Friday, August 5, 2011

IELTS အကြောင်းသိကောင်းစရာဟောပြောပွဲ

A message to all members of Myanmar Network

IELTS အကြောင်းသိကောင်းစရာဟောပြောပွဲ


IELTS ဖြေဆိုရန်အစီအစဉ်ရှိသူများ၊ ဖြေဆိုရန် ပြင်ဆင်လျှက်ရှိသူများ နှင့် လေ့ကျင့်သင်ကြားပေးသော ဆရာဆရာမများ အတွက်ရည်ရွယ်၍ IELTS စာမေးပွဲနှင့်သက်ဆိုင်သော သိမှတ်ဖွယ်ရာများအကြောင်း ဟောပြောပွဲကို ဩဂုတ်လ ၂၂ ရက် တနင်္လာနေ့ ညနေ ၅ နာရီ၌ ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကျင်းပမည် ဖြစ်ကြောင်းသတင်း ရရှိပါသည်။

အဆိုပါဟောပြောပွဲတွင် ဗြိတိသျှကောင်စီမှ IELTS စာမေးပွဲဆိုင်ရာတာဝန်ရှိသူ ဦးရောဘတ်တင်မြင့်မှ ပြောကြားတင်ပြမည်ဖြစ်ပြီး ဟောပြောပွဲအပြီးတွင် တက်ရောက်သူများ၏ ထပ်ဆင့်မေးမြန်းချက်များကိုသီး သန့်အချိန်ပေးဖြေကြားပေးမည်ဖြစ်ပါသည်။

စိတ်ပါဝင်စားသူအားလုံး လာရောက်၍ အခမဲ့တက်ရောက်နားထောင်နိုင်ရန် စီစဉ်ပေးထားပြီး ဟောပြောပွဲသို့ တက်ရောက်လိုသူများအနေဖြင့် အနေဖြင့် ဩဂုတ်လ ၂၁ ရက်တနင်္ဂနွေနေ့ နောက်ဆုံးထား၍ ဗြိတိသျှကောင်စီစာကြည့်တိုက်၊ ၇၈ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ် တွင်စာရင်းပေးသွင်းနိုင်ပါသည်။

တယ်လီဖုံး၊ အီးမေးလ်တို့ ဖြင့်လည်းစာရင်းပေးနိုင်ပြီး ဆက်သွယ်ရန်ဖုန်းနံပါတ်မှာ ၂၅၄၆၅၈၊ ၂၅၆၂၉၀၊ ၂၅၆၂၉၁ လိုင်းခွဲအမှတ် ၃၃၁၆ နှင့် အီးမေးလ်လိပ်စာမှာ library.enquiries@mm.britishcouncil.org ဖြစ်ပါသည်။ online မှစာရင်းပေးလိုပါက www.myanmar-network.net သို့သွားရောက်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။

Please forward this message to your friends who might be interested in IELTS. Thank you.

Visit Myanmar Network at: http://www.myanmar-network.net/?xg_source=msg_mes_network

No comments:

Post a Comment