Tuesday, August 2, 2011

အစုလိုက်သတ်ဖြတ်သည့် ဘင်္ဂလီအား ကြိုးဒဏ်ပေးရန် ရခိုင်နှင့် မျိုးနွယ်စုများ လမ်းလျှောက်တောင်းဆို

ဂစ္ဆပသတင်းဋ္ဌာန
သြဂုတ်လ (၃)ရက်၊ ၂၀၁၁၊ နံက် (၈)နာရီ။
http://www.gissapa.blogspot.com

အစုလိုက်သတ်ဖြတ်သည့် ဘင်္ဂလီအား ကြိုးဒဏ်ပေးရန် ရခိုင်နှင့် မျိုးနွယ်စုများ လမ်းလျှောက်တောင်းဆို
ဤသို့ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်တောင်းဆိုကြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းဒေသအတွင်း ဘင်္ဂလီက မာရာမာ (ခေါ်) ရခိုင်မိသားစု တစုအား အစုအပုံလိုက် ဓါးဖြင့် ခုတ်သတ်လိုက်သည့် တရားခံကို အခင်းဖြစ်ပွားခဲ့သည့် လာမားမြို့နယ် နယ်မြေဥက္ကဌများနှင့် လူထုများစုပေါင်းပြီး စီတန်းလမ်းလျှောက် သတင်းစာရှင်းလင်းပွဲတရပ်ဖြင့် ကြိုးဒဏ်ပေးရန် ငြိမ်းချမ်းစွာ လာမားမြို့တွင် အင်္ဂါနေ့က တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

စစ်တကောင်းတောင်တန်း လာမားမြို့နယ် ရူပေါ်ချီး နယ်မြေဥက္ကဌ ဦးသာအေးမောင်နှင့် ဂေါ်ဇော်လီယာနယ်မြေ ဥက္ကဌ ဦးဘထွန်းစိန်တို့ ဦးဆောင်ပြီး ဘင်္ဂလီလူသတ်သမားအား တရားဥပဒေအရ စီရင်နိုင်ရန် လာမားနှင့် အလယ်ခေါ်ဒေါင် မြို့နယ်နှစ်ခုမှ ကျေးရွာပေါင်း ၂၀ ကျော်ကို ဖိတ်ခေါ်ယူကာ အင်အား ၃၀၀၀ ကျော်ဖြင့် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စီတန်းလမ်းလျှောက်ကာ သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ လာမားမြို့ ဥက္ကဌ မိုဟာမတ် အီစ်မာန်နှင့် TNU အကြီးအကဲများ တက်ရောက်ကာ “ဒီလိုဖြစ်ပွားပြီး သေဆုံးသွားခဲ့သူများနဲ့ ပတ်သက်လို့ ၀မ်းနည်းမိပါကြောင်း၊ လူသတ်သမား တရားခံကို ကြိုးဒဏ် အဆင့်ရအောင်အထိ ဒေသခံတွေနဲ့ တသားတည်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနဲ့ လူသတ်သမားကို ကြိုးဒဏ်ပေးအောင် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ကတိပေးပါတယ်။”ဟု မိန်းခွန်းဖြင့် အရာရှိများက အခမ်းအနားတွင် ကတိပေးပြောကြားခဲ့သည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ကာ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဦးဆောင်ပြုလုပ်သူများ အနေဖြင့် “ကျွန်တော်တို့ ဒေသခံတွေ ကြောက်မနေကြဖို့၊ တခုမှထပ်ပြီး စိုးရိမ်စရာမရှိကြောင်း၊ အခုစစ်တပ်က လုံခြုံရေး တာဝန်ယူ ထားပြီးဖြစ်ကြောင်းနဲ့ လူသတ်သမားကို ကြိုးဒဏ်မပေးမနေပေးဖို့ အမြဲတမ်းတိုက်ပွဲဝင်ဖို့ ကတိက၀တ်ပြုကြောင်း။” အခမ်းအနားတွင် ပြောကြား ခဲ့သည်။

ဘင်္ဂလီထံ ဓါးဖြင့်ခုတ်သတ်ခံပြီး သေဆုံးသွားခဲ့သော မိသားစုများမှာ ရူပေါ်ချီးဒေသ စံချောင်းတွင် လယ်တဲတက်နေစဉ် ဇူလှိုင်လ (၃၀)ရက် နေ့လည်တွင် အသတ်ခံရခြင်းဖြစ်ကာ ဒေါ်လှမိုးသူ (၃၈)နှစ်၊ သားဖြစ်သူ မောင်နုစိန်(၅)နှစ်နှင့် အဖိုးဖြစ်သူ ဦး အောင်သာဦး(၇၀)နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။ သို့သော်လည်း သမီး ဦးမြစိန်(၁၅)နှစ်မှာ လူသတ်သမား ဘင်္ဂလီလက်မှ လွတ်မြောက်ခဲ့ကြောင်းနှင့် အဖဖြစ်သူ ဦးစိုးသာမောင်မှာ ဈေးဝယ်သွားနေ၍ အခင်းဖြစ်ပွားမှုကို သူကိုယ်တိုင်မတွေ့မြင်လိုက်ကြောင်း သိရှိရသည်။

“လူသတ်သမား ကုလား အာဘူရ် မူဆက် ဆိုသူသတ်တာပါ၊ သူ့အဖက ရူပေါ်ချီးနယ်မြေမှာရှိတဲ့ ကုလားရွာက ရွာလူကြီး ဆာဇင်း ဆိုသူပါ၊ သူတို့အကြား ပြဿနာဖြစ်တာ လုံးဝမရှိပါ၊ ကုလားက လယ်တဲကိုလာပြီး ရေတောင်းသောက်ပါတယ်၊ ပြီးတော့ ဓါးတချောင်း တောင်းပါတယ်၊ ပေးတဲ့ဓါး ငယ်တယ်ဆိုပြီး အိမ်တွင်းသို့ဝင်၍ ဓါးကြီးတချောင်းယူပါတယ်၊ သစ်ပင်ခုတ်မယ်ဆိုပြီး ဓါးသွားတနာရီကျော် သွေးတယ်လို့ သိရပါတယ်၊ ပြီးတော့ အပြင်မှာအိပ်နေတဲ့ အဖိုးအိုကို လည်လှီးသတ်ပါတယ်၊ အိမ်ထဲဝင်သွားပြီး သားနဲ့အမေ အိပ်နေတာကို ခုတ်သတ်တယ်၊ ပြီးတော့ အသက်ချမ်းသာခွင့် ရရှိခဲ့တဲ့ သမီး ဦးမြစိန်(၁၅)နှစ်ကို ခေါ်သွားပြီး အတင်းအဓမ္မ ပြုကျင့်ရန် ကြိုးစားစဉ် ထွက်ပြေးလွတ်မြောက်တာလို့ သူမရှင်းပြသည်။”ဟု စီတန်းလမ်းလျှောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနား ပြုလုပ်ရာတွင် ဦးဆောင်သူတဦးက ဂစ္ဆပကိုပြောသည်။

အခုအခါ ဘင်္ဂလီလူသတ်သမား အသက်ဘေးမှ လွတ်မြောက်လာသူ ဦးမြစိန်အား ဒေသအမျိုးသမီးကူညီစောင့်ရှောက်ရေးအဖွဲ့က တာဝန်ယူပြီး သက်ဆိုင်ရာ ဆေးရုံတွင် ဆေးကူးသမှုများဖြင့် လုံခြုံစွာ ကူညီစောင့်ရှောက်ပေးနေကြောင်း သိရှိရသည်။

ဘင်္ဂလီလူသတ်သမားအား တရားဥပဒေအရ ကြိုးဒဏ်စီရင်နိုင်ရန် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ပြီး သတင်းစာရှင်းလင်းပွဲ အခမ်း အနားသို့ တက်ရောက်တောင်းဆို လာကြသူများမှာ လာမားမြို့နယ်နှင့် အလယ်ခေါ်ဒေါင်မြို့နယ် နှစ်ခုမှ ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြုံ၊ မြို စသည့်ဒေသခံ လူမျိုးပေါင်းစုံပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

သက်ဆိုင်ရာမှ လူသတ်သမား ဘင်္ဂလီအား အခင်းဖြစ်ပွားပြီးသည်နှင့် ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း သိရှိရသည်။ စစ်တကောင်း တောင်တန်းဒေသ ဘင်ဒရိုဘင်ခရိုင် လာမားမြို့နယ်တွင် ယခုအချိန်ထိ အခင်းဖြစ်ပွားခဲ့မှုနှင့် စပ်လျား၍ စစ်တပ်နှင့် ရဲများပူးပေါင်းပြီး နယ်မြေလုံခြုံရေးအတွက် တာဝန်ယူ ကင်းလှည့်နေကြကြောင်း မျက်မြင်သက်သေများက ပြောသည်။

အခုအခါ စစ်တကောင်းတောင်းတန်းဒေသတွင် တာဝန်ရှိသူများ အနေဖြင့် ယခုလို အခင်းဖြစ်ပွားမှုများမှ လူမျိုးရေးနှင့် ဘာသာရေး ပြဿနာများ ဖြစ်ပေါ်လာပြီး ငြိမ်းချမ်းရေးသူပုန်များ ပြန်လည်ထကြွလာမည်ကို စိုးရိမ်နေကြကြောင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံရေး လေ့လာသူ များက သုံးသပ်နေကြသည်။

No comments:

Post a Comment