ယ္ခင်မှအဆက်----------
ဗမာ့လက်နက်နိုင်ငံတွင် မပါဝင်သော ရှမ်း၊ ရခိုင်၊ ကချင်၊ ချင်း၊ ကယား၊ တို့ကိုလည်း ပင်လုံစာချုပ်ကို အကြောင်းပြ၍ လှည့်ဖျားကါ ဗမာနိုင်ငံ အစိုးရလက်အောက်သို့ မြန်မာပြည် အဖြစ် သိမ်းယူ သတ်မှတ်ခြင်းကို ခံခဲ့ကြရသည်။
ဗမာ့စစ်ဝါဒနှင့်နယ်မြေချဲ့ထွင်လာမှု
ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ စသည့် ပျူလူမျိုးတို့၏ မြို့ပြနိုင်ငံတို့မှာ အချင်းချင်း စစ်ပွဲ ဆင်နွဲယင်း ပျက်စီးလေသည်။ ထို့နောက်ပုပ္ပါး အရပ်တွင် သမုဒရစ်မင်းသည် ပျူနိုင်ငံကို ထူထောင်ပြန်လေသည်။ ထို့နောက် ပျည်ပျားမင်းသည် ကြွေအိုးအံ ပုဂံတည် ဟူသောကိန်း အရ သက္ကရာဇ် ၂၁၁ ခုတွင် ပျူဂါမတို့ကို စုစည်း၍ ဘရနီ နက္ခတ်နှင့် စန်းသျှဉ်ခိုက်တွင် ပုဂံကို တည်ထောင် ခဲ့လေသည်။
အနော်ရထာမင်းနှင့် ကျန်စစ်သားမင်း တို့လက်ထက်မှ ဗမာဟူ၍ အမည်ခံလာသော ဤ လူမျိုးစု သည် မြန်မာနိုင်ငံ၏ အကြမ်းတမ်းဆုံး နယ်မြေမှ မဆုတ်မနစ်ကြိုးစားရင်း၊ ထန်းရေ သောက် ထန်းမြစ်စားရင်း (အရှင်ဒိသာပါမောက္ခ) လူဖြစ်ရန်ကြိုးစား လုန်းပမ်း ခဲ့ကြလေသည်။ ဗမာပိုင်နက် နယ်မြေသည် ဆန်ရေစပါးရှားခြင်း၊ သယံဇာတမရှိခြင်း၊ နယ်မြေဒေသ ကြမ်း တမ်းခြင်း၊ ဆင်းရဲ နုံချာခြင်း၊ ရောဂါဘယထူပြောခြင်း၊ စသော မြေကြီးကိုမှီ၍ လုပ်ကိုင် စား သောက်ရသော ခေတ်တွင် အောက်ကျနောက်ကျ ဖြစ်နေခဲ့ရသည်။ ဗမာနယ်မြေ၏ အရှေ့ ဘက်နှင့် မြောက်ဘက်တွင် ၉၉ စော်ဘွားအုပ်ချုပ်သော ဥတုသပ္ပါယမျှသော ကျောက်သံ ပတ္တမြား ထွက်သော အစားရိက္ခါ ပြည့်စုံသော ရှမ်းပြည်ရှိသည်။ တောင်ဘက်တွင် မြေနု ပေါများရာ ဒေသကို မွန်၊ ကရင်၊ ပအို့(တောင်သူ)၊ ကဒူး၊ ကနန်း၊ စသည့် လူမျိုးတို့ ဧချမ်းစွာ လုပ်ကိုင် စားသောက် နေထိုင်လျှက်ရှိသည်။
အနောက်ဘက်တွင် တောင်ယာလုပ်ကိုင် စားသောက်သူ ချင်းနှင့် ရခိုင်လူမျိုးတို့ ရှိနေကြသည်။ ရခိုင်လူမျိုးတို့မှာ မြေနု၊ သယံဇာတ၊ သားငါး၊ တို့ပေါများရာ နယ်မြေကို ရရှိထါး ပြီး ၃ လ လုပ်၍ ၉ လထိုင်စားကါ ပျော်ပွဲရွှင်ပွဲ ၁၂ လရာသီတိုင် ရှိနေပြီး အထူးစည်ပင် ၀ပြော လျှက်ရှိနေသည်။ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မှအပ တခြားလူမျိုးများမှာ ဗမာတို့ထက် နေရာ ကောင်းရှိခြင်း၊ ဘာသာ အယူမှန်ကန်ခြင်း၊ စာပေ အဆင်းတန်ဆာ ရှိခြင်း၊ စားသောက် နေထိုင်မှု ဓလေ့ရှိခြင်း၊ ပိသုကါ လက်ရာရှိခြင်း၊ အုပ်ချုပ်ရေးရှိခြင်း၊ စသည့်ခိုင်မာသော လူမျိုးရေး အခြေ ခံ အချက်များနှင့် ပြည့်စုံနေသည်။ မွန်နှင့် ရခိုင်တို့၏ အေးချမ်းသာယာမှုကို အားကျလာသော ဗမာသည် စစ်ဝါဒကို ထူထောင်ရန်သာလျှင် လမ်းစ မြင်လာကြ လေတော့ သည်။
ထို့ကြောင့်ပင် ဗမာဟူသော လူမျိုးပေါ်လာသည့် အချိန်မှစ၍ တခြားလူမျိုးများ အေးချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင်ရသည်ဟူ၍ မရှိတော့ပေ။ ဗမာတို့မှာ စစ်တိုက်ရင်း လူစု လူစုရင်း စစ်တိုက်ခဲ့ကြပြီး တခြားနယ်မြေ ဒေသရှိ နိုင်ငံတို့၏ အာဏါ၊ သယံဇာတ၊ နယ်မြေ၊ နှင့် လူမျိုးရေး မုန်းတီးမှု ဘာသာရေး သွေးခွဲမှု ရန်တိုက်မှု သတ်ဖြတ်မှု စသည့် ၀ါဒ တို့ကို ကျင့်သုံးရင်းဖြင့် နယ်ချဲ့ လာခဲ့ကြ လေတော့သည်။
အင်္ဂလိပ်နှင့်ဗမာပထ၀ီပြောင်းလဲပစ်ခဲ့မှုနှင့်ဗမာလူမျိုးရေးတိုးချဲ့လာမှု
၁၈၈၅ ခုနှစ် ဗမာ့ဦးစွန်းကို အင်္ဂလိပ်တို့ ရိုက်ချိုးပစ်ခဲ့ပြီးနောက် ယခင်ရှိခဲ့သော ဌာနေ လူမျိုးတို့၏ နေရာဒေသ ပထ၀ီသည် အကြီးအကျယ် ပြောင်းလဲခြင်းကို ခံခဲ့ ကြရသည်။ ဗမာပြည် အနှံ့တွင် အင်္ဂလိပ်တို့သည် နေရာကောင်း၊ သဘာဝကောင်း၊ ရာသီဥတုကောင်း၊ နှင့် အုပ်ချုပ်ရေး ယန္တရား လွယ်ကူစေရန် မြေနေရာတို့ကို ရွေးချယ်၍ အုပ်ချုပ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ယ္ခင်ဌာနေလူမျိုးတို့ ပိုင်ဆိုင်ရာဒေသသည် ကြုံ့ဝင်သွားပြီးလျှင် လွပ်လပ်ရေး ရရှိလာသောအခါ ဗမာပိုင်နယ်မြေ ဖြစ်သွားလေတော့သည်။ ဗမာဘုရင်များ လက်ထက်တွင် အောက်ဗမာပြည်၌ ဗမာတို့မှာ မဆိုစလောက်သာရှိခဲ့ပြီး မွန်နှင့် ကရင်မှာ လူများစု ဖြစ်ခဲ့သည်။
ရန်ကုန်ကို အခြေပြု၍ အင်္ဂလိပ်အုပ်ချုပ်သည်မှစ၍ အောက်ဗမာပြည်သို့ ဗမာများ အလုံး အရင်းနှင့် ၀င်ရောက်နေထိုင်လာကြသည်။ မြေနုကို မမြင်ဖူးသော မိုးခေါင်ရေရှား ကန္တာရတွင် နေထိုင်လာခဲ့ကြသော ဗမာတို့မှာ နေရာကေါင်းကို လက်လွတ်ရမည်ကို စိုး၍ ကရင်နှင့် မွန်တို့ ကို ဗမာပြည်အောက်ပိုင်း ပုသိမ်၊ ရန်ကုန်၊ ပဲခူး၊ စသည့် နယ်မြေတို့မှ လူမျိုးရေးဖြင့်တဖုံ၊ စစ်တိုက်၍ တမျိုး၊ အနု၊ အကြမ်း၊ အရမ်း၊ မျိုးစုံသုံးကါ နှင်ထုတ်ခဲ့ကြသည်။ နေရာကေါင်းကို အပြီးအပိုင် ရယူခဲ့ကြသည်။ ဗမာနိုင်ငံတော် အစိုးရ၏ ကျောင်းသုံးစာအုပ်တွင် ရခိုင်တို့၏ ဧရိယာမှာ နတ်မြစ်ဝမှ မော်တင်စွန်းထိ ဟုဖေါ်ပြပါရှိသည်။ ၁၉၇၅ ခု ဒီဇင်္ဘာ ၁၅ ရက်နေ့ ရခိုင်ကိုပြည်နယ် ပေးသော အခါမူ နတ်မြစ်ဝမှ ဂွ အထိသာ ရရှိလိုက်ပြီး မိုးခေါင်ရေရှား ရပ်ဝန်းဒေသတွင် နေထိုင်သော ဗမာတို့မှာမူ ရခိုင်ပိုင် နယ်မြေ အနောက်ကလေးဟု ခေါ်သော နယ်မြေ တခုလုံးကို ဗမာတို့ ဘိုးဘွားပိုင် နယ်မြေ အဖြစ် ရယူသွားလေသည်။ ထို့ပြင် ရှမ်း မေမြို့၊ မိုးကုတ် ကချင် ဖါးကန့် ဆင်ကလိန်ခန္တီး ရခိုင် ပလက်ဝ၊ စသည်တို့ အပြင် လူမျိုးစု ဆိုင်ရာဒေသ အသီးသီးကို အင်္ဂလိပ်တို့ နည်းပေး လမ်းပြခဲ့မှုကြောင့် ဗမာတို့ ချယ်လှယ်ချင်တိုင်း ချယ်လှယ်၍ တိုင်းရင်းသား အချင်းချင်း ရန်တိုက်သော လုပ်ရပ်များကို လုပ်ချင်တိုင်း လုပ်ခဲ့ကြသည်။ (နမူနာ။ ဂိုလန်၊ ဟီနန် ရှမ်းနှင့် ၀ ၊ ကချင် နှင့်ချင်း၊ ရခိုင်နှင့်ချင်း၊ ကရင်နှင့် မွန်၊ တို့ကိုရှုပါ) အင်္ဂလိပ်တို့၏ ဗမာပြည်ကို သိမ်းယူမှုသည် ဗမာတို့အတွက် နယ်မြေဒေသ ပိုမိုရရှိ လာသည့်အတွက် ရေရှည်တွင် အကြီးအကျယ် အမြတ်ထွက်ခဲ့ လေသည်။ ဂတိမတည်သော မုသ၀ါဒများသော လောဘ ဒေါသ မောဟ များသော ဗမာ့စစ်ဝါဒအောက်၌ နေထိုင်လာကြရသော တိုင်းရင်းသားတို့မှာ မူ ဗမာတို့၏ လူမျိုးရေးအရ နယ်မြေတိုးချဲ့လာမှု၊ သယံဇာတ ကေါင်းများရှိရာ ဒေသကို ဗမာပိုင် နယ်မြေပြုလုပ်မှု၊ စသည့် လောဘ ဒေါသ မောဟ အလိမ်အကေါက် များလှသော ဗမာတို့နှင့် အတူ လွပ်လပ်ရေး ယူခဲ့သော အရသာကို ခံစားရင်း ဒုက္ခပင်လယ် ဝေခဲ့ကြလေ တော့သည်။
လက်ပြောင်းလက်လွဲလုပ်ခြင်းနှင့်တိုင်းရင်းသားပြသနာ
၁၈၈၅ ခုနှစ်တွင် ဗမာနိုင်ငံ တခုလုံးကို အင်္ဂလိပ်တို့ သိမ်းယူသွားလေသည်။ ချင်း ကချင် ကရင် ကယား မွန် ဗမာ ရခိုင် ရှမ်း စသော လူမျိုးတို့မှာ မိမိနီးစပ်ရာ လူသူလက်နက် စုဆောင်း၍ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြသည်။
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားတို့အား ဗမာနှင့် အတူ လွပ်လပ်ရေးယူပါ။ ၁၀ နှစ်ကြာလျှင် ဗမာနှင့်နေလိုကနေ မနေလိုက ခွဲထွက်ပိုင်ခွင့် ရှိသည် ဟူသော ဂတိစကါးကြောင့် ရှမ်းပြည် ပင်လုံမြို့တွင် ခေါင်းဆောင်များ စုဝေး၍ တညီ တညွတ်တည်း လွပ်လပ်ရေးကို ယူရန် လက်မှတ်ရေးထိုး ဆုံးဖြတ်ခဲ့ကြသည်။ ဗိုလ်ချုပ်လုပ်ကြံ ခံရပြီးနောက် ဦးနုသည် ၀န်ကြီးချုပ် ဖြစ်လာလေသည်။ ၁၀ နှစ်ကျော်၍ နှစ်သာကြာလာသည် ကိုယ်ပိုင်ခွဲထွက်ရေးကို အပထါး၍ ဖက်ဒရယ်ဟု ခေါ်သော ကိုယ်ပိုင် အုပ်ချုပ်ရေး ကိုမျှ မရရှိသော အခါ အချက် ၁၀ ချက်ပါ ရှမ်းမူကို တိုင်းရင်းသား ကိုယ်စားလှယ်တို့က ၀န်ကြီးချုပ် ဦးနုထံ တင်ပြကြသည်။ ထိုအခါ ၀န်ကြီးချုပ် ဦးနုသည် တိုင်းရင်းသား အရေးကို ကြံရာမရ ဖြစ်သွားလေသည်။
ရှမ်းဆိုတာ ခေါင်းပေါ်က ငှက်ပျံတာတောင် မကြိုက်ဘူး၊ ရခိုင်ဆိုတာ မြွေပွေးထက် ကြောက်စရာကေါင်းတယ်၊ ရခိုင်နဲ့ မြွေပွေးကိုတွေ့ရင် ရခိုင်ကို အရင်သတ်ရမယ်၊ စသည့် တိုင်းရင်းသား တို့အပေါ် ဗမာတို့ မည်သို့ သဘောထားရမည့် ၀ါဒကို ရှေးဗမာတို့က နောက်ပေါက် ဗမာတို့အား သွန်သင်သြ၀ါဒ ပေးခဲ့ကြသည်။ ထို့ကြောင့် ၁၉၆၂ ခုနှစ် ရှမ်းမူအတိုင်း ၀န်ကြီးချုပ် ဦးနုသည် တိုင်းရင်းသားတို့ကို ပြည်နယ်ပေးရန် ဖြစ်လာသော အခါ ဗမာတို့၏ သုခမိန် မစ္စတာမောင်မှိုင်းသည် ဦးနုကို ခေါ်၍ ဗမာ့ထီးနန်း မှန်ကင်းအစစ်က ထင်းဖြစ်သွားတာ ဘယ်သူ့ကြောင့်လဲ ဟူသောစကါးကြောင့်၎င်း၊ တိုင်းရင်းသား တို့ကို ခွဲထွက်ခွင့် ပြုလိုက်ပါက ဗမာတို့၏ အခြေအနေသည် ပထ၀ီ၊ သယံဇာတ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ စာပေ၊ တို့တွင်ပါ အပေါ်စီးမှ နေနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ၁၉၆၂ ခုတွင် ဗိုလ်ချုပ်ကြီးနေ၀င်းလက်သို့ ၀န်ကြီးချုပ်ဦးနုသည် နိုင်ငံတော်၏ အာဏါကို မလိမ့်တပါတ်ဖြင့် လွဲပေးခဲ့လေသည်။
အာဏါရ ဗမာအဆက်ဆက်သည် ဗမာလူထုနှင့် တိုင်းရင်းသားတို့ သင့်မြတ်ရေးထက် သွေးခွဲ ရန်တိုက်ခြင်း အလုပ်ကိုသာ လမ်းညွန်လုပ်ဆောင်ခဲ့ကြသည်။ ဘာသာရေး သပ်ချိုခြင်း၊ လူမျိုးရေးမုန်းတီးရန် လမ်းညွန်သြ၀ါဒပေးခြင်း၊ သွေးခွဲသော မူဝါဒ ကျင့်သုံးခြင်း၊ စစ်ရေးနည်း ဖြင့် အကျပ်ကိုင်ခြင်း၊ စသည့် အမျိုးမျိုးသော ဖိနှိပ်အုပ်ချုပ်ရေး နည်းလမ်း မျိုးစုံသုံးကါ ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုထါးခဲ့သော ပင်လုံ သဘော တူညီချက် စာချုပ်ကို စက္ကူစုတ် သဖွယ်ဖန်တီးခဲ့ကြလေသည်။
ဗမာ့နိုင်ငံရေးပရိယါယ်
ဗမာတို့၏ နိုင်ငံရေး ပရိယါယ်ကို အထင်သေး၍ မရပေ။ ဗမာသည် လှည့်စားရာ၌ မဖြစ်လျှင် ဖြစ်သည့် နည်းဖြင့်၊ မနိုင်လျှင်နိုင်မည့်နည်းဖြင့်၊ မရလျှင် ရသည့်နည်းဖြင့်၊ ကုပ်ကတ် တွယ်ဖက်တတ်သည့် နိုင်ငံရေး ပရိယါယ်ရှိသော လူမျိုးဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ မျိုးရိုးဗီဇ နေရာဒေသ ဆင်းရဲ၍ဖြစ်သည်။ သမိုင်းအဆက်ဆက် ရှမ်းတို့ကို လိမ်လှည့်၍ အယုံသွင်းကါ နောက်လိုက်အဖြစ် သိမ်းသွင်းထားနိုင်ခဲ့သည်။ နားဋောင်းမှ ပတ္တမြား အရောင်ထွက်သော စောမွန်လှကို စုန်းမဟုဆိုကါ နန်းမှ နှင်ထုတ်ခဲ့သည်ကိုလည်း ရှမ်းတို့သည် ဗမာကို ခွင့်လွတ် ခဲ့၏။ ထို့ပြင် သိုဟန်ဘွားကို ဗမာတို့သတ်သော်လည်း ဗမာ ကို ရှမ်းတို့ ယုံကြည် ခဲ့ကြပြန် လေသည်။
ဗမာတို့သည် ရခိုင်ဘုရင် ဆောင်းသော သရဖူ ဦးသျှောင်တော်ကို ပုံတူပြုလုပ်၍ (မဟာမြတ်မုနိ ဘုရားတွင်ဆောင်းသော မကိုဋ်ပုံ) ဗောင်းတော်ကို ခြေသုတ် ရာတွင်ထါးကါ နံနှိပ် ယတြာ လုပ်ခဲ့ကြသည်။ ထို့ပြင် ဘိုးတော်ဦးဝိုင်းသည် ဗိုလ်ငခိုင်လှကို ဦးစီးစေ၍ ငလှဖေါ်၊ ငအောင်လာ၊ ငချင်း ၊အမည်မသိ၊ စုစုပေါင်း ၅ ဦးကို အထုတ်သည် (ပစ္စည်းမျိုး စုံရောင်းသူ) ဟန်ဆောင်၍ မဟာမြတ်မုနိ ဘုရားကို အသရေ ညိုးနွမ်း စေခြင်းငှါ မဟာမုနိ ကုန်းတွင် ကိုယ်ဝန်သည် မယ်ကုဝဏ်ရုပ်တု အရက်သမား ကိုကြီးကျော်ရုပ်တု တို့ကိုထါးကါ အရက်ဆွမ်းနှင့် ကိုဝန်သယ်မ၏ စားကြွင်းကို ဆွမ်းတင်ရန် အတွက် ဒါယကါ အဖြစ် ထားခဲ့ လေသည်။ ရခိုင်တို့သည် ဗမာကို တုပ၍ မလုပ်ခဲ့ပေ။ ရခိုင်သည် နှစ်ပေါင်း ငါးထောင် ကျော်ပတ်လုံး ဗမာပြည်ကို ကျုးကျော်ရန်စ တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့ပေ။ (နတ်ရှင်နောင်၊ မင်းဖလောင်၊ မဟာပညာကျော်၊ဟံသာဝတီ စစ်ပွဲကိုရှုပါ)။
ဗမာဘုရင်ခေတ် အဆက်ဆက်တွင်လည်း ကချင် ကရင် ချင်း ကယား မွန် ရှမ်း ရခိုင် ၊ တို့ကို မြှောက်၍တဖုံ၊ စစ်ရေးနှင့်တမျိုး၊ သွေးထိုး ရန်တိုက်၍တဖုံ၊ လှည့်ဖျားကါ နိုင်ငံရေး ကစား ခဲ့သည်။
အင်္ဂလိပ်ထံမှ လွပ်လပ်ရေးမရမှီက တခြားလူမျိုးတို့သည် ဗမာကို မယုံသည်ကိုသိသော ဗမာတို့သည် ဆယ်နှစ်ကြာလျှင် ခွဲထွက်ခွင့်ရှိသည်ဟူသော မက်လုံးပေးသော အခါးပေါ် သကါလောင်းသော စကါးကို ယုံ၍ တိုင်းရင်းသားတို့သည် ဗမာနှင့်အတူ လွပ်လပ်ရေးကို ယူခဲ့ကြသည်။
ပြည်ထောင်စုခေတ်တွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် တိုင်ရင်းသားတို့ တောင်းဆို လာကြသောအခါ ဦးနုသည် ဗိုလ်ချုပ်နေ၀င်းအား အာဏါအပ်၍ တိုင်းပြည်မှ ထွက်သွား လေသည်။
ဦးနုအစိုးရသည် ကရင်တို့နှင့်တိုက်ရာတွင် အရေးနိမ့်နေသောအခါ ဦးနု၏ ရန်သူ ဗကပ သခင်သန်းထွန်းသည် ကရင်တို့ကို နောက်ကြောမှ ၀င်ရောက်တိုက်ခိုက် ကူညီပေးလေသည်။ ဤသို့ဖြင့် ဗမာတို့၏ နိုင်ငံရေး ပရိယါယ်သည် တိုင်းရင်းသားတို့အပေါ် ရိုးသားမှုမရှိကြောင်းကို သမိုင်းထင်ရှား သက်သေရှိနေပေသည်။
နိုင်ငံရေးပရိယါယ်တွင် ဗမာကို အထင်မသေးသင့်ပေ။ ဂျပန်ကိုခေါ်၍ ဂျပန်ကို ပြန် တိုက်သော ဗမာ၊ ပြင်သစ်နှင့် ပေါင်း၍ အင်္ဂလိပ်ကို တိုက်ရန်ကြံသောဗမာ၊ စသည့် ယခင် ခေတ်မှ ယခုခေတ် အဆက်ဆက်တိုင် ဗမာတို့၏ စစ်ဝါဒ ရှိနေရာ ဗမာကို ယုံကြည်၍ မရ ကြောင်းကို သက်သေပြနေ သကဲ့သို့ ရှိနေပေတော့သည်။ ဤသို့ဖြစ်နေသည်မှာ ဗမာဟူသော လူမျိုးတမျိုးသည် ခေတ်တလျှောက်လုံး ရိုးဖြောင့်သော နိုင်ငံရေးမရှိဘဲ နိုင်ငံရေးလိမ်လည်ရန် သာ အားထုတ်ခြင်းကြောင့် ဖြစ်လေသည်။
ဗမာလူမှုရေး
တကေါင်းမြို့တွင် ကံရာဇာငယ်သည် နန်းရလိုမှုဖြင့် အမျိုးအနွယ်ကို လိမ်သည်မှစ၍ ဗမာတို့၏ ဆွေမျိုးတော်စပ်မှု စနစ်ကို လိမ်သည်ဆိုက ဆိုနိုင်၏။ သရေခေတ္တရာ ရသေ့ပြည် တွင် မျှက်ရှင်တော်သခင် ဒွတ္တပေါင် မင်းကြီးကို မယား ပန်ထွာမင်းသမီးသည် ထမိန်ကို မျှက်နှာ သုတ်ရန် ပ၀ါဟု လိမ်၍ပေးသည့် အဖြစ်မှ ဆွေမျိုးတော် စပ်မှု စနစ်ကို လိမ်သည် ဆိုက ဆိုနိုင် ၏။ ပျူလူမျိုးဟု မခံဝန့်သော ပုဂံခေတ် စုက္ကတေးမင်း ပုတ္တလင် အမျိုးမှစ၍ ဆွေမျိုး တော်စပ်မှု စနစ်ကို လိမ်သည်ဆိုက ဆိုနိုင်၏။
သမိုင်းကိုဤသို့ ဖေါ်ပြရသည်မှာ ဗမာတို့၏ ဆွေမျိုးတော်စပ်မှု စနစ်မှာ သင်ပုန်းခြေ၍ မရသောကြောင့် ဖြစ်သည်။ ဗမာတို့၏ သမိုင်းမှန် အကျင့်ဆိုးကို ဘုရင်ခေတ်တွင် ချန်ထားခဲ့ လျှင် ခွင့်လွတ်တန်ရာ၏။ သို့မဟုတ် ပြည်ထောင်စုခေတ်တွင် ချန်ထားခဲ့လျှင် ခွင့်လွတ်တန်ရာ ၏။ သို့မဟုတ် မဆလခေတ်တွင် ချန်ထားခဲ့လျှင် ခွင့်လွတ်တန်ရာ၏။ သို့မဟုတ် နအဖခေတ် တွင်ဥပဒေ ပြု၍ ချန်ထားခဲ့လျှင် ခွင့်လွတ်တန်ရာ၏။ ဘုရင်ခေတ်မှစ၍ ဗမာတို့အုပ်ချုပ်သမျှ ကါလပါတ်လုံး လူမှုရေး ဖေါက်ပြန်မှုများမှာ အော့နှလုံးနာစရာပင်ဖြစ်သည်။ သားနှင့်အမိ၊ မရီး နှင့်မတ်၊ တူနှင့်ဝရီး၊ လိင်ဖေါက်ပြန်မှု အပြင် ကြာခိုမှု၊ မုဒိန်းမှု၊ အမြှောင်ထါးမှု တို့မှာ တရားရေး ဌာနနှင့် ဗမာလူမှု အသိုင်းအ၀န်းထဲတွင် မမြင်ချင်အဆုံး မကြားချင်အဆုံး ကြားနေရ မြင်နေရ သည်။ ဖေတရာမှ စ၍ ဆဲရာတွင် သူမတူအောင် ရိုင်းစိုင်းလှသော ဗမာ့လူ့ အဖွဲ့အစည်းကို တိုင်းရင်းသားတို့ မည်သို့ အတုယူရ ပါမည်နည်း။
ထို့ပြင် ဗမာတို့သည် တိုင်းရင်းသားတို့၏ နေရာဒေသသို့ အကြောင်း အမျိုးမျိုးနှင့် ရောက်လာ ကြသောအခါ တိုင်းရင်းသူတို့ကို အတည်တကျ ပေါင်းဖေါ်ခြင်း မရှိဘဲ ခလေးနှင့် တဖုံ ကိုယ်ဝန်နှင့်တမျိုး အပျော်မယား အဖြစ်တနည်း ပြုကျင့်ကါ ပြစ်ထားခဲ့ကြလေသည်။ ဤသို့ဗမာတို့၏ လူမျိုးရေး လိင်ဖေါက်ပြန်မှုကြောင့် ဘ၀ပျက်သွားရသော တိုင်းရင်းသူ အမျိုး သမီးတို့မှာ မရေမတွက်နိုင်အောင် များလှပေသည်။
နိုင်ငံတခု၏ အချုပ်အချာ အာဏါကို ရယူထားသည့် ၊ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထား သည့်၊ ဗမာတို့သည် ဆွေမျိုးတော်စပ်မှု စနစ်ကို၊ တိုင်းရင်းသားတို့ အတုယူရလောက် ပြုပြင်မှု မရှိလျှင် လူမျိုးကြီးဟုခံနေခြင်းသည် အလဟသပင် ဖြစ်ပါသည်။ သေသူမသာကို ငွေရအောင် စီးပွားရေး လုပ်တတ်သော ဗမာ့လူမှုရေးကို တခြားလူမျိုးတို့ အထင်မကြီးခြင်းသည် တနေ့ ဗမာပြည် ပြိုကွဲမည့် အရိပ်လက္ခဏါပင် ဖြစ်ပါလိမ္မည်။
ဗမာတို့၏ဘာသာရေးကိုးကွယ်ယုံကြည်မှု
ဘုရားရှင်ဝါတော် ၂၀ အခါကပင် စူဠပုတ် မဟာပုတ် ညီနောင်နှစ်ပါးကို အကြောင်းပြု၍ အပရန္တတိုင်း မရမ္မမဏ္ဍလ ဒေသသို့ (ရာဇဓမ္မသင်္ကြန်က ဗမာပြည်ဟုဆိုသည်) သာသနာ ရောက်ရှိလာသည် ဟုဆိုသည်။ ထိုမှတဖန် ပုပ္ပါး ပုဂံပြည် သမုဒရာဇ် မင်းမှ အစပြု၍ အနော်ရထာ မင်းတိုင်အောင် အရည်းကြီးရဟန်းတို့၏ အတုအယောင် ဗုဒ္ဓဘာသာကို ကိုး ကွယ်ခဲ့ကြသည်။ မိဘကိုသတ်သောသူ တို့မှာ ပရိတ်ကို ရွတ်ရုံနှင့် ပဉ္စနန္တရိယကံမှ လွတ်၏။ မင်္ဂလာပြုသောအခါ အရည်းကြီးတို့အား ပန်ဦးပေးရ၏။ ပျူလူမျိုး အရည်းကြီး ရဟန်းတို့၏ ကာမတဏှာကို အလျှူခံသောကြောင့် ဒွတ္တပေါင်မင်းကြီး ကိုးကွယ်ခဲ့သော ဗုဒ္ဓသာသနာသည် ပြိုပျက်လေသည်။ ဤသို့ ပန်းဦးဆက် သာသနာထွန်းကါးနေစဉ် သထုံမှ ရှင်အာရဟံ ရောက် လာခြင်းဖြင့် စစ်မှန်သော ဗုဒ္ဓ၀ါဒကို မျိုးစေ့ချပေး နိုင်ခဲ့သည်။ ဗမာတို့သည် ဤရွေ့ ဤမျှလောက် သန့်စင်သော ဗုဒ္ဓသာသနာကို မီးစကိုရသော မျောက် ကဲ့သို့ ဗမာ့စစ်ဝါဒကိုမှီ၍ အာစရိယ၀ါဒ ဂိုဏ်း သာသနာကို ထူထောင်ကြပြန်လေသည်။
ထို့ကြောင့် ပုဂံတွင် အရှင်အာရဟံ၏ အရှေ့သထုံသာသနာ တဂိုဏ်း၊ ဥတ္တရာဇီဝဆပဋ တို့၏ အနောက်သာသနာ တဂိုဏ်း၊ အရှင်သီဝလိ တဂိုဏ်း၊ ရှင်အာနန္ဒာ တဂိုဏ်း၊ ရှင်တာမလိန္ဒ တဂိုဏ်း၊ စသည်ဖြင့် ဂိုဏ်းသာသနာ သာလျှင်ထွန်းကါးလာလေသည်။
ထို့ပြင် အတင်ဂိုဏ်း၊ အရုံဂိုဏ်း၊ ဧကစာရဂိုဏ်း၊ ဗဟုစာရဂိုဏ်း၊ ကံဂိုဏ်း၊ ဒွါရဂိုဏ်း၊ လူသေလူဖြစ်ဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ သုဓမ္မာဂိုဏ်း၊ စသည်ဖြင့် ဂိုဏ်းကွဲကါ ဗမာတို့၏ ဗုဒ္ဓ သာသနာသည် ဘာသာရေးဆိုင်ရာ ပညာရှင်နှင့် ပညာရှိတို့၏ ချီးမွမ်းခံ သာသနာ အဆင့် တွင်ပရှိပေ။
ထိုထက်မက ဗမာတို့သည်၊ ဟောင်းဒိုက ဗမောင့်တယာ တေတေကနိတ် စာမသာပျား၊ စသည့် မဟုတ်က ဟုတ်က တိုင်းရင်းသား ဒေသတို့တွင် ဘာသာရေးကို ဘန်းပြ၍ လိမ်ညာ စားသဖြင့် ကရင်၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသား အများစုမှာ ဗုဒ္ဓဘာသာနှင့် ရိုးရာနတ် ကိုးကွယ်ရာမှ အုပ်ချုပ်သူ ဗမာတို့ အသုံးမကျ၍ အင်္ဂလိပ်တို့ ၀င်လာပြီးနောက် ခရစ်ယန် ဘာသာဝင်များ ဖြစ်သွားကြ လေသည်။
ထို့ကြောင့် ဗမာပြည်တွင် ထေရာဝါဒ အမည်ခံ ဂိုဏ်းသာသနာ ထွန်းကါးလာမှုကြောင့် တကျောင်း တဂါထါ တရွာတပုဒ်ဆန်း ဖြစ်လာပြီးလျှင် ဆရာများ သားသေ ဆိုသကဲ့သို့ မရှုနိုင် မကယ်နိုင် ဖြစ်လာပြီးလျှင် သာသနာ သန့်ရှင်းရေးကို လုပ်ခဲ့ကြရလေသည်။
ဗမာယဉ်ကျေးမှု
သာသနာ ၁၅၆၁ ခု သက္ကရာဇ် ၃၇၉ ခု အေဒီ ၁၀၄၄ ခုနှစ်တွင် အနော်ရထာမင်း ထီးနန်းရရှိလာပြီးနောက် ဗမာဟု အမည်ခံလာသည်မှစ၍ ပုဂံပြည်သည် နေ့ချင်းညချင်း ဇောတရ (ဣစ္ဆာသယ) ယဉ်ကျေးမှုပမာ ယဉ်ကျေးမှု၊ အနုပညာ၊ သုခုမ၊ ပန်းချီ၊ ပန်းပု၊ သာသနာ၊ စာပေ၊ ပိသုကါ၊ ၀တ်စား ဆင်ယင်၊ ထုံးဖွဲ့မှု၊ ပါမကျန် လူမျိုးတမျိုး၏ အဆင်း တန်ဆာ လက္ခဏါ ဓလေ့ထုံးစံ အပြည့်အစုံနှင့် နှစ်၂၀ အတွင်းဖြစ်တည် လာခဲ့သည်။
ဤယဉ်ကျေးမှုကို ဗမာပညာရှင်တို့က မီယန် (မျန့်) ယဉ်ကျေးမှုဟုဆိုကြသည်။ တရုပ်နိုင်ငံ ယူနန်နယ် အနောက်ပိုင်း ကန်စုနယ်မှ မီယန် (မျန့်) ဟူသော လူမျိုး တမျိုးသည် ကျောက်ဆည် နယ်မှတဆင့် မန္တလေး လွင်ပြင်သို့ ၀င်ရောက်လာသည်။ ထိုမှ အစပြု၍ မြန်မာ ယဉ်ကျေးမှု ပြန့်နှံ့လာသည်ဟု ဆိုကြသည်။ ဤကန်စုနယ်မှ ၀င်လာသော မျန့် လူမျိုးထဲတွင် ထူးဆန်းချက် နှစ်ခုကိုတွေ့ရသည်။ တစ်ခုမှာ ပါဠိနှင့် မရမာစာကို တတ်နေခြင်းနှင့် လူမျိုး နာမည်ပေးနည်း စနစ်မှာ တရုပ်နှင့် မတူဘဲ ရခိုင်နှင့် တူနေခြင်းပင် ဖြစ်သည်။ ထိုထက် အံ့သြဘွယ် အကောင်းဆုံးအချက်မှာ ပုပ္ပါးပုဂံမင်း ၅၅ ဆက်တွင် မြန်မာ (မရမ္မာ)မင်း တဦး တလေမျှ ရှာမတွေ့ဘဲ ပျူမင်းများချင်း ဖြစ်နေသည့် အချက်ပင် ဖြစ်ပါသည်။
အမှန်မှာ လူမျိုးတမျိုး ယဉ်ကျေးမှု ရှိလာရန်အတွက် နှစ်ထောင်နှင့်ချီ၍၄င်း ရာစုနှစ် နှင့်ချီ၍၄င်း ရုန်းကန်လုပ်ရှားယင်း မိမိထက်အဆင့် မြင့်သော ယဉ်ကျေးမှုကို အတု ယူယင်း တဖြေးဖြေး ချင်းတိုးတက် လာကြသည်။ နှစ် ၂၀ ဆယ် မရှိမှီ အတွင်း ခုရေတွင်းတူး၍ ခုရေကြည် သောက်ရသော ဗမာ ယဉ်ကျေးမှုမှာ အံ့သြဖွယ်ရာပင် ဖြစ်ပါသည်။
အချုပ်ဆိုရလျှင် မျန့်ဟုဆိုသော ဗမာတို့၏ မြန်မာ ယဉ်ကျေးမှုသည် နှစ်ပေါင်း ၂၀ အတွင်း မည်သူ့ထံတွင်မှ အတုယူစရာ မလိုသော ဣစ္ဆာသယ ယဉ်ကျေးမှု၊ ဣစ္ဆာသယ ဓလေ့ထုံးစံ၊ ဣစ္ဆာသယ ၀တ်စား ဆင်ယင်မှု စာပေ စသည်တို့နှင့် ပြည့်စုံသော ဣစ္ဆာသယ ပထမ ဗမာနိုင်ငံကို ထူထောင်ခဲ့ကြလေသည်။
လူမျိုးစာပေနှင့်အမူအကျင့်
ဗမာတွင်စာမရှိ၊ ဗမာစာကို မွန်တို့ထံမှရသည်ဟု ဗမာပညာရှင်တို့ လက်ခံထားကြ သည်။ ဗမာဟုဖြစ်လာသော အနော်ရထာမင်း မတိုင်မှီ ပုဂံတွင် ပျူစာပေ ထွန်းကါးခဲ့သည်။ အနော်ရထာမင်း နန်းရပြီးနောက် အရည်းကြီးသာသနာကို အယုံအကြည် မဲ့လာခဲ့သည်။ ထိုအကြောင်းကို သိသော အရည်းကြီးတို့သည် မိမိတို့ အမူအကျင့်နှင့် တထေရာတည်း တူသော ပိဌကဋ်ကို နွားသားရေပြားတွင် ရေး၍ သရေခေတ္တရာ ရသေ့ပြည်၌ သခွပ်ပင်ကြီး ကိုထွင်းကါ ထိုကျမ်းစာကို ထည့်ထားလေသည်။ သုံးနှစ်အကြာ အသားမာတက်၍ အသား စေ့လေလျှင် သာသနာပိုင် အရည်းကြီးရဟန်းက ဘိုးလောင်းတော် ဒွတ္တပေါင် မင်းကြီး၏ မြို့တော် သရေခေတ္တရာ ရသေ့ပြည်တွင် မြို့လည်၌ရှိသော ပခွတ်ပင်ကြီးထဲတွင် ပိဌကဋ် ကျမ်းစာ ရှိကြောင်း နတ်တို့အိမ်မက် ပေးလှာကြောင်း ထိုကျမ်းစာကို သွားယူရန် အနော် ရထာမင်း ထံ ပြောကြားလေသည်။ အနော်ရထာမင်း သွား၍ ရှာလေလျှင် လုံးပါတ် ၃၂ တောင်ရှိ သခွတ်ပင် ကြီးထဲတွင် အရည်းကြီးတို့၏ အကျင့်နှင့် တထေရာတည်း တူသော ပိဌကဌ်ကျမ်းစာကို ရလေသည်။ ဤသည်မှာ ပျူစာရှိကြောင်း အထောက်အထား ပင်ဖြစ် သည်။ ပျူယဉ်ကျေးမှုသည် မွန်ယဉ် ကျေးမှုထက် ရှေးကျသည်။ မွန်စာ၊ ပျူစာ၊ ရခိုင်စာ၊ လူမျိုး ၃ မျိုးမှာ အနွယ်မတူသော်လည်း စာမှာ အတူတူပင် ဖြစ်သည်။ ဗမာစာ ဟုခေါ်သော မြမ္မာစာကို မွန်တို့ထံမှရသည်ဟု အလွယ် တကူ လက်ခံလိုက်ကြခြင်း အားဖြင့်၎င်း ပျူ ကိုဖျောက်၍ ဗမာ ဟုဖြစ်လာပြီးမှ မြန်မာဟု တဖန် လူမျိုးပြောင်းလာခြင်းကို အလွယ်တကူနှင့် လက်ခံလိုက် ကြခြင်းဖြင့်၎င်း ဗမာ့စစ်ဝါဒ၏ ဆိုးခဲ့ မိုက်ခဲ့ ပေခဲ့သော အကြောင်းအရာတို့ကို အလွယ်တကူ ခေတ်ရေစီးကြောင်း ထဲသို့ မျောပါသွားနိုင်ခဲ့လေသည်။
တနှစ်အရ သင်္ကြန်ကျဟု ဌာနမြန်ပြည် သမုဒ်သည်ကို အတည်တွက်ဆ ခဆပဉ္စာ သက္ကရာကို ရာဇာအမွန် စောရဟန်တည့် ပုဂံရွှေမောက် ခြေဖျောက်ကြွင်းရစ် အစနှစ်မှ တွက်စစ်ကောဇာ နှစ်သင်္ချာကါး၊ ဤသည်မှာ အမျိုးအနွယ်ကို အောက်မေ့စွာဖြင့် ဗမာအစ ပျူမှ ဟု ရေးဖွဲ့ထားသော နှစ်စဉ်ထုထ် သင်္ကြန်စာပင်ဖြစ်ပါသည်။
မြန်မာနှင့်ပျူ
မြန်မာ (MIEN မီယန် မျှန့်) အမည်ခံ လူမျိုးတမျိုးသည် တရုပ်နိုင်ငံ ယူနန်နယ် အနောက်ပိုင်း ကန်စုဒေသမှ တဆင့် ကျောက်ဆည်နှင့် မန္တလေး လွင်ပြင် ဒေသသို့ ၀င်ရောက် နေထိုင်လာကြသည်ဟု ဗမာပညာရှင်များက ဆိုသည်။ ထိုထက်မက သာဂီဝင် မင်းမျိုးဟု ဆိုကြပြန်သည်။ သာဂီဝင်သည် အိန္ဒိယ၊ မျန့်သည် တရုပ် လွန်စွာ ဝေးကွာလွန်းလှသည်။ ထို့ပြင် ပုဂံမင်း ၅၅ ဆက်တွင် သာဂီဝင် မင်းတပါးမျှ မရှိသလို မျန့် မင်းလည်း တယောက်မှ မရှိသည်ကို တွေ့ရသည်။ ပုပ္ပါးပုဂံမင်း ၅၅ ဆက်တွင် ၄၂ ဆက်မြှောက် သီရိအနုရုဒ္ဓဒေ၀ (၄၀၆ ၄၃၉) အနော်ရထာ (ပါဠိပျက် အနှောရသား၊ ဗိုလ်မင်းထောင်နေ ရခိုင်သားတို့၏ စကား) ကိုစံထား၍ ရှေ့မင်းများမှာ စုက္ကတေး ကွန်းဆော် ကျဉ်စိုး တောင်သူကြီး ကြောင်ဖြူ စောရဟန်း ငတပါး စလေငခွေး သိန်းခိုးမင်း ရွှေမောက်တော် ရွှေအုန်းသီး ထွန်ချစ် ထွန်ပစ် ထွန်ထိုက် ထီးမင်းယဉ် ယဉ်မင်းပိုက် ပိုက်သေလေ သေလေကြောင် ကြောင်ဒူရစ် ပျဉ်ပျား စောခင်နှစ် သမုဒရစ် ဤမင်းအားလုံးမှာ ပျူမင်းများ ဖြစ်သည်။ အနော်ရထာမင်း နောက်မှ ဆက်ခံသော မင်းများမှာ စောလူး ငရမန် ကျန်စစ်သား အလောင်းစည်သူ နရပတိ စသည် တို့မှာလည်း ပျူ လူမျိုးများချည်း ဖြစ်နေသည်။
ဤပုဂံခေတ် အုပ်ချုပ်သူ အားလုံးမှာ ပျူ လူမျိုးများသာဖြစ်၍ ဗမာသမိုင်းဆရာ များကမူ အနော်ရထာမင်းမှစ၍ ပထမ မြန်မာနိုင်ငံကို တည်ထောင်သော မြန်မာမင်းများ ဟုသာဖေါ်ပြကြလေသည်။
ဗမာတို့၏ လက်ဆုပ် လက်ကိုင် မပြနိုင်သော ကန်စုဒေသမှ မျန့်ယဉ်ကျေးမှုသည် ကိုယ့်ထီးကိုယ့်နန်း ၀တ်စားဆင်ယင်မှု အပြည့်အစုံနှင့် ရှိနှင့်ပြီးသော ပျူယဉ်ကျေးမှုမှ မြန်မာ ယဉ်ကျေးမှု ဖြစ်လာခြင်းသည် သမိုင်းလိမ် သက်သက်သာ ဖြစ်လေသည်။
အရှင်ဇနကဘိဝံသနှင့်စစ်တပ်
တောင်မြို့ဆရာတော်ဘုရားဟု အမည်တွင်သော အရှင်ဇနကဘိဝံသသည် ၁၃၁၃ ခု ကဆုန်လတွင် မင်္ဂလာဒုံစစ်တပ်၌ တရားဟောလေသည်။ ထိုတရားပွဲ၌ ဆရာတော်က စစ်တပ်နှင့် သာသနာသည် နိုင်ငံတော်၏ အားထားရာဖြစ်သည် ဟုဟောကြားလေသည်။ ဤကဲ့သို့ပင် အုပ်ချုပ်သူ လူတန်းစားနှင့် စစ်တပ်ကို ချီးမွမ်းမြှောက်ပင့်သော တရားများကို အစိုးရနှင့် ပဏါသင့်သော ရဟန်းများ ဟောကြလေသည်ပင် ဖြစ်၏။
အရှင်ဇနကဘိဝံသ ကဲ့သို့ မါရမီရှင် ကျမ်းတတ် ရဟန်းတော်များ၏ စစ်တပ်ကို ဘက်လိုက်၍ မြှောက်ပင့်မှုကြောင့်၎င်း၊ အုပ်ချုပ်သူ ဗမာအစိုးရ၏ ဖူးဖူးမှုတ်၍ မြှောက်ပင့်သော အပြုအမှု များကြောင့်၎င်း စစ်တပ်သည် မကေါင်းမှု မှန်သမျှကို ပြုလုပ်၍ ထင်ရာစိုင်းနေခြင်း ဖြစ်လေသည်။ ဤသည်ကြောင့်ပင်လျှင် ဗမာ့စစ်ဝါဒ သက်ဆိုးရှည်နေခြင်း ဖြစ်လေသည်။
လူမိုက်ကိုဆရာတင်သည့်ဗမာ့စစ်ဝါဒ
အာဏါရ ဗမာလူတန်းစားနှင့် အာဏါရရှိရန် ကြံနေသော အဖွဲ့အစည်း လူပုဂ္ဂိုလ်တို့ပါ မကျန် ပြည်ထောင်စု ပြိုကွဲမည်ကို ကြောက်နေကြသည်။ စိုးရိမ်နေကြသည်။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နှင့် ဟုဆိုသော လူမိုက်ကို ဆရာတင်သည့် ဗမာစစ်ဝါဒကြောင့်၎င်း လူမိုက် ကို အာဇာနည်ဟု မှတ်ယူသော ဗမာစစ်ဝါဒနှင့် တိုင်းရင်းသားတို့၏ ရိုးသားသော အယူဝါဒ နှစ် ခုမှာ မတူညီသောကြောင့် ဖြစ်သည်။
ဗမာတို့၏ သမိုင်းဝင် အာဇာနည် လေးဦးမှာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ တို့ဖြစ်သည်။ ကျန်စစ်သား။ ။ အနော်ရထာမင်းထံ ဆက်သော ခင်ဦးကို လမ်းတွင်ပြစ် မှားသောသူ၊ အဖမွှမ်းသော အနော်ရထာမင်းနှင့် ခင်ဦးရပြီး၍ အနော်ရထာမင်း သေပြီးနောက် ကျန်စစ်သား မင်းဖြစ်လာသောအခါ ခင်ဦးကို မိဖုရားမြှောက်ခြင်းသည် အမိကို မယားလုပ်ခြင်း ပင်ဖြစ်သည်။ ဘုရင့်နောင်။ ။ ရုပ်ရည်ချောမောလှပသော ခင်စိမ်းကလေးကို မစူးစမ်း မဆင်ခြင် ဘဲ မိဖုရားမြှောက်ရန်ကြံသောသူ၊ ခင်စိမ်းကလေးသည် ဘုရင့်နောင်၏ သမီးအရင်း ဖြစ်သည်။ အလောင်းဘုရား။ ။ ဗုဒ္ဓဘာသာဘုရင်ဟု ဘိသိတ်ခံလျှက် ကိုယ့်တိုင်းပြည်မှ ဘုရားကို မဖျက် ဇင်းမယ်မှ ဘုရားကိုဖြိုဖျက်ခြင်းသည် ကိုယ့်ထက်သါ မနာလိုသော ဗမာ့စစ်ဝါဒ။ ဗန္ဓုလ ။အခွင့် အရေးကို မရ ရသည့် နည်းနှင့် ယူရမည်ဟု ခံယူချက်ရှိ၍ အာဏါကို ရယူသောသူ။ ဤသို့ ဗမာတို့၏ စာရိတ္တကြမ်းနှင့် စစ်ဝါဒသည် တိုင်းရင်းသားတို့နှင့် အံဝင်မှုမရှိသည်ကို တွေ့ရ ပေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် ဗမာတို့ကိုသာ ကျေးဇူးပြုခဲ့ပြီး တိုင်းရင်းသားတို့အပေါ် မည်သို့သဘောထား ရှိသည်ကို၊ စကါးနှင့် အလုပ် ညီမညီ ဆိုသည်ကို၊ စမ်းသတ်မခံခဲ့ရ သေးပေ။ ထို့ကြောင့် လူမိုက်ကို အာဇာနည်ဟု မှတ်ယူသော ဗမာ့စစ်ဝါဒ ရှိနေသမျှ ကါလ ပါတ်လုံး ၊ အနစ်နာခံပါသည် ဟုဆိုကါ သကါလူးသော အဆိပ်သီးကို တိုင်းရင်းသားတို့ကို စားစေသော ဗမာ့စစ်ဝါဒ ရှိနေသမျှ ကါလပါတ်လုံး ပြည်ထောင်စု မကွဲပါဟု မည်သူမျှ အာမခံ နိုင်လိမ္မည် မဟုတ်ပါ။ ဗမာသည် မိမိအမှားကို သူများအပေါ် အပြစ်တင် ပုံချလေ့ ရှိတတ်ရာ ဗမာနှင့်အတူ နေထိုင်ရခြင်းသည် အလွန်ဒုက္ခရှိလေသည်။
မတရားအကြမ်းဘက်ခြင်း
(က) လူမျိုးရေးအရ၀ါးမျိုပစ်ခြင်း
လူမျိုးတမျိုးကို တခြားလူမျိုး တမျိုးက ၀ါးမျိုပစ်နိုင်ရန်အတွက် လိုအပ်သည်မှာ
(၁) စနစ်ကျသော လူ့အဖွဲ့အစည်း တရပ်ရှိခြင်း
(၂) ဘာသာရေးအဖွဲ့အစည်းရှိခြင်း
(၃) ခေတ်မှီလက်နက်ကိရိယာရှိခြင်း
(၄) စာပေယဉ်ကျေးမှု စသော ၀ါဒဖြန့်ချီမှု အားကေါင်းခြင်း
အထက်ပါ အချက်များသည် လူမျိုးတမျိုးကို ၀ါးမျိုပစ်နိုင်ရန် အဓိက လိုအပ်ချက် မျးပင် ဖြစ်သည်။ လူမျိုးတမျိုးသည် တခြားလူမျိုးအပေါ် အထင်ကြီးခြင်းသည် လူမျိုးရေးအရ ၀ါးမျိုခံရခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် နှစ်ကြာလာသည်နှင့် အမျှ မိမိလူမျိုး၏ စရိုက် လက္ခဏါများ ကွယ်ပျောက်၍ တခြားလူမျိုးတို့၏ စရိုက် လက္ခဏါများ ပီပြင်လာကါ လူမျိုးရေး အရ သွေးနှော ၀ါးမျိုခြင်းကို ခံရလေတော့သည်။
(ခ) စီးပွားရေးအရ၀ါးမျိုပစ်ခြင်း
လူမျိုးတမျိုး ခေတ်မှီ တိုးတက်ရန်အတွက် ဆိုလျှင် ထိုလူမျိုး၌ စီပွားရေး အခြေခံ မဏ္ဍိုင် ရှိရန် လိုအပ်လေသည်။ လူမျိုးတမျိုး၏ တိုးတက်မှုကို ဖြစ်စေသော စီးပွားရေး မဏ္ဍိုင်ကို အာဏါရ အစိုးရသည် ဖျက်ဆီးပစ်လိုက်သောအခါ ထိုလူမျိုး၏ စီးပွားရေး ကျဆင်းမှုဒါဏ် ကြောင့် လူ့အဖွဲ့အစည်း တခုလုံးသည်လည်း ကစင့်ကလျှား ဖြစ်သွားလေ သည်။ ထိုနည်းအတူ အားနဲသူကို အားများသူက စီးပွားရေးအရ ၀ါးမျိုခံရသောအခါ တဦးချင်း အလိုက် အဖွဲ့အစည်းအလိုက် နိုင်ငံအလိုက် သြဇာခံဘ၀ အနှိမ်ခံဘ၀သို့ ကျရောက်သွား လေသည်။( မှတ်ချက်။ ပညာရှင် အဆင့်သာ မြင်နိုင်စွမ်းရှိသည်။
(ဂ) နိုင်ငံရေးအရဖိနှိပ်ခြင်း
လူတဦးဖြစ်စေ တဖွဲ့ဖြစ်စေ တနိုင်ငံဖြစ်စေ အာဏါစက် တည်မြဲလို၍၄င်း အာဏါရရှိ လို၍၄င်း တခြားအဖွဲ့အစည်း တခြားလူမျိုး တခြားနိုင်ငံတို့ အပေါ်တွင်၎င်း မိမိလူမျိုး မိမိနိုင်ငံ တွင်းရှိ တခြား အဖွဲ့အစည်းတို့ အပေါ်တွင်၎င်း နိုင်ငံရေကို ခုတုံးလုပ်၍ အကြမ်းဘက် အနိုင်ကျင့်လေသည်။ ဤသို့နိုင်ငံရေးအရ ဖိနှိပ်ညှင်းပန်း အနိုင်ကျင့်သည်ကို လူများစုသိနိုင် မြင်နိုင်စွမ်း ရှိကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအာဏါရှင်တို့၏ ဆိုးကျိုးမှန်သမျှကို လူအများစု ခံရသောကြောင့် ဖြစ်လေသည်။ပြီး)))))
(ဃ) ဥပဒေဖြင့်ဖိနှိပ်ခြင်း
အုပ်ချုပ်သူ သို့မဟုတ် အဖွဲ့အစည်းတရပ်သည် မိမိအာဏါတည်မြဲလို၍ ပြည်သူထူထုနှင့် ဆန့်ကျင်သော ဥပဒေကို ပြဌာန်းခြင်းသည် ဥပဒေဖြင့် ဖိနှိပ်ခြင်းပင်ဖြစ်သည်။ ပြည်သူလူထု ဆန္ဒနှင့် မကိုက်ညီသော ဥပဒေ ပြဌာန်း၍ ပေါ်ပေါက်လာသော ဆိုးကျိုးများသည် အာဏါရ လူ့အဖွဲ့အစည်း နှင့်သာသက်ဆိုင် အကျုံးဝင်လေသည်။ သို့သော်အာဏါရ ထိုအဖွဲ့ အစည်း သည် ပြည်သူလူထု ဆန္ဒနှင့် မကိုက်ညီသော ဥပဒေ ပြဌာန်း၍ ဆိုးကျိုးများ ဖြစ်ပေါ်လာသည့် အခါ တာဝန်မယူဘဲ ပြည်သူလူထုနှင့် တခြားအဖွဲ့ အစည်းတို့ကိုသာ အပြစ်ပုံချလေ့ရှိသည်။
(င) ဘာသာရေးကိုအသုံးချခြင်း
စစ်မှန်သော ဘာသာရေး သမားမည်သည် မည်သည့်အခါကမျှ အာဏါ ရရှိရန် ကြိုးပန်းဆောင်ရွက်ခြင်း မရှိပေ။ အာဏါ လိုလားသူ တို့သည်သာလျှင် ဘာသာရေးကို ခုတုံး လုပ် အသုံးချကြလေသည်။ ဘာသာရေးသည် လောကုတ္တရာဖြစ်၍ အာဏါသည် လောကီရေး သာဖြစ်သည်။ ထိုနှစ်ခုမှာ တကွဲတပြားစီ ဖြစ်သော်လည်း အာဏါလိုလား သူတို့က ဘာသာ ရေးကို အကြောင်းပြကါ အာဏါကို ချဲ့ထွင်ကြလေသည်။ ထိုကြောင့်ပင် ဘာသာရေးမှာ အာဏါ၏ အသုံးချခံ ဘ၀သို့ ရောက်သွားပြီးလျှင် နယ်ချဲ့မှုအစ လူသတ်မှုအဆုံး အကြမ်း ဘက်မှု မျိုးစုံကို ကျူးလွန် လေတော့သည်။ ဘာသာရေး ခေါင်းဆောင်များသည် အုပ်ချုပ်သူ အာဏါရ လူတန်းစား၏ အသုံးချခံဘ၀သို့ ရောက်သွားသောအခါ အာဏါရှိသူတို့၏ ပြည်သူ လူထု အပေါ် အကြမ်းဖက် လာခြင်းသည် ပို၍ဆိုးဝါး လာလေ တော့သည်။
(၃) အကြမ်းဘက်မှု
(က) တဦးချင်းအကြမ်းဘက်မှု
လောဘ(ငွေကြေးဥစ္စာ) ဒေါသ(ပေါက်ကွဲလွယ်သောမသိစိတ်) မောဟ (အသိညာဏ် ကင်းသော တဏှာအမှောင်) အ၀ိဇ္ဇာ (မှားမှန် မခွဲခြားနိုင်သောစိတ်) စသည်တို့ကြောင့် တဦးချင်း အကြမ်းဘက်မှုကို ဖြစ်ပေါ်စေလေသည်။ ထို့ကြောင့်ပင်လျှင် ခိုးမှု လုယက်မှုမှ မုဒိန်း မှု ပြန်ပေးမှု လူသတ်မှု အထိ အကြမ်းဘက်မှု မျိုးစုံကို ဖြစ်ပေါ်စေလေသည်။
(ခ) အဖွဲ့လိုက်အကြမ်းဘက်မှု
(၁) ဘာသာရေးယုံကြည်မှု အရ အကြမ်းဘက်၍ လူထုကို ဆိုးကျိုးများဖြစ်ပေါ်စေမှု
(၂) အဖွဲ့ငယ်များဖွဲ့၍ အကြမ်းဘက်မှု ကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်စေမှု
(၃) အယူဝါဒတူသူများ စုပေါင်း၍ အသင်းဖွဲ့ကါ အကြမ်းဘက်ခြင်းကြောင့်
ဆိုးကျိုးများ ဖြစ်ပေါ်စေမှု
(၄) နိုင်ငံ၏ အချုပ်အချာ အာဏါကို အသုံးပြု၍ မတရား အကြမ်းဘက်ရာမှ
ဆိုးကျိုးများ ဖြစ်ပေါ်စေမှု
ဘာသာရေးဂိုဏ်း ဓါးမြဂိုဏ်းမှ ပါတီ စစ်တပ် နိုင်ငံတော်အာဏါ အထိ အဖွဲ့လိုက် အကြမ်းဘက်မှုကို ဖြစ်ပေါ်စေလေသည်။ ဤအဖွဲ့လိုက် အကြမ်းဘက်ခြင်းသည် လူထုကို အကြီးအကျယ် ထိခိုက် နစ်နာ ဆုံးရှုံးစေလေသည်။
(ဂ) နိုင်ငံအလိုက်အကြမ်းဘက်မှု
နိုင်ငံတခုကို အုပ်ချုပ်သူ အာဏါရှင်သည်၎င်း ပါတီ အဖွဲ့အစည်း သည်၎င်း တခုခုသော အကြောင်းကို ရမယ်ရှာ၍၄င်း အကြောင်းပြ၍၄င်း တခြားနိုင်ငံတခုခုကို ၀င်ရောက်ကျူးကျော် လေသည်။ ထို့ကြောင့်ပင် အတိုက်ခိုက်ခံရသော နိုင်ငံတွင် အကြမ်းဘက်မှု မျိုးစုံကို တွေ့ကြုံရ လေတော့သည်။
(ဃ) နိုင်ငံပေါင်းစုအကြမ်းဘက်မှု
နိုင်ငံတခုသည် မိမိနှင့်ဝါဒတူ အကျိုးစီးပွားတူ ဘာသာအယူတူ စသောအကျိုး စိးပွား တခုခုအတွက် တခြားနိုင်ငံတခု သို့မဟုတ် နိုင်ငံစုံနှင့် အသင်းအဖွဲ့ ဖွဲ့ကါ အကြမ်းဘက်မှုကို လုပ်ဆောင်သဖြင့် နိုင်ငံပေါင်းစု အကြမ်းဘက်မှုကို ဖြစ်ပေါ်စေသည်။
(င) အကြမ်းဘက်မှုကိုဖြစ်စေသောနိုင်ငံထူထောင်ခြင်း
(က) ဌာနေလူမျိုးနှင့်ကျူးကျော်သူလူမျိုးများပြသနာ
မူလဒေသနေ လူမျိုးတမျိုးသည် မိမိနေရင်းဒေသ၌ မိမိယဉ်ကျေးမှုနှင့် ဆက်နွယ် ကါ နိုင်ငံထူထောင်နိုင်ပြီး အချုပ်အချာ အာဏါကို ရယူနိုင်သည်။ မူလဒေသ ဌာနေတိုင်းရင်း လူမျိုးတို့ နေထိုင်ရာသို့ ကျူးကျော်နေရာယူ ခြေချလာသော တခြားလူမျိုးတို့ကို နိုင်ငံ တခုခု က၄င်း နိုင်ငံပေါင်းစုက၄င်း
(၁) စစ်ရေးနှင့်နိုင်ငံထူထောင်ပေးခြင်း
(၂) အာဏါရရှိရန်ဖန်တီးပေးခြင်း
(၃) ဘာသာရေးကိုအကြောင်းပြ၍နိုင်ငံထူထောင်ပေးခြင်း
(၄) ဥပဒေဖြင့်နိုင်ငံထူထောင်ပေးခြင်း
(၅) လူဦးရေဖြင့်နိုင်ငံထူထောင်ပေးခြင်း
(၆) နိုင်ငံ၏အရင်းအမြစ်များကိုခွဲဝေရာတွင်ညီမျှသည်ဟုမထင်ခြင်း
စသည့် အချက်အလက်များသည် ဌာနေလူမျိုးများနှင့် ကျူးကျော်နေထိုင်သူ တို့၏ ပဓိပက္ခကို အကြီးအကျယ် ဖြစ်ပွားစေသည့်အတွက် ရေရှည်တွင် အကြမ်းဘက်မှု မျိုးစုံကို ဖြစ်ပွားစေ လေသည်။ပြီး)))
(ခ) အကြမ်းဘက်၍နိုင်ငံထူထေင်ခြင်း
လူမျိုးတမျိုးတွင် နိုင်ငံထူထောင်ရန် အခြေခံရှိရမည့် အချက်များမှာ
(၁) ဓါးမဦးချ နယ်မြေရှိခြင်း (သို့)ထိုနယ်မြေဒေသမှ ယဉ်ကျေးမှုထွန်းကါးလာခြင်း
(၂) အုပ်ချုပ်ရေးစနစ်ရှိခြင်း(သို့) နိုင်ငံထူထောင်၍ နေထိုင်ခဲ့ခြင်း
(၃) ဘာသာအယူဝါဒရှိခဲ့ခြင်း
(၄) တရားစီရင်ရေးနှင့် မြို့ရွာအုပ်ချုပ်ရေးစနစ်ရှိခဲ့ခြင်း
(၅) စာပေ အနုပညာ နှင့်ပိသုကါပညာ တို့နှင့်ထိုလူ့အဖွဲ့အစည်းကို ဦးဆောင်ခဲ့ခြင်း
အထက်ဖေါ်ပြပါ အချက်အလက်များနှင့် မပြည့်စုံသော လူမျိုးတမျိုးကို မည်သည့် အကြောင်းပြချက်နှင့်မဆို နိုင်ငံတခုက၄င်း နိုင်ငံပေါင်းစုက၄င်း အဖွဲ့အစည်းတခုခုက၄င်း ဘာသာတခုခုက၄င်း ၊ ထိုနယ်မြေပေါ်တွင်၎င်း တစိတ်တဒေသတွင်၎င်း နိုင်ငံထူထောင်ပေး ခြင်းသည် တရားမ၀င်နိုင်ငံ ထူထောင်ခြင်း သို့မဟုတ် အကြမ်းဘက်၍ နိုင်ငံထူထောင်ခြင်းပင် ဖြစ်သည်။
ဤသို့နိုင်ငံထူထောင်ခြင်းသည် တချိန်ချိန်တွင် အကြမ်းဘက်မှုကို မုချဖြစ်ပေါ်လိမ္မည် ဖြစ်သည်။ ထို့ပြင်နိုင်ငံတခုက နိုင်ငံတခု၏ ဒေသအစိတ်အပိုင်း တခုကို ၀င်ရောက်သိမ်းပိုက်၍ သော်၎င်း တနည်းနည်းနှင့်သော်၎င်း ထိုဒေသနေလူများကို နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း တခြားနိုင်ငံတို့ကို အသိအမှတ်ပြုစေခြင်း ထိုအသိအမှတ်ပြုသည်ကို ကုလသမဂ္ဂသည် ထောက်ခံ၍ နိုင်ငံအဖြစ် အသိအမှတ်ပြုကါ အကါအကွယ်ပေးခြင်းသည် အကြမ်းဘက်၍ နိုင်ငံ ထူထောင်ပေးခြင်းပင် ဖြစ်သည်။
ကုလသမဂ္ဂနှင့်အကြမ်းဘက်မှု
ဒုတိယ ကမ္ဘာစစ်အပြီး ကုလသမဂ္ဂဟူ၍ နိုင်ငံပေါင်းစုံ အဖွဲ့အစည်း တရပ်ပေါ်ပေါက် လာသည်။ ထို့ပြင် ကိုလိုနီနိုင်ငံ အများစုမှာ လွပ်လပ်သော နိုင်ငံဖြစ်လာကြသည်။ ကုလသမဂ္ဂ ကိုဖွဲ့စည်းရခြင်း၏ အနှစ်သာရမှာ ယဉ်ကျေးမှု မြင့်မားသော ဓနဥစ္စာကြွယ်ဝသော ခေတ်မှီ တိုးတက်သော အမျိုးအနွယ် ဆက်စပ်မှုရှိသော နိုင်ငံအလိုက် စစ်မက်ဖြစ်ပွားခြင်း ဗိုလ်ကျချယ် လှယ်ခြင်း ကိုလိုနီထူထောင်၍ သြဇာခံပြုလုပ်ခြင်း စသည်တို့ကို ရှောင်ရှား၍ ခေတ်မမှီသော နိုင်ငံနှင့် လူမျိုးတို့အပေါ် အနုနည်းနှင့် ချယ်လှယ်ချင်သော ကြောင့်ဖြစ်သည်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ကိုလိုနီစနစ် ချုပ်ငြိမ်းသွားသည်ဟု ဆိုကြသော်လည်း ကမ္ဘာအနှံ့အပြားတွင် ကိုလိုနီစနစ်သစ်နှင့် ကိုလိုနီ လက်သစ်ဝါဒ ရှိနေဆဲ ဖြစ်သည်။
ထို့ပြင်အဖွဲ့လိုက် အကြမ်းဘက်မှု ပါတီလိုက် အကြမ်းဘက်မှု နိုင်ငံအလိုက် အကြမ်း ဘက်မှု လူမျိုးရေး အကြမ်းဘက်မှု တို့ကိုလည်း တရားမျှတစွာ ဆောင်ရွက်မပေးနိုင်ခဲ့ပေ။ ကမ္ဘာတွင် ဒီမိုကရေစီ မရှိဆုံးအဖွဲ့ကိုပြပါဆိုလျှင် ကုလသမဂ္ဂကို ပြရမည်ဖြစ်သည်။ ကုလ သမဂ္ဂသည် ဓနဥစ္စာအောက်တွင် နစ်မွန်းကါ ကြားဝင်ဖြန်ဖြေ ပေးရသော အဖွဲ့အဖြစ်သာ နိုင်ငံကြီးများ၏ အသုံးချခံ ဖြစ်နေရသည်။ ထို့ကြောင့် ကုလသမဂ္ဂ၏ အာဏါသည် ကမ္ဘာ့နိုင်ငံ အားလုံးသို့ ညီမျှစွာ မရောက်ရှိသမျှ ကါလပတ်လုံး ကမ္ဘာတွင် နိုင်ငံထူထောင်ခွင့် ရှိသော လူမျိုးတို့၏ အာဏါစက်တည်ရာဌာန တခုမဖြစ်မချင်း အကြမ်းဘက်မှုကို တရားမျှတစွာ ဆောင်ရွက်နိုင်သော ဆုံးဖြတ်နိုင်သော အဖွဲ့အစည်းတရပ် ဖြစ်လာမည် မဟုတ်ပေ။
ဗမာတို့၏ဗုဒ္ဓဘာသာကိုးကွယ်မှုစနစ်
အလောင်းစည်သူနှင့်ဗုဒ္ဓဘာသာ
ပုဂံပြည် အလောင်းစည်သူမင်း လက်ထက် ရခိုင်မင်းသား လင်္ကျာမင်းနန်ကို နန်းတင်ရန် ဗမာနှင့် မွန်ပူးပေါင်း၍ စစ်ချီ လာလေသည်။ လင်္ကျာမင်းနန်ကို နန်းတင်ပြီးနောက် ရုပ်ရှင်တော် မဟာ မြတ်မုနိကို ဗမာတို့ ယူဆောင်၍ မရသဖြင့် ဖိုကျင်တထောင် ထိုး၍ အရည် ဖျော်လေသည်။ ကြောကုန်းမှ ရွှေနှင့် ရတနာ တို့မှာ အရည်ပျော်၍ ယူဆောင်ကြ လေသည်။ မဟာမြတ်မုနိ ဘုရားတကိုယ်လုံး အရည်မပျော်သဖြင့် ဗမာတို့သည် ဘယ်ဖက် လက်တော်ကို ဖြတ်၍ ယူကြလေသည်။ မွန်တို့မှာလည်း ခြေထောက် ပေါင်ကို ဖြတ်ယူကြလေသည်။ ရခိုင် သားအဆက်ဆက် ပြောလာသော စကား တခွန်းမှာ အရှေ့ပြည်(ဗမာပြည်)မှာ ဘုရားရှိ၏ တရားမရှိ ဟူ၍ ဖြစ်ပါသည်။
ညောင်ကန်ဆရာတော်၏ရခိုင်ပြည်ကိုသိမ်းယူခြင်းအကြောင်း
ညောင်ကန်ဆရာတော်ကို ညောင်ကန်ရွာတွင် သက္ကရာဇ် ၁၁၁၅ ခု တွင်မွေးဖွား ခဲ့သည်။ အသက် ၁၅ နှစ်တွင် သာမဏေ ဖြစ်လာသည်။ ၁၁၈၃ ခု သက်တော် ၆၈ နှစ် သိက္ခါ ၄၈ ၀ါတွင် ပျံလွန်တော်မူသည်။
ထိုညောင်ကန်ဆရာတော် ရေးသားသော ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုထဲ၌ ရခိုင်ပြည်ကို သိမ်းယူခြင်း အကြောင်းကို ဤသို့ရေးထားပါသည်။
ဘုန်းတော်အလွန်တရာ ကြီးမြတ်လှသော ဆင်ဖြူများရှင် ဘ၀ရှင်တရားမင်းမြတ် သားတော်အကြီး မဟာဥပရာဇ်သည် အလွန်တရာ ခဲယဉ်းစွာသော ရခိုင်ပြည်ကြီးကို သိမ်းယူ တော် မူပြီး၍ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့၏ စီးပွားချမ်းသာ အကျိုးငှါ ပင့်ဆောင် တော် မူခဲ့သော မဟာမုနိ ဘုရားရှင်၏ အရှေ့မျက်နှာ အရပ်၌ မဟာဥပရာဇ်၏ မယ်တော်အရှင် မိဖုရားမြတ်သည် ဆောက်လုပ်အပ်သော မင်္ဂလာဘုံကျော် ကျောင်းတော်နေ ညောင်ကန် ဆရာတော်သည် မြန်မာ ပြန်ဆိုအပ်သော ဧကဒသကနိပါတ် ဇာတ်ဝတ္ထုသည် ဤမျှသော သဒ္ဒါ၏ အစဉ်အနက်၏ အစဉ်အားဖြင့် အပြီးသို့ရောက်၏။
ဤသည်မှာဗုဒ္ဓဘာသာ နိုင်ငံတခုကို ဗုဒ္ဓဘာသာနိုင်ငံတခုက တိုက်ခိုက်၍ မဟာမြတ် မုနိဘုရား နှင့်တကွ စေတီယင်္ဂဏ ပစ္စည်းတို့ကို မတော်မတရား ယူဆောင်၍ သူတပါး ဘုရားကို ကိုယ့်ဘုရားအဖြစ်ပြုကါ ရှေ့ခိုး၍ ပီတိသောမနသ လောဘဇော မည်သို့ ရှိကြောင်း ကို သာသနာပိုင် အကျော်အမော် ဆရာတော်ပါး၏ မူရင်းစိတ် အမှန်အတိုင်း ရေးသားထားခြင်း ပင်ဖြစ်ပါသည်။
စစ်တိုက်၍ နိုင်ငံတခုကို မတရား ကျူးကျော် သိမ်းယူခြင်းကို ရဟန်းတော်တပါး အနေနှင့် သံဝေဂ မယူဘဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရခြင်းမှာ ဗုဒ္ဓဘာသာ အစစ်အမှန် စိတ်ဓါတ် ရှိမရှိ ကိုဆုံးဖြတ်၍ ရနိုင်လေသည်။
ညောင်ကန်ဆရာတော်နှင့်အဌကဌာ
၁၁၄၆ ခုနှစ်မတိုင်မှီက ဗမာပြည်တွင် အဌကဌာ မရှိပေ။ ရခိုင်ပြည်ကို သိမ်းယူပြီး နောက်မှ ဗုဒ္ဓတရားတော် အဌကဌာများကို ဗမာတို့ ရရှိသွားခြင်း ဖြစ်သည်။ ထိုအဌကဌာ နီကါ များသည် အသျှင်မဟာ ဗုဒ္ဓဃောသ မထေရ်၏ ပါဠိအသံ အတိုင်း မရမာဘာသာ ရခိုင်စာ ဖြင့် ရေးခဲ့ သော ကျမ်းစာများ ဖြစ်သည်။
ထိုအဌကဌာများကို ပါဠိ(အနက်) ကို မတတ်သူတို့ အတွက် ညောင်ကန် ဆရာတော် သည် စကါးပြေဖြင့် ရေးသားခဲ့သည်။ ထို့ကြောင့်ပင် ဗုဒ္ဓစာပေများကို ဗမာတို့ တတ်သိ နား လည် လာခြင်း ဖြစ်သည်။
နုတ်ခမ်းမွေးနှင့်ဘုရား
ရှေးကမန္တလေး တောင်ပေါ်တွင် မုတ်ဆိပ်မွေးကျင်စွယ်နှင့် ရပ်တော်မူဘုရား တပါးကို ဗမာဘုန်းကြီးတို့ တည်ထားကိုးကွယ်လေသည်။ တပည့်တကါတို့က ထိုဘုန်းကြီးထံ မုတ်ဆိပ် မွေးကျင်စွယ်နှင့် ဘုရားမှာ သင့်ပါ့မလား ဟုလျှောက်ကြလေသည်။ ထိုအခါ မန္တလေး ဘုန်းကြီး ကနုတ်ခမ်းမွေးလဲ ကျယ်တာဘဲ မုတ်ဆိပ်မွေးလဲ ကျယ်တာဘဲ မျှက်ခုံးမွေးလဲ ကျယ်တာဘဲ ဆံပင်မွေးညင်းကအစ သိပ်ကြည်ညိုစရာ ကေါင်းတာပေါ့ ဟုဖြေသည်။ အဓိပ္ပါယ်မှာ ဆံပင်မွေး ညှင်းကအစ ၃၂ သောဌာသ အားလုံးကြည်ညိုစရာဘဲ ဟုဆိုလိုရင်း ဖြစ်ပါသည်။ မုတ်ဆိတ် မွေးကြင်စွယ်နှင့် ဘုရားတည်သော အကြောင်းကို မန္တလေးနယ် တခုလုံးမက တချို့တချို့ နယ် တိုင်အောင် ပြန့်နှံ့သွားလေသည်။
မုတ်ဆိတ်မွေးကျင်စွယ်နှင့် ဘုရားတည်သည့် အကြောင်းကို တပည့်တကါတို့က လယ်တီဆရာတော် ဦးညာဏထံ ဘုရားနှင့် နှုတ်ခမ်းမွေး သင့်မသင့် မေးလျှောက်ကြ လေ သည်။ ထိုအမေးကို ဆရာတော်သည် မဖြေဘဲ ဆိတ်ဆိတ်နေလေသည်။
တဖန်ကဒူးလူမျိုး မန်လည်ဆရာတော်အား မေးလျှောက်ကြပြန်ရာ စာအုပ်နဲ့ခဲတံယူ ငါဒွေးချိုးစီမယ် မင်းတို့လိုက်ရေးပြီး တိုင်းပြည်ကိုဖြန့်ကြ ဟုဆိုကါ လုပ်ငန်းရယ်ပေါ် နုတ်ခမ်း မွေးကို သူကြည်ညို ပြန်သတဲ့ ဖင်မွေးကို ဘယ်လိုဆိုမယ်ပ အပါဒန် ထိုသည့်ကျမ်းကို ကြည့်ကြစို့လေး ဟုစပ်ဆိုထုတ်ပြန် လေသည်။ ထိုအခါမှ ဘုန်းကြီးနှင့် မန္တလေးသားတို့မှာ ရှက်လွန်းသဖြင့် ရပ်တော်မူ ဘုရားကို ငုံ၍ စေတီတည်ကြလေသည်။ ထိုနောက်မှသာ မုတ်ဆိတ်မွေး ကျင်စွယ်နှင့် ဘုရားကို မမြင်ကြရတော့ပေ။
ဗန္ဓုလကိုနှုတ်ခမ်းမွေးတပ်သူ
၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်းသည် နိုင်ငံတော်အာဏါကို ပထမအကြိမ် ရယူလေ သည်။ ထိုအချိန်က ရန်ကုန်မြို့တော်ဝန်မှာ ဗိုလ်မှုးကြီးထွန်းစိန် ဖြစ်သည်။ ၁၉၅၈ ခုနှစ် မတိုင်မှီက ရန်ကုန်မြို့တွင် ဗန္ဓုလပန်းခြံသာ ရှိပြီး ဗန္ဓုလကြေးရုပ် မရှိပေ။ ဗိုလ်မှုးကြီး ထွန်းစိန်သည် ဗန္ဓုလပန်းခြံတွင် ဗန္ဓုလကြေးရုပ် ထားရှိလိုသည်။ ခက်နေသည်မှာ သူလိုချင် သော ဗန္ဓုလ ရုပ်ပုံကို ရှာ၍မရ ဖြစ်နေခြင်းပင်ဖြစ်သည်။ ဗန္ဓုလနှင့်ပတ်သက်သော အကြောင်းအရာ မျိုးစုံကို တတ်နိုင်သမျှ စုဆောင်းလေ့လာ သော်လည်း ဗိုလ်မှုးကြီးထွန်းစိန်မှာ သဘောမတွေ့နိုင် ဖြစ်နေသည်။ ၁၉၅၈ ခုနှစ် မတိုင်မှီက ရေးဆွဲသော ပန်းချီပုံများ၌ ဗန္ဓုလတွင် နှုတ်ခမ်းမွေး မရှိပေ။ ဗိုလ်မှုးကြီးထွန်းစိန်သည် ဗန္ဓုလတွင်နှုတ်ခမ်းမွေး ရှိမှသာလျှင် တကဲ့ဗမာကြီး ပီသသည်ဟု အထင်ရှိနေရာ ဗန္ဓုလကို နှုတ်ခမ်မွေး မည်သို့တပ်ရမည်ကို အကြံထုတ်နေလေသည်။
ထိုနှစ်ရန်ကုန်တိုင်းတွင် ပြည်ထောင်စုနေ့ ကျင်းပရာ ဗိုလ်မှုးကြီးထွန်းစိန်က ဗန္ဓုလ အကြောင်းကို ချီးမွမ်းခန်း ဖွင့်၍ ဟောပြောလေသည်။ ထို့ပြင် သူက စစ်တောင်းမြစ် ကမ်းနားရှိ ဒုံစရိတ် ရွာသား အသက် ၁၅၀ နှစ်ရှိ ကရင်လူမျိုး အဘိုးတောင်ကြီး ဆိုသူမှာ ဗန္ဓုလနှင့် စစ်အတူ တိုက်ခဲ့ဖူးကြောင်း ပြောဆို၍ လူထုနှင့် မိတ်ဆက်ပေးလေသည်။ မိတ်ဆက်ပေးပြီး နောက် ဗိုလ်မှုးကြီးထွန်းစိန်က အဘ ဗန္ဓုလနှင့် စစ်အတူ တိုက်ဖူးတယ် ဆိုရင် ဗန္ဓုလမှာ နှုတ် ခမ်းမွေး ရှိမရှိ သိမှာပေါ့နှော် ဟုမေးမြန်းရာ အဖိုးတောင်ကြီးက ဗန္ဓုလမှာ နှုတ်ခမ်းမွေး မရှိဘူး လို့ ဘယ်သူပြောသလဲ ဟုအတိုင်အဖေါက်ညီစွာ အချက်ကျကျ ပြန်ဖြေလေသည်။
ထိုနောက်မှ ဗိုလ်မှုးကြီးထွန်းစိန်သည် ၀မ်းသာအားရဖြစ်ကါ ဗန္ဓုလကို အားရပါးရ နှုတ်ခမ်းမွေး တပ်လိုက်လေသည်။ ထို့ကြောင့် ၁၉၅၈ ခုနောက်ပိုင်း မှစ၍ ယနေ့အထိ ဗန္ဓုလတွင် နှုတ်ခမ်းမွေး တကါးကါးနှင့် ဖြစ်နေလေတော့သည်။
ဗမာနှင့်ကြေးသွန်းပညာ
ဗမာယဉ်ကျေးမှု စတင်သော ပုဂံခေတ်တွင် ကြေးသွန်းပညာ မထွန်းကါးခဲ့ပေ။ ကျောက်ဆစ်လက်ရာများသာ ထွန်းကါးခဲ့သည်။ ကုန်းဘောင်ခေတ် ပုဂံမင်း လက်ထက်တွင် ဇလွန်မြို့မှ မြို့သူကြီး ဦးရွှေပွင့်သည် အလေးချိန် ၁၅၀၀ ပိသာရှိ ရတနာတို့ကို ယူဆောင်၍ သက္ကရာဇ် ၁၂၁၄ ခုနှစ် တပို့တွဲလ္ဆန်း ၂ ရက်နေ့ အမရပူရသို့ ဘုရားသွန်းလုပ်ရန် ရောက်ရှိ လာလေသည်။
မြို့သူကြီးဦးရွှေပွင့်သည် ရခိုင်မာရ်အောင်မြင် ဘုရားထက် ညာဏ်တော် တမိုက် အမြင့် သွန်းလုပ်ရန် ဆရာမောင်မောင်လပ် ထံအပ်နှံလေသည်။ ထိုဘုရားမှာ ပုဂံမင်းလက် ထက်တွင် မပြီးဘဲ မင်းတုန်းမင်း လက်ထက်တွင်ပြီး၍ မင်းတပ်(ကနောင်) မင်းသားပြုပြင်ကါ ကိုးကွယ် လေသည်။ ကနောင်မင်းသား၏ ကြိုးပမ်းမှုကြောင့် စက်မှုပညာနှင့် ကြေးသွန်းပညာ ငွေဒင်္ဂါး သွန်း ပညာပါ တိုးတက် လာသည်။
အရှင်မဟာဗုဒ္ဓဃောသ(သို့မဟုတ်) သက်ကြီးစကါးမှတ်တမ်း
ဓည၀တီရခိုင်ပြည်တွင် ၀တီလေးရပ်ရှိသည့် အနက် ရမ္မာဝတီအပိုင် ရနီကြီး ပေါက်တူးတောင် ကျေးရွာနေ အဘ ဦးစိန်ချမ်းအောင်၏သား မောင်ကျော်လှသည် ဃောသ အမည်ဖြင့် သာမဏေဘ၀မှ ရဟန်းဖြစ်လာသည်။ စာပေအရာတွင် နှံ့စပ်သိမြင် ထိုးထွင်းဥာဏ် ရှိသော ပုဂ္ဂိုလ်ထူး ဖြစ်လေသည်။ ထိုအချိန်၌ သီဟိုကျွှန်းတွင် စတုတ္ထသံင်္ဂါယနာတင်၍ မဂဓ ဘာသာမှ သီဟိုဘာသာသို့ ပေထက်အက္ခရာ တင်ကြလေသည်။ ထိုအကြောင်းကို ရခိုင်ပြည် ရှိ ရဟန္တာအရှင် သူမြတ်တို့ ကြားသိလေလျှင် ဃောသ မထေရ်ကိုခေါ်၍ ရခိုင်မူနှင့် သီဟိုမူ တူမတူ ကွဲပြားခြားနားမှု ရှိမရှိ ညှိနှိုင်းရန်အတွက် သီဟိုကျွှန်းသို့ စေလွှတ်လေသည်။
ဃောသမထေရ်သည် သီဟိုသို့ရောက်လျှင် မိမိလာရသည့် အကြောင်းစုံကို ရဟန္တာ အရှင်မြတ်တို့ထံ လျှောက်ထားပြောကြားလေသည်။ သီဟိုရှိ ရဟန္တာအရှင် မြတ်တို့က ဃောသမထေရ်သည် ဗုဒ္ဓ၏ အမွေအနှစ်ကို ထိမ်းသိမ်းနိုင်မည့် ပုဂ္ဂိုလ် ဟုတ်မဟုတ် သိလို၍ သဂ္ဂဓ၀ဂ္ဂသံယုဂ် ဂါထါနှစ်ပုဒ်ကို တညတည်းနှင့် ကျမ်းတစောင် ပြုပြရန် ခိုင်းစေလေသည်။
ဃောသမထေရ်၏စိတ်တွင် ရဟန္တာအရှင်မြတ်တို့ ပေထက်တင်ထားသော ဘုရားဟော တရားတော်များကို မာည့်ရှုရဘဲနှင့် ကျမ်းတစောင် ပြုခိုင်းခြင်းသည် သာသနာမညစ်နွမ်း စေလို၍ ဖြစ်မည်ဟု နှလုံးသွင်းကါ နေ၀င်ချိန် ညဦးတွင် အစပြုကါ နံသာဆီမီးဖြင့် သဂ္ဂဓ၀ဂ္ဂ သံယုဂ် ဂါထါနှစ်ပုဒ်ကို အကျယ်ဖွင့်ဆိုသော ၀ိသုဒ္ဓိမဂ်အဌကဌာကို ပါဠိဘာသာဖြင့် ရေးသား လေသည်။ ညဦးယံတွင် အချောပြီး၍ အိပ်ရာနံဘေးတွင် ထားကါ အိပ်လေသည်။ တရေးနိုး လာသောအခါ ထိုကျမ်းစာမှာ မရှိတော့ပေ။ ဒုတိယတဖန် အစားထိုး၍ ရေးပြန်ရာ သန်းခေါင် ယံတွင် အချောပြီးပြန် လေသည်။ ကျမ်းစာပြီး၍ တဖန်အိပ်ပြန်လေသည်။ တရေးနိုးလျှင် ဒုတိယကျမ်းစာမှာလည်း ပျောက်ဆုံးနေပြန်လေသည်။ တတိယအကြိမ်ရေးပြန်ရာ အာရုဏ် မတက်မှီ အပြီးသို့ ရောက်ပြန်လေသည်။ ထိုပေစာကို ငါမှအပ တဦးတယောက်မှ ယူ၍ မရစေသား ဟု အဓိဌာန်၍ အိပ်ရာ နိုးလာသောအခါ မိမိရင်ဘတ်တွင် တင်၍အိပ်သော ပေစာ အပြင် ယ္ခင်ရေးထားသော ပေစာနှစ်ထုတ်ကို ဦးခေါင်းရင်းတွင် ပြန်၍ တွေ့ရလေသည်။ ထိုအကြောင်းကို ရဟန္တာ အရှင်မြတ်တို့ထံ လျှောက်၍ အဌကဌာ ပေမူ သုံးစုံကို တပါတည်း အပ်လေသည်။ ရဟန္တာအရှင်မြတ် တို့သည် မဓဂဘာသာဖြင့် ရေးထားသော ထိုအဌကဌာ သုံစောင်ကို စစ်ဆေးကြည့်ရှုရာ ၏ သည် မလွဲ အဌကဌာ သုံးစောင်မှာ တခုတည်းသာ ဖြစ်ကြောင်း တွေ့ရလေသည်။ ရဟန္တာအရှင်မြတ်တို့က ဃေသမထေရ်အား ဗုဒ္ဓကဣင်္ုရ ဖြစ်၍သာ တညတည်းနှင့် ၏ သည် မလွဲ အဌကဌာ တစောင်ကို သုံးစောင် ဖြစ်အောင် ရေးသားနိုင်သော ပုဂ္ဂိုလ်ထူး အဖြစ် ချီးမွန်းကြလေသည်။ ထိုအချိန်မှစ၍ ဃောသမထေရ်မှ ဗုဒ္ဓဃောသ ဖြစ်လာလေသည်။
ထိုရှင် မဟာဗုဒ္ဓဃောသ မထေရ်သည် မဂဓဘာသာ ပါဠိစာပေမှ ဗုဒ္ဓတရားတော် များကို မရမာဘာသာ ရခိုင်စာပေသို့ ကူးပြောင်းပေးခဲ့သော ပုဂ္ဂိုလ်ထူးဖြစ်သည်။ နမောတသ ဘဂ၀တော အာရဟတော သမ္မာသမ္ဗုဒ္ဓသတိ တည်းဟူသော မဂဓဘာသာစကါးကို ရခိုင်အသံ ထွက်ဖြင့် အများသူငါ နားလည်အောင် မရမာဘာသာဖြင့် ရေးသားခဲ့သော ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ရှင်မဟာ ဗုဒ္ဓဃောသ၏ အတ္ထုတ်ပတ္တိတို့မှာ မြောက်ဦးမြို့တော်ရှိ ကျောင်းတိုက်ကြီး ၃၅၀ နှင့် ပေစာများ ကြေးပုရပိုဒ်များကို ဗမာတို့မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် အစအန ရှာမရဘဲ သက်ကြီးစကါး သက်ငယ်ကြား ဟူ၍သာ မှတ်တမ်းတင် ထားနိုင်ခဲ့ကြသည်။
ဗမာစာပေ
ပုဂံခေတ် ကျန်စစ်သားမင်း လက်ထက်မှစ၍ ပျူစာပေ အရေးအသား တိမ်ကော ပျောက်ကွယ်၍ မရမာစာဟုခေါ်သော မြန်မာစာကို ဗမာတို့ ရေးသားလာခဲ့ကြသည်။ သို့သော် ပုဂံခေတ်စာပေမှာ မော်ကွန်း ကဗျာ လင်္ကါ ဋီကါ အဆင့် တွင်သာရှိသည်။ စစ်ကျမ်း ဗေဒင်ကျမ်း ဆေးကျမ်း ကြံကျမ်း ပကါကျမ်း စသော နီတိကျမ်းများကို ရေးသား နိုင်သော အဆင့်သို့ မရောက်ရှိခဲ့ပေ။
အင်းဝခေတ်တွင် ၀န်ကြီးပဒေသရာဇာသည် သူဇာပျို့ မဏိကတ် ပျို့ တို့ကို စီကုံး ရေးသား၍ ဗမာတို့၏ စာပေအဆင့်အတန်းကို မြှင့်တင်ပေးခဲ့သည်။ သို့သော်ရခိုင်စာပေနှင့် နှိုင်းယှည်လျှင်မူ စာကြီးပေကြီးကို ရေးသားနှိုင်သော အဆင့်သို့ မရောက်ရှိခဲ့ပေ။
၁၁၄၆ ခုရခိုင်ပြည်ကို သိမ်းယူပြီးနောက်မှ ဗမာတို့၏ စာပေသည် တဟုန်ထိုး တိုးတက် လာသည်။ ကုန်းဘောင်ခေတ်တွင် ဗမာတို့သည် ရခိုင်ပြည်မှ ယူဆောင်လာခဲ့သော သင်္သကရိုက်ဘာသာ ပါဠိဘာသာ မရမာဘာသာ တို့ဖြင့်ရေးသားထားသော ပုရပိုဒ်ကျမ်းစာ အမျိုးမျိုး တို့ကို လုံးစေ့ ပါတ်စေ့ ဖတ်၍ နားမလည်ကြပေ။
ထို့ကြောင့် ညောင်ကန်ဆရာတော်နှင့် မောင်းထောင်း သာသနာပိုင် ဆရာတော်နှစ်ပါး တို့သည် အိန္ဒိယနိုင်ငံသို့သွား၍ သင်္သကရိုက်နှင့် ပါဠိစာပေကို သင်ကြားခဲ့ကြရသည်။ ထိုဆရာတော်နှစ်ပါး၏ ကြေးဇူးကြောင့် ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် ဆန်းကျမ်း ဓါတ်ကျမ်း ဆေးကျမ်း အပြင် ပိဌကဋ် နှင့် ကျမ်းအမျိုးမျိုး တို့ကို ဗမာတို့ရေးသား လာနိုင်ခဲ့ကြ သည်။ ထို့ပြင် ထိုဆရာတော်နှစ်ပါး၏ ကြေးဇူးကြောင့် ဘောင်အနွယ် ပုဏ္ဏားတို့၏ ဘောင်ဇီကါ ကို သံဌိဌ(လက်ဆန်း) ဟုပြန်ဆိုကါ ဗမာမူ ပြုလုပ်၍ ဗေဒင်ပညာကို တခေတ်ဆန်း စေခဲ့ကြ လေသည်။
ဒွါဒသိန်နှင့်ဦးဘိုးလှိုင်
ယောမင်းကြီးဦးဘိုးလှိုင်သည် ရခိုင်ပြည်မှယူဆောင်လာသော ဆေးကျမ်းများ အနက်မှ ဒွါဒသိမ်ကျမ်းကို နားမလည်သဖြင့် အများသူငါ သုံးရန်မသင့်ဟု ဆုံးဖြတ်ကါ မသုံးကြရန် တားမြစ်ခဲ့သည်။ ဒွါဒသိမ်ကျမ်းမှာ ၁၂ ရာသီကို နက္ခတ်သဘော ဓါတ်သဘောခွဲ၍ ရောဂါ လက္ခဏါနှင့် ဓါတ်စာပေး၍ ကုသရသော ကျမ်းဖြစ်ပါသည်။ ဦးဘိုးလှိုင် ပစ်ပယ်ခဲ့သော ထိုဒွါဒသိမ် ကျမ်းမှာ ယ္ခုအခါ ဝေဒ ပညာရှင်များ လက်ကိုင်ထါးရသော ကျမ်းတဆူပင် ဖြစ်ပါ သည်။ နရသုခိ နရမာလာ နရတန်ဆောင် ဒွါဒသိမ် စသောဆေးကျမ်း ကြီးများသည် ရခိုင်ပြည်မှ ဗမာတို့ယူဆောင်သွားသော ကျမ်းများပင် ဖြစ်သည်။
ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင်မှ ဥတုဘောဇန အဘိဓမ္မာ တောင်သာ ခြောက်လုံးကေါက် ခံဗူး ဘေသဇ္ဇ သြဠာရိကသုခုမ အစရှိသော ဆေးကျမ်းများ ထွက်ပေါ် လာခဲ့သည်။
ခေတ်သစ်မြန်မာစာ
ဗမာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီးနောက် ဗမာစာပေ ဟုတ်တိပတ်တိ မထွန်းကါး ခဲ့ပေ။ ယနေ့ရေးသားနေကြသော စာပေကို အင်္ဂလိပ်လူမျိုး ဟာနီဘယ်နှင့် ရခိုင်လူမျိုး ဦးမေအောင် (မဲအောင် ဒေါ်မမြစိန်၏အဖ) တို့က မြန်မာစာဟု သမုတ်ကါ မြန်မာစာပေကို စုစည်း ပေးခဲ့ကြသည်။
ထိုနောက်မှ သိပ္ပံမောင်ဝ ဇော်ဂျီ မင်းသုဝဏ် အစရှိသော ဗမာစာရေးဆရာတို့က ခေတ်စမ်းစာပေ ဟုသမုတ် ခဲ့ကြပြန်သည်။ ဤမြန်မာစာကို ပင်လျှင် ဆရာဇော်ဂျီသည် မဟာ ဆန်ချင်သူ ပြဇာတ်၌ စကါးပြေဟု သုံးစွဲခဲ့သည်။ ဤသည်ကို အကြောင်းပြု၍ မြန်မာစာကို မြန်မာစကါးပြေဟု သုံးနှုံးကါ ဗမာတို့ မူပိုင်ပြုလုပ်ခဲ့ကြသည်။ မရှိရာမှ ရှိရာသို့ ပုံတူကူးယူ ထီထွင်ပြုလုပ် သုံးစွဲရာတွင် အာဏါသည် အဓိကပင်ဖြစ်သည်။
လက်ပြောင်းလက်လွဲလုပ်ခြင်းနှင့် တိုင်းရင်းသားပြသနာ
၁၈၈၅ ခုနှစ်တွင် ဗမာပြည်တခုလုံး အင်္ဂလိပ် လက်အောက်သို့ ကျရောက်သွား လေသည်။ ချင်း ကချင် ကယား မွန် ဗမာ ရခိုင် ရှမ်း တို့မှာ နီးစပ်ရာ လူသူ လက်နက် စုဆောင်း၍ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားတို့အား ဗမာနှင့် အတူ လွပ်လပ်ရေးကို ယူပါ။ ၁၀ နှစ်ကြာလျှင် ဗမာနှင့် နေလိုကနေ မနေလိုက ခွဲထွက်ပိုင်ခွင့် ရှိသည် ဟူသော ဂတိခံဝန်ချက်ကြောင့် ပင်လုံမြို့တွင် တိုင်းရင်းသား ခေါင်းဆောင်များ စုဝေး၍ တညီတညွတ်တည်း လက်မှတ်ရေးထိုး၍ လွပ်လပ် ရေးယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဦးနု ၀န်ကြီးချုပ်ဖြစ် လာလေသည်။ ၁၀ နှစ်ကျော်၍ နှစ်သာ ကြာလာသည် ခွဲထွက်ရေးကို အပထား၍ ဖက်ဒရယ် ဟုခေါ်သော ကိုယ်ပိုင် ပြဌာန်းခွင့် အုပ်ချုပ်ရေး စနစ်ကိုမျှ မရသည့်အဆုံး အချက် ၁၀ ချက်ပါ ရှမ်းမူကို တိုင်းရင်းသားတို့က ၀န်ကြီးချုပ်ဦးနုအား တင်ပြလာကြသည်။ ဦးနုသည်တိုင်းရင်းသား အရေးကို ကြံရာမရ ဖြစ်သွားလေသည်။
ရှမ်းဆိုတာ ခေါင်းပေါ်မှာ ငှက်ပျံတာတောင် မကြိုက်ဘူး ရခိုင်ဆိုတာ မြွေပွေးထက် ကြောက်စရာ ကေါင်းတယ် ရခိုင်နဲ့မြွေပွေးကိုတွေ့ရင် ရခိုင်ကို အရင်သတ်ရမယ် စသည့် တိုင်း ရင်းသား တို့အပေါ် ဗမာတို့မည်သို့ သဘောထားရမည့် ၀ါဒကို ရှေးဗမာတို့က နောက်ပေါက် ဗမာ တို့အား သွန်သင်သြ၀ါဒ ပေးထားခဲ့ကြသည်။ တိုင်းရင်းသားတို့ကို ခွဲထွက်ခွင့် ပြုလိုက်ပါ က ဗမာတို့၏ အခြေအနေသည် ပထ၀ီအရရော သယံဇာတအရရော နိုင်ငံရေး လူမှုရေး ဘာသာရေး ယဉ်ကျေးမှု စာပေ တို့တွင်ပါ အပေါ်စီးမှ နေနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းလက်သို့ ၀န်ကြီးချုပ်ဦးနုသည် အာဏါကို မလိမ့်တပါတ် လုပ်ကါ လွဲပေးခဲ့လေသည်။ ထိုအကြောင်းကို သိလျှက်နှင့် တိုင်းရင်းသား ခေါင်းဆောင် တို့မှာ ဗမာတို့၏ နိုင်ငံရေးလိမ်လည်မှု အောက်တွင် ခေါင်းဆောင်များ အသတ် ခံရခြင်းဖြင့် နိုင်ငံရေး ၀ဲဂယက်ထဲတွင် နစ်မြုတ်ရပြန်လေသည်။
အာဏါရ ဗမာလူတန်းစား အဆက်ဆက်သည် ဗမာလူထုနှင့် တိုင်းရင်းသားတို့ကို အမျိုးမျိုး ၀ါဒဖြန့် သပ်ချိုသွေးခွဲသော မူဝါဒများကို ကျင့်သုံးခြင်း၊ တယောက်မှ တယောက် လက်သို့ ဂတိမတည် လက်ပြောင်း လက်လွဲလုပ်ခြင်း စသည့်ပေါ်လစီ အမျိုးမျိုးကို ကျင့်သုံးကါ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားတို့ ချုပ်ဆိုထါးခဲ့ကြသော ပင်လုံစာချုပ်ကို စက္ကူစုတ် သဖွယ်ဖန်တီး ထားနိုင်ခဲ့ကြလေသည်။
ဆက်ရန်----------------------
No comments:
Post a Comment