Friday, June 10, 2011

ဖမ်းဆီးခံ မြန်မာ့မူးယစ်ဆေးဝါးနှင့် ဘင်္ဂလီလူမျိုးအကြောင်း တစေ့တစောင်း

ဂစ္ဆပသတင်းဌာန
ဇွန်လ(၁၁)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ဖမ်းဆီးခံ မြန်မာ့မူးယစ်ဆေးဝါးနှင့် ဘင်္ဂလီလူမျိုးအကြောင်း တစေ့တစောင်း



မြန်မာနိုင်ငံမှ တရားမ၀င် တင်သွင်းသည့် ရာဘားမြင်းဆေး မူးယစ်ဆေးဝါး ၁၀၀၀၀ လုံး၊ တာကာ သိန်း(၄၀)တန်ဖိုးကို ဘင်္ဂလာ အာဏာပိုင်က ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ဖမ်းဆီးရမိသည့် မြန်မာ့ရာဘားများနှင့်အတူ ဘင်္ဂလီအမျိုးသား မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကားသူ (၃)ဦးကိုလည်း ဖမ်းဆီး ရမိကြောင်း RAB-7 မှ တရားဝင် ထုတ်ဖေါ်ပြောဆိုခြင်းဖြစ်ကြောင်း ဇွန်လ(၁၀)နေ့ထုတ် SAMUDRABARTA သတင်းစာက ဆိုသည်။




RAB-7 က မူးယစ်ဆေးဝါးလုပ်သူများ အနေဖြင့် မြန်မာ့မူးယစ်ဆေးဝါးများကို မိုက်ကရိုကားနှင့် ကော့စ်ဘဇားမှ စစ်တကောင်းမြို့သို့ သယ်ဆောင်သွားစဉ် လမ်းခုလတ်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုသည်။

အခုအခါ ဖမ်းဆီးရမိသူများနှင့်အတူ မိုက်ကရို(ဒက္ကား မေတြရို စော်-၅၃-၂၂၂၈)ကားကို ဘင်္ဂလာ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေနှင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ဘင်္ဂလာအာဏာပိုင်များက ကျူးကျော်ဝင်ရောက်လာသူများဟု ယူဆချက်ဖြင့် မြန်မာနိုင်ငံသား ဘင်္ဂလီလူမျိုး ၂၇ ဦးကို ကော့စ်ဘဇား ခရိုင် နီလာမြို့နယ်မှ ဇွန်လ(၉)ရက်နေ့က ဖမ်းဆီးရမိပြီး ပြန်လည်၍ တဘက်နိုင်ငံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းစာက ဖေါ်ပြသည်။

အဆိုပါ ဘင်္ဂလီလူမျိုးများကို တာခ်နာမြို့ အခြေစိုက် အမှတ် (၄၂)BGB တပ်ရင်းမှ ဗိုလ်ကြီး ဇာဟိဒ် ဟာဆာန် ဦးဆောင်၍ ဖမ်းဆီး ရမိခြင်းဖြစ်ပြီး သူကိုယ်တိုင် ပြန်လည်၍ ပို့ဆောင်ခဲ့ကြောင်း SAMUDRABARTA သတင်းစာက ဆိုသည်။

တာခ်နာအခြေစိုက် အမှတ်(၄၂) BGBတပ်ရင်းအနေဖြင့် ဇွန်လ(၄)ရက်နေ့က မြန်မာ့ဘင်္ဂလီလူမျိုး ၃၁ ဦးအား နီလာမြို့နယ်မှ ဖမ်းဆီးရမိ ခဲ့ကြောင်းနှင့် မြန်မာ့ရာဘား ၆၂၅ လုံးနှင့်အတူ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဇွန်လ(၅)ရက် နေ့ထုတ် DAINANDIN သတင်းစာတွင် ဖေါ်ပြသည်။ မြန်မာ့ဘင်္ဂလီလူမျိုး ၃၁ ဦးအား စစ်ဆေးမေးမြန်းမှု တစုံတရာ မရှိဘဲ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ဖေါ်ပြသည်။ မြန်မာ့ဘင်္ဂလီ ဘင်္ဂလာအကျဉ်းထောင်အတွင်း ဦးရေ ၅၀၀ ကျော်ရှိကြောင်း သိရှိရသည်။

ဘင်္ဂလာ အာဏာပိုင်များ အနေဖြင့် မေလမှ ယခုဗုဒ္ဓဟူးနေ့အထိ မြန်မာ့မူးယစ်ဆေးဝါး စုစုပေါင်း တာကာ သိန်း(၁၄၀)ကျော် ဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းဆီးရမိခဲ့သူ ဘင်္ဂလီလူမျိုးများကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းစာများအရ သိရှိရသည်။

သို့သော်လည်း ဖမ်းဆီးခြင်းမခံရသည့် မြန်မာ့မူးယစ်ဆေးဝါးများနှင့် ဘင်္ဂလီလူမျိုးများမှာ အမြောက်အများရှိနေသေးကြောင်း ရခိုင်ပြည်-ဘင်္ဂလာ မှောင်ခိုသတင်းရပ်ကွက်က ဆိုသည်။

No comments:

Post a Comment