Thursday, August 18, 2011

မြန်မာ့ ရာဘားမြင်းဆေး ၅၆၀၀၀ လုံးနှင့် မူးယစ်မှောင်ခိုသမား (၃)ဦး ဘင်္ဂလာက ဖမ်းဆီးပြန်ပြီ


ဂစ္ဆပသတင်းဋ္ဌာန
သြဂုတ်လ (၁၈)ရက်၊ ၂၀၁၁၊ ညနေ (၃)နာရီ။

မြန်မာ့ ရာဘားမြင်းဆေး ၅၆၀၀၀ လုံးနှင့် မူးယစ်မှောင်ခိုသမား (၃)ဦး ဘင်္ဂလာက ဖမ်းဆီးပြန်ပြီ

မြန်မာမှ ဘင်္ဂလာသို့ မှောင်ခိုလမ်းမှ တင်သွင်းသည့် ရာဘားမြင်းဆေး ၅၆၀၀၀ လုံးကို တာခ်နာအခြေစိုက် BGB မှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကြားသူ (၃)ဦးနှင့်အတူ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိကြောင်း ဒေသခံသတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆိုလိုက်သည်။
 (၁၇)ရက်နေ့က ဖမ်းဆီးမိသည့် မြန်မာ့ရာဘားမြင်းဆေးလုံးနှင့်အတူ 

မြန်မာ့ ရာဘားမြင်းဆေးနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားသူ (၃)ဦးတွင် မောင်တော-တာခ်နာ လှေဖြင့် ခရီးသည်များကို ကူးခတ်ပေးနေသည့် လှေသမားတဦး လှေနှင့်အတူ ပါဝင်ကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောဆိုလိုက်သည်။

“တာခ်နာ အခြေစိုက် BGB အမှတ်(၄၂) ဆားပြင်ဒေသ ကင်းထောက်စခန်းတခုက ညဥ့်(၁၁)နာရီတွင် နတ်မြစ်မှ လှေနှင့်အတူ ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာမှ လှေကိုဒလစပ်ရှာကြည့်ရာ လှေသမား အီလိယာစ် က မြင်းဆေး (၅၀၀၀၀) ပါသည်ဟု ထုတ်ဖေါ် ပြောကြောင်း၊ လှေသမားမှာ မောင်တောမြို့နယ်မှဖြစ်ကြောင်း၊ တာခ်နာမြို့နယ် ဒေါင်မ်ဒေါ်မိယာ BGB စစ်ဆေးရေးဂိတ်က ညဥ့်(၉) နာရီတွင် မူးယစ်သမားများ သယ်ဆောင်လာသည့် မြန်မာ့ရာဘား ၅၂၀၀ လုံးကို ဖမ်းဆီးရမိကြောင်း၊ မူးယစ်ဖေါက်ကြားသူ ဟိုဆိုင်းန် အာလီနှင့် ဆာမ်ဆူလ် ဟုဒါတို့ နှစ်ဦးကို ဖမ်းဆီးရမိကြောင်း။” ယနေ့ထုတ် The Daily Ajker Deshbidesh သတင်းစာက သက်ဆိုင်ရာ အာဏာပိုင်မှ ပြောဆိုချက်များကို ကိုးကားပြီး ဖေါ်ပြထားသည်။

SAMUDRABARTA (၁၆)ရက်နေ့ထုတ် သတင်းစာက “တာခ်နာမြို့ ရဲဋ္ဌာနထိပ်တန်းအကြီးအကဲ မာဟာဘူလ် ကိုယ်တိုင်သွားရောက်ပြီး မူးယစ်ဆေးဝါးများကို လိုက်လံရှာဖွေခဲ့ရာ မြန်မာ့ရာဘား ၈၀၀ လုံးနှင့် ဂင်ဇာ ၅၀၀ ဂရမ်နှင့်အတူ မူးယစ်ဖေါက်ကြားသူများကို (၁၅)ရက်နေ့က ဖမ်းဆီးဖေါ်ထုတ် နိုင်ခဲ့ကြောင်း။” ဆိုသည်။

မြန်မာ့မှ ဘင်္ဂလာသို့ မှောင်ခိုတင်ပို့သည့် ရာဘားအမျိုးအစားမှာ ၆ မျိုးကျော်ရှိကြောင်း၊ အဆင့်နိမ့်ဆုံး တန်ဖိုးမှာ ကော့စ်ဘဇားမြို့တွင် တလုံးကို တာကာ ၂၀၀ ကျော်ရှိပြီး အဆင့်အမြင့်ဆုံးမှာ ၆၀၀ ကျော် တန်ဖိုးရှိသည်။ သို့သော်လည်း စစ်တကောင်းနှင့် ဒက္ကားမြို့တွင် မြန်မာ့ မူးယစ်ဆေးဝါး ရာဘားမြင်းဆေးမှာ ကော့စ်ဘဇားမြို့ ပေါက်ဈေးထက် ၂ ဆကျော်တန်ဖိုးပိုမို ဈေးကောင်းရရှိကြောင်း စုံစမ်း သိရှိရသည်။  

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)အနေဖြင့် မိမိအမျိုးသားအကျိုးစီးပွားအတွက် ဒေသအတွင်းသို့ ကျူးကျော်ဝင်ရောက် လာသူများနှင့် မှောင်ခိုပစ္စည်းများကို ဒလစပ်လိုက်လံဖမ်းဆီးနေပြီး တဖက်မှာ မိမိဒေသမှ မြန်မာသို့ တရားမ၀င် တင်ပို့သည့် ဘိလပ်မြေ၊ ဓါတ်မြေသြဇာ၊ သကြား၊ ရေနံဆီ မီးခွင့်၊ နို့ဆီဗူး၊ အယ်လူမီနီယံနှင့်အတူ မှောင်ခိုသမားများကိုလည်း ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်လျှက် ရှိနေကြောင်း ဒေသထုတ် သတင်းစာများက ဖေါ်ပြချက်များအရ သိရှိရသည်။

ထို့ပြင် DAINIK COX’S BAZAR (၁ရ)ရက်နေ့ထုတ် သတင်းစာက “မြန်မာ့မှ ကျူးကျော်ဝင်ရောက်လာသည့် မူဆလင်ဘာသာဝင် အမျိုးသား (၁၁)ဦး၊ အမျိုးသမီး(၂)ဦးနှင့် ကလေး(၅)ဦး စုစုပေါင်း (၁၈)ဦးကို BGB (၄၂)က ကော့စ်ဘဇားခရိုင်အတွင်း ဖမ်းဆီးရမိခဲ့ပြီး မောင်တောမြို့နယ်သို့ အတင်းအဓမ္မ နတ်မြစ်ဖြတ်ကျော်သွားကြရန် တွန်းပို့ခဲ့ကြောင်း။” ဖေါ်ပြထားသည်။

No comments:

Post a Comment