Tuesday, June 7, 2011

ကော်ပီသီချင်းတွေကို ခွင့်မပြုပါနဲ့

6/4/11
ကော်ပီသီချင်းတွေကို ခွင့်မပြုပါနဲ့



ကျနော့်အလုပ်ထဲမှာ ဗမာဆိုလို့ ကျနော်တစ်ယောက်တည်းပဲရှိတယ်။ အများစုက အဖြူတွေ။ ဂျာမနီ၊ ဂျပန် နဲ့ တောင်အာဖရိက Geologists တွေရှိတယ်။ ကျနော် Core Yard လို့ခေါ်တဲ့ ကျောက်တွေကို တိုင်းထွာ၊ ဖြတ်တောက် မှတ်တမ်းတင်တဲ့ အလုပ်ကို တစ်ယောက်တည်း တခါတလေလုပ်တယ်။

ပျင်းတဲ့အချိန်မှာ မြန်မာသီချင်းနားထောင်ဖြစ်တယ်။ အထူးသဖြင့် သင်္ကြန်သီချင်းပေါ့။ ကျနော်ကြိုက်တဲ့သီချင်းကလည်း သုံးပုဒ်လောက်ပဲရှိတယ်။ စိုးလွင်လွင်ရဲ့ သီချင်းနဲ့  မြို့ မငြိမ်းရဲ့ သီချင်းတွေပဲ။ အမြဲတမ်း ဒီသီချင်းတွေပဲ ကျနော်နားထောင်နေတော့ ကိုယ့်ဘေးမှာ အလုပ်လုပ်နေတဲ့ Geologists တွေက မေးတယ်။ ကျနော်နာမည်က ဘိုလိုဆိုရင် Phone လို့ခေါ်တယ်။ အဖြားစွပ်ပြီးခေါ်တာပေါ့။

"ဟေး...ဖုန်း...မင်းကိုကြည့်ရတာ မင်းနားထောင်တဲ့သီးချင်းက သုံးပုဒ်ပဲရှိတယ်ထင်တယ်တဲ့..."

ကျနော်လည်း ရက်စ်လို့ပဲ ဖြေခဲ့မိတယ်။ သူတို့ကျနော် ခံစားချက်ကို သူတို့မသိကြဘူးဆိုတော့ ရက်စ်လို့ဖြေတာ အကောင်းဆုံးပဲ။

ကျနော် သူတို့ရှေ့ မှာ တခြားသီချင်းတွေကို နားမထောင်ရဲဘူး။ မြန်မာသီချင်းတွေကို ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရှက်လို့ပါ။ အရင်တုန်းက သူတို့ရှေ့ မှာ လေးဖြူ၊ အငဲ သီချင်းတွေကို နားထောင်မိတယ်။ အာဇာနည်တို့လည်းပါတာပေါ့။

တနေ့တော့ သူတို့သီချင်းတွေကို နားထောင်နေတဲ့အချိန်မှာ ဘေးက ကျနော့်သူငယ်ချင်း အင်္ဂလိပ်တစ်ကောင်ကပြောတယ်။

"ဟေ့..ဖုန်း ဒီသီချင်းကို ငါကြားဘူးတယ်တဲ့။ မင်းတို့ သီချင်းတွေကို ဖျက်နေတာလားလို့မေးတယ်"

ကျနော်အတော်ရှက်သွားတယ်။

အဲဒိကတည်းကစပြီး ကျနော်သီချင်းနားထောင်ရင် ကိုယ်ပိုင်သံစဉ်တွေကိုပဲ နားထောင်မိတော့တယ်။

လူမျိုးခြားတွေရဲ့ အရှေ့ မှာကော်ပီသီချင်းတွေကို နားမထောင်ရဲဘူး။ တအားရှက်တယ်။ မြန်မာလူမျိုးဆိုတဲ့ သိက္ခာကို မကျစေချင်ဘူး။ ဒါ့ကြောင့် ကျနော်နားထောင်ရင် မြန်မာသံစဉ်နဲ့ ကိုယ်ပိုင်သီချင်းတွေကို ရွေးပြီး လူမျိုးခြားတွေအရှေ့ မှာ နားထောင်မိတော့တယ်။ အိမ်မှာဆိုရင် ကျနော်အားလုံးကို နားထောင်ပါတယ်။ ဒီတော့ ဒါနဲ့ပက်သက်ပြီး ကျနော်ပြောချင်တာကို ဒီနေရာကနေ အဆိုတော်တွေသိအောင်ပြောချင်ပါတယ်။ အဓိက အစိုးရကိုပြောချင်ပါတယ်။

ကျနော်သာ ပြန်ကြားရေးဝန်ကြီးဖြစ်ရင် ဆင်ဆာဘုတ်အဖွဲ့ကို ပြင်မယ်။ ပေါ်လစီကိုပြင်မယ်။ ဘယ်လိုပြင်မလဲဆိုတော့ ကော်ပီသီချင်းတွေမှန်သမျှ ပိတ်မယ်။

ကော်ပီဆိုတာ အချောင်နိုက်တဲ့ဟာဖြစ်ပါတယ်။ သူများတွေအပင်ပန်းခံပြီး ဖန်တီးထားတာကို ကိုယ်က အလွယ်တကူခိုးယူတယ်။ ဒါမကောင်းဘူး။ သိက္ခာကျတယ်။ကိုယ့်အရည်အသွေးကျစေတယ်။ မြန်မာပြည်မှာ တော့ ကော်ပီကူးလည်း ဘာမှမဖြစ်ဘူး။ နိုင်ငံခြားမှာဆိုရင် တရားစွဲတာခံရမယ်။ လျှော်ကြေးပေးရမယ်။ ထောင်ကျခံရမယ်။

အခုကျတော့ ပြန်ကြားရေးဝန်ကြီးဌာနအလုပ်က နိုင်ငံရေးလောက်ပဲ အဓိက တိုက်ကတ်ထားတယ်။ ငါတို့ထိရင် ငါတို့ပိတ်မယ်။ ဒီလောက်ပဲ တွေးနိုင်တဲ့အုံးနှောက်ဖြစ်နေတယ်။ အခုကော်ပီဆိုတဲ့ ကိစ္စကမှ တမျိုးသားလုံးရဲ့ သိက္ခာကို ကျစေတယ်။ အထင်သေးတာခံရတယ်။ မင်းတို့ မြန်မာတွေက အုံးနှောက်မရှိတော့ဘူးလားဆိုပြီး ကဲ့ရဲ့ တာခံရတယ်။

ကျနော်သာ ပြန်ကြားရေးဝန်ကြီးဖြစ်ရင်တော့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်သံစဉ်ကို မဖန်တီးနိုင်သမျှ ဘယ်တော့မှ တေးသီချင်းထုတ်ခွင့်မပေးဘူး။ ဒါမှ မြန်မာ့ဂီတ တိုးတက်မှာပေါ့။ အခုကြတော့ ဟိုဟာလည်း ကော်ပီ၊ ဒါလည်း ကော်ပီ။

နားထောင်တဲ့ လူတွေထဲမှာ လူမျိုးစုံရှိတယ်။ သတိထားပြီး ဆင်ချင်ကြပါလို့ပြောချင်ပါတယ်။ လူမျိုးခြားတွေရဲ့ ရှေ့ မှာ မြန်မာသီချင်းကို ရဲရဲဝံ့ဝံ့ နားထောင်ချင်ပါတယ်

No comments:

Post a Comment