Monday, August 1, 2011

(၆)ကြိမ်မြောက် WAO Conference ကို သြဂတ် ၁၄ တွင်ကျင်းပမည်

(၆)ကြိမ်မြောက် WAO Conference ကို သြဂတ် ၁၄ တွင်ကျင်းပမည်

(၆)ကြိမ်မြောက် World Arakanese Organization (WAO) Conference ကို လာမည့် သြဂတ် ၁၄ တွင် Des Moines, Lowa ,US ၌ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။


WAO အဖွဲ့စည်းသည် ၂၀၀၅ ဇန်န၀ါရီလ ဒေါက်တာနာယက၏ ဂျပန်ခရီးစဉ်မှ အစပြုပြီး ဂျပန်ရောက် ရခိုင်များနဲ့ ပြည်ပရောက်ရခိုင်များ စုစည်းပါဝင်ပြီး စတင်ပေါ်ပေါက်လာကြောင်း သိရှိရသည်။ ၂၀၀၅ မတ်လ တွင် နယူးယောက်တွင် WAO ကို စတင်ဖွဲ့စည်းပြီး ပထမဆုံး ဥက္ကဌက ဒေါက်တာအေးကျော်၊ ဒုဥက္ကဌ ဒေါက်တာအေးချမ်း၊ နာယကကြီးအဖြစ် အရှင်ဒေါက်တာနာယက ပါဝင်ခဲ့ကြောင်း သိရှိရသည်။

WAO ၏အဓိက ရည်ရွယ်ချက်မှာ နေရာအနှံ့ရောက်နေကြသော ရခိုင်တို့၏ အင်အားကို ပြန်လည်စုစည်းပြီး ဒုက္ခရောက် ရခိုင်ညီအကို မောင်နှမများကို တတ်နိုင်သလောက် ကူညီရန်။ ရခိုင့်သမိုင်း ၊ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရန် ၊ တိုးတက်သော ရခိုင့်လူ့အသိုင်းအ၀ိုင်း တရပ် ပေါ်ပေါက်လာရေး အတွက် ကြိုးပမ်းရန်တို့ဖြစ်ကြသည်။

WAO ကို ဆက်သွယ်လိုပါက www.worldarakan.org မှဖြစ်စေ ၊ http://www.facebook.com/home.php#!/pages/World-Arakanese-Organization/159608264096846 ဖေ့ဘုတ်မှ တဆင့်ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

WAO သည် လက်ရှိလတ်တလော အနေဖြင့် ပညာရေးကဏ္ဍ ၊ သဘာဝဘေးရောက် ကူညီကဏ္ဍ နှင့် ယဉ်ကျေးမှု အမွေနှစ်ထိန်းသိမ်းမှု ကဏ္ဍများကို လုပ်ဆောင်နေကြောင်းသိရှိရသည်။

No comments:

Post a Comment