Monday, August 22, 2011

တတိယမြောက် မြန်မာ-ဘင်္ဂလာ Join Working Group ယနေ့ဆွေးနွေးပွဲစတင်


ဂစ္ဆပသတင်းဋ္ဌာနhttp://www.freerakhaing.blogspot.com
သြဂုတ်လ (၂၂)ရက်၊ ၂၀၁၁၊ ညနေ (၃)နာရီ။

တတိယမြောက် မြန်မာ-ဘင်္ဂလာ Join Working Group ယနေ့ဆွေးနွေးပွဲစတင်

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံကြား နယ်စပ်ဒေသ စီးပွားရေးဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (JWG)အနေဖြင့် တတိယအကြိမ်မြောက် အကျိုးတူ တိုးမြင့်လုပ်ဆောင်နိုင်ဖို့အရေး ဆွေးနွေးပွဲတရပ်ကို ကော့စ်ဘဇားမြို့ Long Beach ဟိုတယ်ခန့်မတခု၌ ယနေ့နေ့လည်ပိုင်းတွင် ကျင်းပ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ တိုးမြင့်ဆောင်ရွက်နိုင်ဖို့အရေး JWG ဆွေးနွေးပွဲသို့ မြန်မာမှ အဖွဲ့ဝင် ၁၂ ဦးနှင့် ဘင်္ဂလာမှ တာခ်နာမြို့နယ် အကြီးအကဲ အာ နော် မော် နာဇိမ် အူဒိန် (UNO) ဦးဆောင်၍ အဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ၂၆ ဦးတို့ တက်ရောက်ဆွေးနွေးနေကြသည်ဟု သိရှိရသည်။

JWG အနေဖြင့် တနိုင်ငံနှင့် တနိုင်ငံအကြား သက်ဆိုင်ရာတွင် နိုင်ငံကူးသန်းခွင့် တရားဝင်ပါ့စ်ပို့ဖြင့် အလွယ်တကူသွားလာပြီး စီးပွားရေး လုပ်ငန်းများ နှစ်နိုင်ငံအ၀ှမ်း ကုန်လမ်းနှင့် ရေကြောင်းလမ်းတို့ဖြင့် ဆောင်ရွက်နိုင်ရန်တို့ကို အဓိကထား ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာ-ဘင်္ဂလာ နိုင်ငံအကြား စီးပွားရေးဇုံတွင် မြန်မာနိုင်ငံ အနောက်ဖက်ဒေသရှိ မောင်တောမြို့နှင့် ဘင်္ဂလာမှ တာခ်နာမြို့ များမှာ နိုင်ငံကြား အဓိကစီးပွားရေး နယ်စပ်မြို့များ ဖြစ်လာမည်ဖြစ်ကြောင်း နယ်စပ်စီးပွားရေးသတင်းရပ်ကွက်မှ ဆိုသည်။

ကော့စ်ဘဇားမြို့ ယနေ့ထုတ် DAINIK COX’SBAZAR သတင်းစာ က “မြန်မာမှ အဓိက ဆန်စပါး၊ ငါး၊ ကျောက်မျိုးစုံနှင့် တခြားပစ္စည်း မျိုးစုံကို တင်သွင်းဖို့နှင့် ဘင်္ဂလာမှ ပလက်တစ်လုပ် ကုန်ပစ္စည်းများနှင့် တခြားပို့ကုန်များ ယခုထက်ပိုမို၍ မြန်မာသို့ တင်ပို့နိုင်အောင် အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း။” တာခ်နာမြို့နယ် အကြီးဆုံး အာ နော် မော် နာဇိမ် အူဒိန်က ပြောကြောင်း ဖေါ်ပြထားသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အစိုးရ အနေဖြင့် ၎င်းတို့၏ ပြည်သူလူထုများအတွက် မြန်မာနိုင်ငံမှ တင်ပို့ကုန်များကို ၁၉၉၇ ခုနှစ် ကတည်းက ၀ယ်လိုအားကောင်းမှု ကြီးမားလာခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။ မြန်မာတင်ပို့ကုန်များကြောင့် ဘင်္ဂလာ နိုင်ငံတော်ဝင်ငွေမှာ တာကာငွေ ကုဋေ (၂၀၀)ကျော်ထိ နှစ်စဉ်နှစ်တိုင်း ရရှိနေကြောင်း သတင်းများအရ သိရှိရသည်။

မြန်မာစစ်အုပ်စု အနေဖြင့် ဘင်္ဂလာမှ ကုန်ပစ္စည်း ၀ယ်လိုအားကြီးမှုကိုကြည့်၍ မြန်မာ့ထွက်ကုန်များကို ကမ္ဘာ့ဈေးကွက် ပေါက်ဈေးအတိုင်း တင်သွင်းနိုင်ရန် စီးပွားရေးကျားကွက်ကို မိမိပြည်သူ စီးပွားရေးသမားများနှင့် လွတ်လွတ်လပ်လပ် ထင်သာမြင်သာ ရှိမှု အရေးကြီးသည်။

No comments:

Post a Comment