Monday, August 15, 2011

အဖိုးသျှင်သို့ဦးညွတ်ခြင်း


အဖိုးသျှင်သို့ဦးညွတ်ခြင်း

အဖိုးသျှင်………………
ရာဇ၀င်သမိုင်း အံဖွယ်တတ်ကျွမ်း
ရခိုင်-မြန်မာပဏ္ဍိတ် ဂုဏ်ပြုထိုက်ရာ
သမိုင်းပညာသျှင် အဖိုးသျှင်ဂါး
ရခိုင့်သာသနာစိုဉ်အလာသည်
ထေရ၀ါဒမဟုတ် မဟာယာနရာဖြိုက်၏
ဗမာဦးဥာဏိသရထိုးနှက်ချက်ကို
က၀ိပညာသျှင်အဖိုးသျှင်က
ရခိုင့်သာသနာကာကွယ်ဖို့အရေး
မီးခွန်း(၆)ရပ် ပြန်မီးလတ်သော်
မိန်းသူရဟန်းတုန့်မပြန်ဝံ့ဘဲ
နှုတ်ဆိတ်ပြီးခါ အရုံးပီးလာ၏။

အဖိုးသျှင်…………………….
ရက္ခတိုင်းဖွားပြေသူများကို
ပညာအလင်းရောင် ထွန်းပြောင်ဇီဖို့
သမိုင်းရာဇ၀င် ဆီးကျမ်းဂန်နာင့်
ဗေဒင်အရာကျမ်းများစွာကို
မပန်းမပန်း ပြုစုပြီး၍
ရက္ခပြေသူများဗိုလ်လူရို့ 
မိမိသမိုင်းသိကတ်ဖို့အရေး
တိမ်မြုပ်သမိုင်းဖော်ထုတ်ခလေ၏။

အဖိုးသျှင်……………………………..
၉၀ ရွီးကောက်ပွဲသမယချိန်ကာလ၌
ရခိုင့်အောင်ပွဲအစိုဉ်တွေးကာ
ALD ပါတီဦးဆောင်နာယက
သမိုင်းပီးတာဝန် ကျေပွန်ထမ်းရွက်
မဲဆွယ်တရားဟောပြောခရာ
အမှန်အတိုင်းတုံ့မဆိုင်းဘဲ
ဟုတ်တိုင်းမှန်ရာပြောလီရေခါ
ဖက်ဆစ်ဗမာ စစ်ဝါဒီမှာဂါး
အနာပေါ်တုတ်ကျ နိန်မရဘဲ
လွန်စွာစိတ်ဆိုးအမျက်တိုးကာ
သမိုင်းပညာသျှင် အဘိုးသျှင်အား
မတရားဖမ်းဆီးထောင်သွင်းပြီးလျင်
စိန်ပါအဆိပ် မှန်ဇွာတိုက်ပြီး
ရက်မှာ(၁၄)  လကားသြဂုတ်
၉၀-သက္ကရာဇ်  ချိန်ကာလ၌
ရခိုင်မြီ၏ စစ်တွေထောင်မှာ
အဖိုးသျှင်အားလုပ်ကြံသတ်ဖြတ်
အဖပြေသူအားလုံုးယူကျုံးမရ
ရင်ထဲကြိမ့်အုံးပူလုံးဆို့ကာ
ပူဆွေးသောကဗျာပါဒနာင့်
ရတက်မအီးငိုကြွီးခကတ်ရလေ၏။

အဖိုးသျှင်………
ရန်သူဗမာအောက် ဒူးမထောက်ပဲ
အာရီယံနွိန်ဖွားရခိုင်သားသွီးကို
သီဖို့ခါအထိဦးမညွတ်ပဲ
အဖပြေသူအပေါ် မေတ္တာပို၍
အသက်ဝိညဉ် ပီးဆပ်ခသျှေ၏တဂါး။
အဖိုးသျှင်၏ ကြီးမြတ်မေတ္တာ
စေတနာနာင့် လွန်ဇွာကြီးမား
ကျေးဇူးတရားကိုအဖပြေသူ
စိတ်ကိုယ်တူနာင့် ရီမှန်းရမ်းရော်
ဦးညွတ်ပူဇော်ကတ်ပါ၏…
(အဖိုးသျှင်အားဇီသျှင်)၃


မောင်သာကီ(၁၄.၈.၂၀၁၁)



No comments:

Post a Comment