Wednesday, June 1, 2011

ရခိုင်ပြည်နစကနှင့် အနီးစပ်ဆုံး BGB မြန်မာ့မူးယစ်ဆေးဝါး တာကာသိန်း (၉၀) ဖမ်းဆီးရမိကြောင်းဆို

ဂစ္ဆပသတင်းဌာန
ဇွန်လ (၁)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်ပြည်နစကနှင့် အနီးစပ်ဆုံး BGB မြန်မာ့မူးယစ်ဆေးဝါး တာကာသိန်း (၉၀) ဖမ်းဆီးရမိကြောင်းဆို




မြန်မာနိုင်ငံမှ မှောင်ခိုတင်ပို့သည့် မူးယစ်ဆေးဝါးမျိုးစုံ တာကာ သိန်း (၉၀)နီးပါးအား ရခိုင်ပြည်နယ် နစကများနှင့် အနီးစပ်ဆုံးဖြစ်သည့် ဘင်္ဂလာ BGB က မေလအတွင်းတွင် ဖမ်းဆီးရမိခဲ့ပြီး အင်္ဂါနေ့က BGB တပ်အတွင်း၌ ခင်းကျင်းပြသလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ မြန်မာ့ မူးယစ်ဆေးဝါးမျိုးစုံ တာကာ သိန်း (၉၀)တန်ဖိုးအား မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့ အခြေစိုက် အမှတ် (၄၂) BGB တပ်ရင်းမှ တာခ်နာမြို့နယ်အတွင်းတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်။

အမှတ် (၄၂) BGB အနေဖြင့် မြန်မာမှတရားမ၀င် တင်သွင်းသည့် ရာဘားမြင်းဆေး ၁၂၄၅၇ လုံး၊ ဂင်ဇာ ၈ ကေဇီ ၈၀၀ ဂရမ်၊ အရက်မျိုးစုံ ၉၂၇ လုံး၊ ၂၈၉၅ ကာတွန့်ဘီယာနှင့် ဒေသထုတ်အရက် ၃၄၈ လီတာ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အင်္ဂါနေ့က ဒေသခံ သတင်းထောက်များနှင့် သက်ဆိုင်ရာ အရာရှိများကို ခင်းကျင်းပြသလိုက်ခြင်းဖြစ်ကြောင်း ဒေသထုတ်သတင်းစာများက ဆိုသည်။

အဆိုပါ ခင်းကျင်းပြခြင်းမှာ မြန်မာ့မူးယစ်ဆေးဝါးများအား ဖြိုခွင်းဖျက်ဆီးသည့် အခမ်းအနားဖြစ်ပြီး BGB အရာရှိများကိုယ်တိုင် မြန်မာ့ စစ်အုပ်စု မူးယစ်ဆေးဝါးများကို ဖြိုခွင်းဖျက်ဆီးခဲ့ကြသည်။

BGB (၄၂)တပ်ရင်း အနေဖြင့် ဖမ်းဆီးရမိသည့် မြန်မာ့မူးယစ်ဆေးဝါးများကို ခင်းကျင်းပြသနေစဉ် မြန်မာ့မှတင်ပို့သည့် ရာဘား ၃၈၁၆ လုံးအား မော်တော်ဆိုက်ကယ်ဖြင့် ကော့စ်ဘဇားမြို့သို့ သယ်ဆောင်လာစဉ် တာခ်နာမြို့နယ်အတွင်း BGB တပ်ခွဲတခုမှ တပ်ခွဲမှူး ဇော်ဇော် မီယာရ် ခေါင်းဆောင်၍ တနင်္လာနေ့က ထပ်မံဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ့ ရာဘားမြင်းဆေး အပါအ၀င် မော်တော်ဆိုက်ကယ်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားသူ မိုဟာမတ် ချောဟိဒူလ္လာ (၂၃)နှစ် အား ဖမ်းဆီးရပြီးနောက် သက်ဆိုင်ရာ တာခ်နာရဲစခန်းသို့ လွဲပြောင်းအပ်နှံလိုက်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ အမှတ် (၄၂)တပ်ရင်းမှ ဖမ်းဆီးရမိသည့် မြန်မာ့မူးယစ်ဆေးဝါး ခင်းကျင်းပြသမှု အခမ်းအနားသို့ သက်ဆိုင်ရာ နယ်စပ်ဒေသ လုံခြုံရေး BGB တပ်ဖွဲ့ဝင် အရာရှိတချို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ထုတ် သတင်းစာများအနေဖြင့် မြန်မာ့စစ်အုပ်စုမှ တရားမ၀င် တင်ပို့သည့် မူးယစ်ဆေးဝါးများအား ယခုတလော နေ့ဆက်ရက်ဆက် လွန်ခဲ့သည့်အပတ်မှစတင်၍ ဆက်တိုက်ဖမ်းဆီးရမိနေကြောင်း ထုတ်ဖေါ်ရေးသားမှုများ တွေ့ရသည်။

မြန်မာနိုင်ငံ အနောက်ဘက်ရှိ ရခိုင်ပြည်နယ်မှာ လက်ရှိစစ်အုပ်စုမှ ကြိုတင်ပြီး နည်းမျိုးစုံဖန်တီးလှည့်ကွက်များ အခြေအနေအောက်တွင် ရှိနေပြီး ယခုအခါ ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ဘင်္ဂလာသို့ နေစဉ်နေ့ဆက် အမြောက်အများ တရားမ၀င်တင်ပို့နေ သည့်ပြည် နယ်/နိုင်ငံတခုဖြစ်ကြောင်း ဘင်္ဂလီများက ယုံကြည်နေကြသည်။

မြန်မာနိုင်ငံတွင် လက်ရှိလူထုအပေါ်တွင် စစ်အုပ်ချုပ်ရေး အခြေအနေမှာ ယခင်ထင်သာမြင်သာအောင် ဖိနှိပ်ရက်စက်မှုများထက် ယခုအခါ ပုံစံပြသည့်အနေဖြင့် ထင်ထင်ပေါ်ပေါ် လုပ်ဆောင်လျှက်ရှိနေကြောင်း တွေ့ရှိနေသည်။

No comments:

Post a Comment