Monday, August 8, 2011

မိတ်ဆွေများခင်ဗျာ

မိတ်ဆွေများခင်ဗျာ

ဦးထွန်းဝေပြောတဲ့ မဆလခေတ်က မြန်မာဝန်ထမ်းတွေ လာဘ်ယူပြီးတော့ ဘင်္ဂါလီတွေကို နိုင်ငံသားကဒ်ထုတ်ပေးခဲ့တယ်ဆိုတာ အမှန်ပါ။ ၀န်ထမ်းအသေးလေးတင်မဟုတ်ပါဘူး၊ ၀န်ကြီးအဆင့်ထိ ညပ်ခဲ့လို့ သက်ဆိုင်ရာဝန်ကြီးတစ်ပါး ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တဲ့ အဖြစ်တောင် ရှိခဲ့ပါတယ်။ ဦးနေ၀င်းရဲ့အမျက်တော်ကို ရင်မဆိုင်ရဲတဲ့အဆုံး ကိုယ့်ကိုယ်ကို သတ်သေသွားတာပါ။ ကျနော် အမည်မေ့နေပေမဲ့ သတင်းလောကက သက်ကြီးစာနယ်ဇင်းသမားတွေဆိုရင် မှတ်မိနေလိမ့်မယ်ထင်ပါတယ်။ ကျနော့်မှတ်ဥာဏ်အရဆိုရင် ဒီနဂါးမင်းစစ်ဆင်ရေးက ၁၉၇၈ ၀န်းကျင်ကဖြစ်တာပါ။ ကျနော် ရှမ်းပြည်နယ် ဘော်ဆိုင်းဖက်မှာ ခဲသတ္တုရှာဖွေရေး လုပ်နေစဉ်ကပါ။ ကျနော့် လက်ထောက်တစ်ယောက်က မူဆလင်ပါ၊ သူက အစိုးရလွန်တယ်ဗျာလို့ ညနေစောင်း ယမကာဝိုင်းနားမှာ မရဲတရဲ စကားအကဲစမ်းပါတယ်။ ဒီမှာတင် ကျနော်က နဲနဲလဲ သောက်ထားတော့ စိတ်ဆိုးပြီး ဒေါသနဲ့ “ဟေ့ကောင်၊ မင်းဘာ လူပါးဝစကားပြောတာလဲ၊ မင့်ကို နိုင်ငံတော်က ပညာသင်ပေး၊ အလုပ်ပါပေးထားတယ်။ ဒီဘင်္ဂါလီတွေ ဥဒဟိုဝင်နေတာ ဒီလိုမှ မောင်းမထုတ်ရင် မင့်အမေ့လင်တွေက ဒီအတိုင်းထွက်သွားမှာ မဟုတ်ဘူး” လို့ ပတ်ကြမ်းတိုက်ပစ်မှ ငြိမ်သွားပါတယ်။ ဒီဝန်ထမ်းက လူအနေနဲ့ကတော့ လူကောင်းပါ၊ ဒါပေမဲ့ သူ့အကြောင်းသိတဲ့ တခြားဝန်ထမ်းအပြောအရကော၊ သူကိုယ်တိုင် နောက်ပိုင်းမှာ ၀န်ခံတာရောအရ၊ သူဟာလဲ ရိုဟင်ဂျာ ဘင်္ဂါလီပါ၊ မောင်တောနယ်လား၊ ဘူးသီးတောင်နယ်လားတော့မသိဘူး၊ ဇာတိက ကြိမ်ချောင်းရွာတဲ့။

ဒီလိုပြောလိုက်လို့ ဒီဘင်္ဂါလီ တဖြစ်လဲ ရိုဟင်ဂျာတွေကို ကြီးနိုင်ငယ်ညှင်းလုပ်တာမျိုးကိုတော့ ကျနော် ဘယ်တုန်းကမှ သဘောမတူဘူး။ ဘယ်လူမျိုးအပေါ်ပဲဖြစ်ဖြစ် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုးဆိုရင် အဲဒီငယ်ပါကို ဖြတ်ပစ်ချင်လောက်အောင် အမြင်ကပ်ပါတယ်။ သို့သော်လည်း တစ်နည်းနည်းနဲ့တော့ အရေးယူရမှာပဲ။

မြန်မာပြည် ဒီမိုကရေစီရေးဟာ အရေးကြီးသလို လူနည်းစုဖြစ်တဲ့ ရခိုင်ဒေသကို တစ်ပြည်လုံးက ၀ိုင်းဝန်း မစောင့်ရှောက်၊ မကာကွယ်လို့ မရပါဘူး။ ဒါဟာ အမျိုးသားရေးတာဝန်ဖြစ်တယ်။ စစ်အစိုးရကော အခု ဦးသိန်းစိန်အစိုးရကော ဘယ်လောက် စောင့်ရှောက်တယ်၊ ဘယ်မျှ ပျက်ကွက်တယ်၊ ကျနော် အသေအချာ မသိပါဘူး။ အရင်က ဘယ်လိုပဲ ဖြစ်ခဲ့ပါစေ၊ ဒီနေ့ကစပြီး ကျနော်တို့ ပြင်ကြရပါလိမ့်မယ်။ ကျနော်တို့လုပ်လို့ရတာက အစိုးရကိုလေနဲ့ဖြုတ်ချနေတာမျိုးတွေကို ရပ်တန့်ပြီး၊

၁။ အစိုးရအနေနဲ့ ဒီကိစ္စကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပေးဖို့ ညီညီညာညာတောင်းဆိုရမယ်
၂။ နိုင်ငံရေးပါတီအားလုံးအနေနဲ့လဲ ဒီကိစ္စကို လွှတ်တော်မှာ ညီညီညွတ်ညွတ် တင်ကြဖို့ တောင်းဆိုရမယ်
၃။ ဖြစ်နိုင်သမျှ ရခိုင်နယ်စပ်တစ်လျှောက်မှာ တာဝန်ချထားတဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများဟာ ရခိုင်အများစုဖြစ်စေရမယ်

ဆိုတာတွေကို ရှေ့တန်းတင် တောင်းဆိုရပါမယ်။ တစ်ဖက်က အစိုးရကို ရှုတ်ချဝေဖန်ပြီး တစ်ဖက်က ဒါလေးတွေတော့ လုပ်ပေးပါခင်ဗျာလို့ မျက်ရည်ခံထိုးလို့ မရပါဘူး။ ကျနော်တို့ဟာ အားလုံးမိတ်ဆွေဖြစ်နိုင်တဲ့စိတ်ထား၊ မိသားစုဖြစ်နိုင်တဲ့စိတ်ထားဖြစ်အောင် ပြောင်းကြရလိမ့်မယ်။ ဆရာကြီးဒဂုံတာရာက “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” လို့ အခိုင်အမာပြောဖူးပါတယ်။ ပြီးတော့ “ရန်သူမရှိ၊ မိတ်ဆွေသာ ရှိ” လို့လဲ ဆိုပါတယ်။ အစိုးရကို ကွန်မျူနစ်ကြွေးကြော်သံအတိုင်း အပြတ်ရှင်းချင်တဲ့သူများ ခဏလေးလောက် ကိုယ့်ဆန္ဒဟာ နွေလယ်အိပ်မက်လား၊ လေသက်သက်လား၊ တကယ် ဖြစ်နိုင်ချေရှိရဲ့လားဆိုတာကို စဉ်းစားစေချင်ပါတယ်။ အစိုးရဖက်က ရှေ့နေလိုက်နေတာ မဟုတ်ဘူး၊ လောကဓမ္မအရ “ကိုယ်ကောင်းမှ သူကောင်းမှာ” ဖြစ်တဲ့အတွက် ကိုယ်ကအရင် ကောင်းကြဖို့ ဆော်သြတာ။ “သင်ကောင်းမှ ကျွန်ုပ်ကောင်းမည်” ဆိုလျှင်တော့ နှစ်ပြန်မက စောင့်ပေဦးတော့၊ ဒီကြားထဲ ရန်စကားတွေ အရိုင်းအစိုင်းတွေလဲ မပြောမိစေနဲ့။ ကျနော်ကတော့ အစိုးရဆိုးချင်သေးသပဆိုရင် ဆိုးပါစေ၊ ကိုယ်က လိုက်မဆိုးဖို့ပဲဖြစ်တယ်၊ သူက ခွင့်မလွှတ်နိုင်သေးရင်လဲ ကိုယ်က ဦးအောင် ခွင့်လွှတ်ထားဖို့လိုပါတယ်။ေ

ရှေးနှစ်ပေါင်းငါးထောင်လောက်က တရုပ်တေးချင်းတစ်ပုဒ်မှာ၊

“အသွားအပြန်မရှိတဲ့စကား မရှိ၊
အသွားအပြန်မရှိတဲ့ အကြင်နာတရား မရှိ၊
ကိုယ့်ဆီကို နှင်းသီးတစ်လုံး ပစ်ပေးပါ၊
ကိုယ်က ဆီးသီးတစ်လုံး ပြန်ပစ်ပေးမှာပ” တဲ့။
(Watson, B. 1961. Mo Tzu: Basic Writings, Columbia University Press, p.47)

အလားတူပါပဲ၊ သမ္မာကျမ်းစာထဲမှာလဲ ဘယ်လို ရေးထားသလဲဆိုတော့၊
“သင့်ခလေးက ပေါင်မုံ့တောင်းတဲ့အခါ
သင်တို့တတွေ (ခလေးမအေ)က ကျောက်ခဲကို ပေးမှာတဲ့လား၊
သူက ငါးကိုတောင်းတဲ့အခါ သင်တို့က ငန်းမြွေကို ပေးမှာတဲ့လား၊
ဒါမှမဟုတ်လို့၊ သူက ကြက်ဥတစ်လုံးပေးပါဆိုရင်
သင်တို့က ကင်းမြီးကောက်ကို ပေးမှာတဲ့လား။
(St. Luke, 11, 11-12, Authorized King James version, Holy Bible, New Testament, 1989, p.51)

အချုပ်ပြောချင်တာကတော့၊
တစ်၊ ဘာအစီအစဉ်မှလဲ ရေရေရာရာမရှိ၊ ဘယ်တော့နိုင်အောင်ချနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်ကလဲ မရှိ၊ ကိုယ်က ရန်သူလို့ သတ်မှတ်ထားသူတွေလောက်မှ လေ့လာအားကလဲ မရှိ၊ ဓနအင်အား၊ မိတ္တဗလအင်အားကလဲ ချိနဲ့၊ ခေါင်းဆောင်ဆိုတဲ့လူတွေကလဲ ထူးမခြားနားတဲ့ ဒဟတ်တော စတိတ်မန့်တွေသာ အလျှိုအလျှိုထုတ်ရင်း ရေဝေးကို ချီတက်နေတဲ့အဆင့်နဲ့ ဘယ်လိုလုပ် တိုင်းပြည်ကို ကယ်တင်နိုင်မှာလဲ။ ဒါကြောင့်၊ စဉ်းစားရိုး ရန် ငါ ချည်း၊ ဖြုတ်ထုတ်သတ်ချည်း မစဉ်းစားပဲနဲ့ သူနဲ့ငါ နဂိုကလဲ သားချင်းတွေ၊ တလောက စိတ်အခန့်မသင့်လို့ နှစ်ဖက်စလုံး လွန်လွန်ကျူးကျူးတွေပြောခဲ့ကြတယ်၊ ခုကစလို့ နောင်တိုင်အောင်လဲ ငါတို့ဟာ သားချင်းတွေပဲ။ သူက အရင်မလျှော့ရင် ငါက အရင်လျှော့မယ်။ ငါရဲ့ ဖြူစင်တဲ့စိတ်ထားကို သူ မြင်စေရမယ်။ ငါ မနိုင်တော့လို့ လျှော့တာ မဖြစ်စေရဘူး။ သူနဲ့ငါသာ ညီရင် ငါတို့ အမိအဖတွေ ဆွေမျိုးညာတကာတွေ အားလုံးလောကနိဗ္ဗာန်ရောက်ကြမှာပဲ။ ဒါကြောင့် ငါ ရဲရဲ လျှော့တယ်၊ သူ့ကို ဖြေးဖြေးခြင်း ကောင်းတဲ့ဖက် ငါ ဆွဲဆောင်မယ် ဆိုတဲ့ စိတ်ထားမျိုးကို ရောက်အောင် မပြောင်းနိုင်ရင် တိုင်းပြည်ငြိမ်းချမ်းမှု နှေးကွေးမယ်၊ တိုးတက်မှု နှေးကွေးမယ်။ မိဖပြည်သူ လောကနိဗ္ဗာန်နဲ့ ဝေးနေဦးမယ်လို့ ပြောလိုက်ကြောင်းနဲ့၊

နှစ်၊ ရခိုင်နယ်စပ် လူဝင်မှု ကြီးကြပ်ရေးမှာ ရခိုင်က အများလေးစားတဲ့၊ ရိုးဂုဏ် ပညာဂုဏ်မြင့်မားတဲ့ ရခိုင်လူမျိုးစစ်စစ်တွေကို ဂိတ်တိုင်းမှာ ထက်ဝက်အထက် ခန့်ထားဖို့ကို နိုင်ငံတော်အစိုးရကိုရော၊ နိုင်ငံရေးပါတီအသီးသီးကိုရော အားလုံးက မေတ္တာရပ်ခံ တိုက်တွန်းကြပါ။ လိုအပ်တယ်ထင်ရင် ရခိုင်တွေ မိမိတို့ မြှိုနယ်ကျေးရွာ ရပ်ကျေးအလိုက် အစိုးရရဲ့ ခွင့်ပြုချက်ရယူပြီး စီတန်းလမ်းလျှောက် တောင်းဆိုနိုင်အောင် အဓိကအားဖြင့် ကမ္ဘာတစ်လွှားမှာရှိတဲ့ ရခိုင်အဖွဲ့အစည်းများက ငွေအား လူအားနဲ့ ကူကြပါလို့ တိုက်တွန်း ရေးသားလိုက်ရကြောင်းပါခင်ဗျား။
ရိုဟင်ဂျာဆိုတာ ကူလီကူမာ ဘင်္ဂါလီဖြစ်တယ်၊
မြန်မာတိုင်းရင်းသားထဲမှာ ရိုဟင်ဂျာဆိုတာ လုံးဝမရှိ၊
ရခိုင်က လက်မခံသလို ကျန်တိုင်းရင်းသားတွေကလဲ ဘယ်တော့မှ လက်မခံတဲ့အချက်ဖြစ်တယ်။

မောင်ညွန့်(မြစ်ကျဉ်းတိုက်)

No comments:

Post a Comment