခတ် ရပ်စဲလျှင်ပြီးရော့ဆိုသည့် စတိသဘော ဆွေးနွေးရန် အာရုံစိုက်ခြင်းထက် နိုင်ငံရေးအနှစ်သာရပါသည့် ဆွေးနွေးမှုမျိုးဖြင့် KNU ၏ကမ်းလှမ်းမှုကိုကြိုဆိုသင့်ေ ပသည်။သို့မှသာ ကယင်ဒေသအတွင်း သွေးထွက်သံယိုဖြစ်မှုကိုအဆုံး သတ်ပြီး သွေးများဖြင့် ချင်းချင်းနီနေသော ဒေါနသည် ပြည်ထောင်စုလုံခြုံရေးအတွက် မဟာတံတိုင်းကြီးဖြစ်လာပေလိမ္မည် ။
KIOနှင့်အစိုးရအကြားကြီးမားသော လက်နက်ကိုင်တိုက်ပွဲများဖြစ်ေ နမှုကိုအဆုံးသတ်နိုင်ရေးသည်ုနှစ် ဖက် ခေါင်းဆောင်များ သဘောကြီးကြီး ညှိနှိုင်းဆွေးနွေးအဖြေရှာမှုတွ င်မူတည်နေပေသည်။အထူးသဖြင့် ဤကိစ္စ၏အဖြေသည် အစိုးရဘက်ခေါင်းဆောင်များ၏သဘြော ကီးမားမှုနှင့် တိုက်ရိုက် အချိုးကျပေသည်။သို့အတွက်ကြောင့် မဝေးတော့သည့်ကာလတွင် မြန်မာနိုင်ငံသားများဖြစ်ကြသည့် အပြစ်မဲ့ကချင်ပြည်သူများသွေးထွ က်သံယိုဖြစ်မှုမှ ကင်းဝေးပြီးနေရပ်ရင်းကိုပြန်လာ နိုင်လိမ္မည်မှာသေချာပေလိမ္မည်။
မွန်ဒေသအတွင်းမွန်ပြည်သူများအေး ချမ်းစွာနေထိုင်နိုင်ခြင်းသည်မွ န်ခေါင်းဆောင်များ အမြော်အမြင်ကြီးမားမှုကြောင့်ြ ဖစ်ပေသည်။
ကရင်နီပြည်အတွင်း ကြိုကြား ကြိုကြား လက်နက်တိုက်ပွဲဖြစ်နေမှုကိုလည်း အစိုးရဖက်မှသက်ဆိုင်ရာအစိုးရတာ ၀န်ရှိ ပုဂ္ဂိုလ် များနှင့် KNPP မှတာဝန်ရှိပုဂ္ဂိုလ်များအပြုသဘော ဆောင်ပြီးနိုင်ငံရေးအရအနှစ် သာရရှိသော အပြုသဘောဆောင်သော ညှိနှိုင်းဆွေးနွေးအဖြေရှာ ခြင်းဖြင့် အဆုံးသတ် နိုင်မည်ဖြစ်ပေသည်။
ချင်းတောင်တန်းဒေသအတွင်းချင်ြး ပည်သူတို့၏လူ့အခွင့်အရေးအချိုးေ ဖါက်ခံရမှုများကိုဒေသတွင်းမှခေါ င်းဆောင်များနှင့် နိုင်ငံတကာရောက်ခေါင်းများဟန်ချ က်ညီညီပူးပေါင်း ဆောင်ရွက်မှုကြောင့်ချင်းပြည် နယ်အတွင်းလူ့အခွင့်အရေးချိုးဖေါ က်မှုများ ယခင်ကလောက် မဆိုးရွားဟုဆိုသော်လည်းဆက်လက် ရှိနေသေးသည်ဟုသိရသည်။အစိုးရအနြေ ဖင့် တိုင်းရင်းသား ဒေသအသီးသီးတွင် တပ်မတော်၏ဆက်လက်လူ့အခွင့်အရေး ချိုးဖောက်နေမှုများအမြန်ဆုံး အဆုံးသတ်နိုင်ရေးကို ပထမနှင့် အဓိက ဦးစားပေးလုပ်ငန်းတရပ်အနေဖြင့် ဆောင်ရွက်သင့်ပေသည်။ှ
ရခိုင်ဒေသအတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတစုံ တရာမရှိသော်လည်း လက်နက်ကိုင်တိုက်ပွဲများမရြှိ ခင်းသည်ရခိုင်ပြည်ကိုသီးခြား သမတနိုင်ငံထူထောင် ရန်လက်နက်ကိုင်တိုက်ပွဲဝင်နေသော ရခိုင်နိုင်ငံရေးပါတီများ၏ဒေသခံ ရခိုင်ပြည်သူများသွေးထွက်သံယို မှု၊ ညှဉ်းပန်းနှိပ်စက်မှု မခံရလေအောင် ဒေသတွင်း လက်နက်ကိုင်တိုက်ပွဲကိုရှောင်ရှားနေကြခြင့်းကြောင့်လော့ ဟုအကောင်းဘက်မှရှုမြင်သုံးသပ်ရေ ပသည်။ှရခိုင်ဒေသ၏ဥပဒေတွင်းလှုပ် ရှားမှုကိုပြန်ကြည့်လျှင် ၂၀၁၀-ရွေးကောက်ပွဲတွင် ပြည်သူများ(Mandate)ပေးထားသော ရခိုင်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှခေါင်းဆောင်မျာြး ပည်သူ့ရှေ့မှောက် ဥပဒေဘောင်အတွင်းမှလိမ္မာပါးနပ်စွ တိုက်ပွဲဝင်မှုသည်ရှေးကျသော ရခိုင့် ယဉ်ကျေးမှုအမွေ အနှစ်များ၊အအောက်အဦးများ၊ အဖိုးတန်ပစ္စည်းများကိုအကာအကွ ယ်ပေးနိုင်ခြင်း၊ ရခိုင်ပြည်အတွင်း ဆက်လက် ထားရှိနိုင်သည့်ရလာဒ်များကြို ဖစ်ပေါ်စေပါသည်။အခြားတဖက်တွင်လည်း ရခိုင်စာပေ ဖေါ်ထုတ်နိုင်ရေးကိစ္စကိုပါလီမာန် ထိသယ်ဆောင်ကာ မြန်မာနှင့် ကမ္ဘာက သိအောင်ဆောင်ရွက်နိုင်သည်ကိုတွေ့ ရှိရပေသည်။စွမ်းအင်ပိုင်းတွင် လည်းရခိုင်ပြည်အတွင်းလျှပ်စစ်မီးရရှိရေးကိစ္စများကိုအပူတပြင်းေ ဆာင်ရွက်နေ သည်ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှတဆင့်သိရှိ ရပေသည်။ရွှေသဘာဝဓါတ်ငွေ့များသုံး စွဲနေမှုများကိုလည်းပြည်ထောင် စုအစိုးရအားပါလီမန်တွင်တရားဝင်ေ မးမြန်းစုံစမ်းနေသည်ကို တွေ့ရှိရပေသည်။လေးမြို့ချောင်းေ ရအားလျှပ်စစ်စီမံကိန်းနှင့်စို င်းတင်ချောင်းရေအားလျှပ်စစ်စီမံ ကိန်းများကိုလည်း ရခိုင်ဒေသအတွင်းဖုံလုံစွာအသုံြး ပုနိုင်ရေးအတွက်ပြည်သူများရွေး ချယ်ထားသော ပါလီမန်အမတ်များမှမဆုတ်မနစ်သော ဇွဲဖြင့်းဆက်လက်ကြိုးပမ်းပါက အထက်ပါရခိုင်ဒေသမှရခိုင်ပြည်သူ များ၏အိမ်မက်များအကောင်အထည်ပေါ် လာ မည်မှာသေချာပေသည်။
နိဂုံးအနေဖြင့် ပြည်သူများ၊ဒေါ်စုအပါအ၀င် ပြည်သူ့ခေါင်းဆောင်များ၊ တိုင်းရင်းခေါင်းများ၊ဒီမိုကေ ရစီနှင့် လူ့အခွင့်အရေးတတက်ကြွလှုပ်ရှား သူများ၊အနေ ဖြင့် ယနေ့ဖြေရှင်းစရာနိုင်ငံရေးပြဿနာ များကိုလက်ရှိသမတကြီးအစိုးရအဖွဲ့ ၏ လုပ်ရပ်များကိုသတိထားစောင့်ကြည့် ပြီးပူးပေါင်းဆောင်ရွက်သည့် အပိုင်းတွင် ပူးပေါင်းဆောင်ရွက်ပြီး ဝေဖန်ထောက်ပြသင့်သည့်အပိုင်းတွ င် ထောက်ပြဝေဖန်ကာ ပြည်သူ့အကျိုးအတွက် ဆန့်ကျင်သင့်အပိုင်းကို ဆန့်ကျင်သွားရမည်ဖြစ်ပေသည်။
No comments:
Post a Comment