Saturday, August 13, 2011

(၄၄)ကြိမ်မြောက် သွေးစွန်းသော စစ်တွေဆန်ပြဿနာနေ့ ၀မ်းနည်းဖွယ် ကျင်းပပြီးစီး

ဂစ္ဆပသတင်းဋ္ဌာန
သြဂုတ်လ (၁၃)ရက်၊ ၂၀၁၁၊ ညနေ (၅)နာရီ။
http://www.gissapa.blogspot.com

(၄၄)ကြိမ်မြောက် သွေးစွန်းသော စစ်တွေဆန်ပြဿနာနေ့ ၀မ်းနည်းဖွယ် ကျင်းပပြီးစီး

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် ရခိုင်ပြည်တော်လှန်ရေး၊ နိုင်ငံရေး အင်အားစုများ စုပေါင်း၍ ဗမာစစ်အာဏာရှင် ဦးနေ၀င်းလက်ထက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသော၊ (၄၄)ကြိမ်မြောက် သြဂုတ်(၁၃)သွီးစွန်းသော စစ်တွေဆန်ပြဿနာနေ့ အောင့်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားနေ့ကို ယနေ့နံက်ပိုင်းတွင် ကော့စ်ဘဇားမြို့၌ ကျင်းပခဲ့သည်။

ဘင်္ဂလာ အခြေစိုက် တော်လှန်ရေး-နိုင်ငံရေး၊ ကျောင်းသားလူငယ်၊ လူမှုရေး၊ သာရေးနာရေး အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများအပြင် ဒေသခံများ စုစုပေါင်း (၃၀)ကျော် အခမ်းအနားသို့ တက်ရောက်ပြီး ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သြဂုတ်(၁၃) စစ်တွေ ဆန်ပြဿနာနေ့တွင် ကျဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်းများအား ဂုဏ်ပြုချီးမြင့်ခဲ့ကြသည်။

အောင့်မေ့ဖွယ် အခမ်းအနားနှင့်အတူ တပြိုင်နက် ကော့စ်ဘဇားမြို့ရှိ ဘုန်းတော်ကြီးတောကျောင်းသို့ ဆန်လှူဒါန်းခဲ့ပြီး ကျဆုံးသွားခဲ့ကြ သော အာဇာနည်သူရဲကောင်းများအား အမျှဝေ ရေစက်ချခဲ့ကြသည်။

လွန်ခဲ့သော (၁၉၆၇)ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့တွင် နယ်ချဲ့ဖက်ဆစ်ဝါဒီထက် ဆိုးရွားသည့် ဗမာစစ်အာဏာရှင်သည် နိုင်ငံရေး ငြိပ်တွယ်မှု တစုံတရာမှ မပါသော ရခိုင်ပြည်သူများ ငြိမ်းချမ်းစွာ ဆန်ရောင်းပေးပါရန်၊ ဆန်ထုတ်ပေးပါရန်တို့ကို ဆန်အိပ်ခွံကိုယ်စီ ကိုင်ဆောင်လျှက် စီတန်းလမ်းလျှောက်တောင်းဆိုခြင်းအား “ဆန်အစား ကျဉ်ဆံသာစားစေ”ဟု ရွယ်ရည်ချက်ဖြင့် အစုလိုက်အပုံလိုက် စစ်တွေမြို့တွင် G-3, G-4 စက်သေနပ်များ ပြိုင်လျှက် ပစ်သတ်ခဲ့သည့် ယနေ့(၄၄)ကြိမ်မြောက် ၀မ်းနည်းဖွယ်ရာ နေ့တနေ့ဖြစ်သည်။

ထို့ပြင် G-3, G-4 စက်သေနပ်များပြိုင်လျှက် ပစ်သတ်ခံလိုက်ရသည့် ရခိုင်ပြည်သူတချို့မှာ ဒဏ်ရာဖြင့် “ကျွန်ုပ်မသေသေးပါ၊ ကျွန်ုပ်ကို ဆေးကူးသရင် ရှင်နိုင်ပါသေးတယ်၊ ကျွန်ုပ်လုံးဝသေမည့်သူမဟုတ်ပါ။”ဟု အလောင်းများထပ်နေသောကြားမှ အကြိမ်ကြိမ်အော်ဟစ်ပြီး တောင်းပန်ခဲ့သော်လည်း စစ်ကားကြီးများဖြင့် လက်လွတ်စလွယ်တင်ဆောင်သွားကာ အရှင်နှင့်သူသေ စုစုပေါင်း (၃၀၀)ကျော်အား ပင်လယ်ကမ်းနား အုန်းတောတွင် မြှပ်နှံခဲ့သည်မှာ ယနေ့တိုင် ရခိုင်ပြည်များ မေ့မရသော နေ့တနေ့လည်း ဖြစ်သည်။

ရခိုင်ပြည်သူများ အနေဖြင့် အဆိုပါ ဖြစ်ရပ်ဆိုးကို သြဂုတ်(၁၃)နေ့သို့ရောက်တိုင်း ပူပူနွေးနွေး ယခုဖြစ်နေသကဲ့သို့ ခံစားရကြောင်း၊ အာဏာရှင်များ အနေဖြင့် နယ်ချဲ့သမားများပီပီ ရက်ရက်စက်စက်သတ်ခဲ့သည်ကို ယခုတိုင် ပြည်တွင်း/ပြည်ပ၌ မျက်မြင်သက်သေများ ရှိနေသေးကြောင်းနှင့် ကျဆုံးသွားခဲ့သော အာဇာနည်သူရဲကောင်းများကို ဂုဏ်ပြုသည့်အနေဖြင့် မည်သို့အခြေအနေပင်ဖြစ်စေ မမေ့အပ်သော နေ့တနေ့အဖြစ် ကျင်းပသွားကြရန် ရည်ရွယ်ချက်ရှိကြောင်း ယုံကြည် ခံစားနေကြသည်။

စစ်အုပ်စုအနေဖြင့် ၎င်းတို့ပစ်သတ်လိုက်သည်မှာ ဒေါ်အေးမေ(လမ်းသစ်ရပ်ကွက်)၊ ဦး မောင်စံသိန်း(ပါဒလိပ်ချိတ်)၊ ဦး မောင်သိန်းနု (ရွှေပြား)၊ ဦး သာအေး (မြောက်ဦး)၊ ဦး ထွန်းဝင်း(တရားသီးစု)၊ မောင်နု(မောလိပ်)နှင့် တခြားအမည်မသိသူတဦး စုစုပေါင်း (၇)ဦးသေဆုံးခဲ့ကြောင်းနှင့် (၂၃)ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ၎င်းတို့ပိုင် သတင်းစာက ဖေါ်ပြခဲ့သည်ဟု ဦးခိုင်အောင်ကျော်ဆိုသည်။

အခမ်းအနားကို ကော့စ်ဘဇားမြို့ ဘုန်းတော်ကြီးတောကျောင်းတွင် ပြုလုပ်ကာ ဗုဒ္ဓဘာသာဝင်များ၏ ထုံးတမ်းအစဉ်အလာအရ နမောတဿ သုံးကြိမ်ရွက်ဆို၍ နံက်(၉)နာရီတွင် ဖွင့်လှစ်ခဲ့ပြီး (၁၁း၃၀) နာရီတွင် တွဲဖက်သဘာပတိကြီး ဦးခိုင်ကျော်ခိုင် ၏ အပိတ်မိန်းခွန်းဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ရခိုင်ပြည်တွင် ဆန်စပါးမည်သည့်အခါမှ ရှားပါးသော ပြည်မဟုတ်သကဲ့သို့ ထွက်နှုန်းကောင်းပြီး ပိုလျှံသည်။ စစ်အာဏာရှင်မှ ဆန်စပါးများကို နည်းမျိုးစုံဖြင့် ဒေသခံများမှ အတင်းအဓမ္မ သိမ်းကျူးယူပြီး သင်္ဘောကြီးများဖြင့် နှစ်စဉ်နှစ်တိုင်း နိုင်ငံခြားများသို့ တင်ပို့လျှက် အာဏာတည်မြဲအောင် လုပ်ဆောင်နေသည်မှာ ယခုတိုင်ဖြစ်သည်။

No comments:

Post a Comment