Monday, June 6, 2011

ရခိုင်ပြည်နယ် မြို့ အချို့ တွင် မငြိမ်မသက် ဖြစ်နေ

ရခိုင်ပြည်နယ် မြို့ အချို့ တွင် မငြိမ်မသက် ဖြစ်နေ
Saturday, June 4, 2011


by FNG on June 4, 2011



Mrauk-U-Entrace-gate
ရခိုင်ပြည်နယ်မြောက်ဦး မြို့  တွင် ရှိ သည့် လောက မဉ္စူရှေ့ ဟောင်း စေတီတော် ကြီး ကို ပြန်
လည် တူးဖော်ရာ မှ ရရှိ ခဲ့သည့် အလေးချိန် ၄ ပိသာ ၆၄ ကျပ်သား ရှိ ရှေးဟောင်း ရွှေဆင်း တု
တော်ကြီး အား နေပြည်တော် သို့ ပြောင်းရွှေ့ ရန် ပင့် ဆောင် ခြင်း ကို ယနေ့ နေ့ လည် မှ စ၍
ဒေသခံ များ က ကန့် ကွက် ဆန္ဒပြကြရာ ယဉ်ကျေးမှု ၀န်ကြီး ဌာန က ထိုအစီအစဉ် ကို ဖျက်
သိမ်းလိုက်ရသည် ဟု သတင်း ရရှိသည်။ မြောက်ဦးခောတ်၊ဝေသာလီခောတ်၊ဓည၀တီ ခောတ် များ က ရွှေဆင်းတု၊ကြေးဆင်းတု၊
ကျောက်ဆင်း တော် များ ကို အရည်အသွေး စစ်ဆေးရန် အတွက် ဟု ဆိုကာ နေပြည်တော်
သို့ ပင့်ဆောင်ရန် စီစဉ် နေ စဉ် ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည် ဟု မိဘ ဘိုးဘွားစဉ်ဆက်
မြောက် ဦး မြို့ တွင် နေထိုင်သူ တစ်ဦး ဖြစ်သည့် ဦးကျော်လှသိန်း က FNG သို့ ပြောသည်။
ရခိုင်ပြည်နယ်မှ ဘာသာရေး ယဉ်ကျေးမှု အမွေ အနှစ် များ တည်ရှိ ရာ ဒေသများ ဖြစ်သည့်
မြောက် ဦး၊ စစ်တွေ ၊မြေပုံ နှင့် မင်း ပြား မြို့ များ တွင် ရှေးဟောင်း ဆင်းတုတော် နှင့် ယဉ်
ကျေးမှု အမွေ အနှစ်များ ကို နေပြည်တော် သို့ ရွှေ့ ပြောင်း ရန် စီစဉ် နေမှု ကြောင့် မြောက်ဦး
မြို့  နှင့် စစ်တွေ မြို့ များ တွင် ဒေသခံ ပြည်သူများ က သယ်ဆောင်ခြင်း မပြု ရန် သက်ဆိုင်ရာ
အာဏာပိုင်များ လမ်းပေါ်ထွက်၍ ကန့် ကွက် နေသည် ဟု FNG မှ သတင်း ရရှိသည်။
ယမန် နှစ် နှစ်ဆန်း ပိုင်း ကတည်းစ၍ မြောက်ဦး-မင်းဘူး ရထား လမ်း ဖောက်လုပ်ရာတွင် ထို
ရထား လမ်းကြောင်း ကျရာ ဒေသ များ မှ ရှေးဟောင်း သမိုင်းဝင် စေတီ ဘုရားပုထိုးများ ကို
မြေတူး၊မြေကော် စက်များဖြင့် ဖယ်ရှား ပစ်ခဲ့သည်။
ယနေ့ ညနေ ၅ နာရီ နောက်ဆုံး ရရှိသည့် သတင်းအရ အာဏာ ပိုင်များ က မြောက်ဦမြို့ 
ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေ့ ဝိုင်းရံ ထား သူများ ကို ဆုတ် ခွာပေးရန် ဆော်သြနေကြသည်
ဟု သတင်း ရရှိသည်။
http://freedomnewsgroup.com/2011/06/04/myauk-oo-culture/#more-19712
-------------------------------

News Date:6/4/2011
ပြည်သူများ ဆန့်ကျင် ကန့်ကွက်မူကြောင့် ရွှေဆင်းတုတော် နေပြည်တော်သို့ ယူမည့် အစီအစဉ် အစိုးရ ရုတ်သိမ်း
Font size: Decrease font Enlarge font
မြို့လူထုနှင့် ထိပ်တိုက်ရင်ဆိုင်မူ ဖြစ်ပြီးနောက် အစိုးရ အာဏာပိုင်များမှ မြောက်ဦးမြို့မှ တူးဖေါ် ရရှိသော အလေးချိန် ၄ ပိသာ ၆၄ ကျပ်သားရှိ ရှေးဟောင်း ဆင်းထုတော်ကို နေပြည်တော်သို့ ယူမည့် အစီအစဉ်ကို ရပ်တန့်လိုက်ကြောင်း သတင်း ရရှိသည်။



mrauk-u-buddha-images
“ ဟုတ်ကဲ့။ တမြို့လုံးက ထွက်ပြီး ဆန့်ကျင် ကန့်ကွက်တော့ အခု နေပြည်တော်ကို ယူမယ့် အစီအစဉ်ကို သူတို့ လက်လျော့ လိုက်ပါပြီ။ အခု ရတနာ့မာန်အောင် ဘုန်းတော်ကြီးကျောင်းမှာဘဲ ဗိမာန်ဆောက်ပြီး ဘုရားကို ပူဇော်ခံသွားတော့မှာ ဖြစ်ပါတယ်” မြို့ခံ လူကြီး တစ်ဦးက ပြောသည်။

စစ်တွေမြို့မှ ယဉ်ကျေးမူ ၀န်ကြီးဌာနမှ ညွှန်မှူး ဦးဇော်ဇော်ထွန်းမှ ဘုရားအား သယ်ယူဆောင်ရန် မြောက်ဦးသို့ ကားဖြင့် လာစဉ် ထောင်ပေါင်းများစွာသော ပြည်သူများက လမ်းမပေါ်သို့ ထွက်လာပြီး ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

“ အမျိုးသမီးတွေပါ မကျန် လက်မှတ်ထိုးပြီး တောင်းဆိုတယ်။ ပီးရင် နန်းရာကုန်းမှာ စုပြီး ကားကို ၀ိုင်းထားတယ်။ နောက်ပိုင်းမှာ ရှေးဟောင်း သုတေသန ရုံးကို လူပေါင်း ၃၀၀၀ ကျော် ၀ိုင်းထားတယ်။ ဘုရားကို ယူရင် အသေခံမယ်အထိ ဆုံးဖြတ် ထားကြတော့ နောက်တော့ အစိုးရဘက်က နေပြည်တော်ကို ယူမယ့် အစီအစဉ်ကို လက်လျော့လိုက်ရပါတယ်” ဟု သူက ပြောသည်။

အဆိုပါဘုရားဆင်းထုတော်ကို တခြား ကြေးဘုရား ၂၆ ဆူနှင့် မေလ ၃၀ ရက်နေ့က တူးဖေါ် ရရှိခဲ့သည်။ တူးဖေါ်ရရှိပြီး စစ်ဆေးရာ ရွှေဘုရား ဖြစ်နေကြောင်း သိရသည်။ ၎င်းနောက်ပိုင်း ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ဘုရားကို နေပြည်တော်သို့ ယူဆောင်ရန် ရခိုင်ပြည်နယ် ယဉ်ကျေးမူ ဦးစီးဌာနကို ညွှန်ကြားခဲ့သည်။ အဆိုပါ ညွှန်ကြားချက်ကို ပြည်သူများက တခဲနက် ၀ိုင်းဝန်း ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။
http://www.narinjara.com/detailsbur.asp?id=3222

No comments:

Post a Comment