Sunday, June 19, 2011

ဒေါ်စု ပြည်တွင်းခရီးစဉ် စတင်တော့မည်

ဂစ္ဆပသတင်းဌာန
ဇွန်လ(၂၀)ရက်၊ ၂၀၁၁၊ နံက် ၈ နာရီ။
http://gissapa.blogspot.com

ဒေါ်စု ပြည်တွင်းခရီးစဉ် စတင်တော့မည်

စစ်အုပ်စု နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်တွင်းခရီးစဉ်အား ဇွန်လ (၂၂)ရက်နေ့ စတင်ထွက်မည်ဖြစ်ကြောင်း NLDမှ တာဝန်ရှိသူတဦးက ပြောဆိုချက်ကိုကိုးကားပြီး သတင်းတရပ်က ဖေါ်ပြသည်။


“မွေးနေ့ပွဲပြီးတာနဲ့ ၃ ရက်အကြာ ဇွန် ၂၂ ရက်မှာ ခရီးစတင်ထွက်မှာပါ၊ ဘယ်နေရာကို စတင်ထွက်မယ် ဆိုတာတော့ ပြောဖို့စောပါသေး တယ်။”ဟု NLDကပြောကြောင်း သတင်းတွင် ဖေါ်ပြချက်အရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်အုပ်စု နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မိမိသည် နိုင်ငံသားတဦးဖြစ်ခြင်းကြောင့် မိမိလုံခြုံရေးသည် အစိုးရတွင် အပြည့်အ၀ တာဝန်ရှိသည်ဟု မီဒီယာ စာမျက်နှာများသို့ ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဒေါ်စု၏ ပြည်တွင်းခရီး အစီအစဉ်ကို သူမအနေဖြင့် မွေးနေ့ပွဲမတိုင်မီကတည်းက ဆုံးဖြတ်ချက် ချထားခဲ့ကြောင်းနှင့် သူမကို ဂုဏ်ပြုကြ မည့် မွေးနေ့ပွဲကြောင့် ခရီးစဉ်နှောင့်နှေးမည်ကို သူမအနေဖြင့် မလိုလားကြောင်း NLDအသိုင်း အ၀ိုင်းက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

NLDလူငယ်တဦးက “ခရီးထွက်ဖို့ကို အမေက နောက်ကျမှာ မလိုလားဘူး၊ အခုအောက်က အခန်းမှာ အမေ့မွေးနေ့အတွက် ပွဲတိုက်တယ်၊ အပေါ်က အခန်းတွေမှာတော့ ခရီးသွားဖို့ ပြင်ဆင်နေကြတယ်၊ အစည်းအဝေးတွေ လုပ်နေကြတယ်။”ဟု ဆိုကြောင်း သတင်းက ဖေါ်ပြသည်။

ဒေါ်စုသည် ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်းလုပ်ကြံမှု အပြီးတွင် ၇ နှစ်ကျော်ကြာ နအဖ စစ်အုပ်စု၏ နေအိမ်အကျယ်ချုပ်ထားခြင်း ခံခဲ့ရာမှ များမကြာမီက လွတ်မြောက်လာပြီး ပထမဆုံး ပြည်တွင်းခရီးစဉ် စတင်ထွက်ရှိမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment