အသားမာတက်နေတဲ့ ကမ္ဘာ
မျက်ရည်မရှိတဲ့မျက်လုံး
ရင်မခုန်တဲ့နှလုံး
ရင်ဘတ်ဟင်းလင်းပြင်မှာ
ကန္တာရဆူးပင်တွေနဲ့  ပြည့်နှက်တယ်။
အဝေးကိုမျှော်ကြည့်ရင်း
အနီးဖြစ်စဉ်တွေကမောက်ကမ
အသံသာရှေ့ ရောက်
ခြေလှမ်းတွေနောက်ရောက်
ချောက်ကမ်းပါးမှာ လမ်းပျောက်
အတောက်မပေါက်တော့လည်း အခက်သားကွယ်။
ပရုပ်လုံးလိုလုံးပါးပါးတဲ့နေ့ တွေ
ဖယောင်းတိုင်လို အလင်းရောင်ပေးကာ
လှောင်မြိုက်ခံညတွေ
ကတုံးကတိုက်အုတ်နံရံတွေ
ဘ၀င်မြင့်နေတဲ့ သံတိုင်တွေ
ဒီအရပ်နဲ့  ဒီဇာတ်လိုက်ဖက်တယ်။
ကိုယ်တိုင်တော့မီးမလောင်
မီးလောင်မှုကိုအားပေးတဲ့
အောက်ဆီဂျင်ဗုံးတွေ
ပြာဖုံးမီးခဲတွေကိုစည်းရုံးတယ်။
ဘောင်းဘီချွတ်ကောင်းကင်အောက်
မြေကြီးပျောက်မှာစိုးကြောက်လှတဲ့မျောက်တွေ
တညကို (၃) ခေါက်လောက်
သစ်ပင်ပေါ်ကဆင်း မြေကိုနင်းကြ
မိုးပြိုမှာစိုးတဲ့ သစ်တီတူးငှက်တွေလည်း
ဇောက်ထိုးဆွဲ အိပ်တန်းဝင်ကြ
သဲမုန်တိုင်းကျချိန်မှာတော့
ငှက်ကုလားအုပ်တွေက
သူတို့ ရဲ့ ခေါင်းကို သဲထဲဝှက်တာနဲ့  လုံခြုံပြီထင်ကြ
တိရစ္ဆာန်ပေါင်းစုံဟာ သူအထာနဲ့ သူနေသားတကျရှိခဲ့တာ
ကမ္ဘာမြေတောင် အသားမာတက်နေပြီ။ ။
ဧရာ (၂၅၊၇၊၂၀၁၁)
No comments:
Post a Comment