Thursday, August 4, 2011

သတိမြဲကြ - မာန်ပြင်ကြ…ပါ

သတိမြဲကြ - မာန်ပြင်ကြ…ပါ

ရန်ရို့သည် -
ဘူမိနက်သန်မြေ၌
ဂန္တ၀င်-ကဗည်း-ဗိသုကာ သမိုင်းများကို
ဖြိုခွင်းထုထွင်း စားသောက်နေသည်မှာ
၂၂၇ နှစ်သို့ ချီတက်လာနေပြီ…။

အကျွန်ုပ်ရို့၏ -
ဂိုဏ်းဃဏ အသွင်
ဇတ်တူသား စားကွင်းနန့်အတူ
မဟာဗျူဟာ ပျောက်နေရခြင်းမှာ
ရန်သူ့၏ စီမံကိန်းကြောင့်ဟု
သက်ဝင် သတိမြဲကြ…ပါ။

ရည်ရွယ်ချက်ကြောင့် -
ပိုရေသတိ မယှိ
သက်လုံးအား မပြတ်
ယုံကြည်မှု အတိုင်း
ငြိမ်းချမ်းရေးကို ဦးထိပ်ပန်ကာ
စစ်မှန်သော မာန်ပြင်ကြ…ပါ။

အောင်သန်း
NUPA - AA- Aug 4, 2011.

No comments:

Post a Comment