Monday, August 1, 2011

ရှင်သန်နိုးထအာရက္ခ အနုပညာပွဲတော်မှ ဂုဏ်ပြုမိတ်ဆက်ပွဲပြုလုပ်ပြီးစီး

ဂစ္ဆပသတင်းဋ္ဌာန
သြဂုတ်လ (၁)ရက်၊ ၂၀၁၁၊ ညနေ (၉)နာရီ။
http://www.gissapa.blogspot.com

ရှင်သန်နိုးထအာရက္ခ အနုပညာပွဲတော်မှ ဂုဏ်ပြုမိတ်ဆက်ပွဲပြုလုပ်ပြီးစီး


ရှင်သန်နိုးထအာရက္ခ အနုပညာပွဲတော်မှ ရခိုင်ပြည်နယ်တွင် ဂီရိမုန်တိုင်းသင့် ပြည်သူများအား ကယ်ဆယ်ရေးများ ပြုလုပ်နိုင်ရန် ရံပုံငွေ ရှာဖွေရေးအတွက် ရှင်သန်နိုးထအာရက္ခ အနုပညာပွဲတော် ဖြစ်မြောက်ရေးကို ကူညီပံ့ပိုးပေးကြသူများအား ဂုဏ်ပြုခြင်းနှင့် ဂီတအနု ပညာရှင်များ၏ ပြဇာတ်ခွေများအား မိတ်ဆက်ခြင်း အခမ်းအနားတခုကို ရန်ကုန်မြို့တွင် ဇူလိုင်လ (၃၁)ရက်နေ့က ကျင်းပပြုလုပ် ပြီးစီးခဲ့ကြောင်း သိရှိရသည်။


ရှင်သန်နိုးထအာရက္ခ အနုပညာပွဲတော်တွင် ပါဝင်သရုပ်ဆောင်ပေးခဲ့သော ၀ါသနာရှင်များမှာ ယဉ်ကျေးမှု ပညာရှင်များ၊ စာပေ၀ါသ နာရှင်များ၊ သတင်းနှင့် စာနယ်ဇင်းဆိုင်ရာ သတင်းသမားများနှင့် တခြားပြည်တွင်းပြည်ပ စေတနာရှင်များ ကူညီပံ့ပိုးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ လေးဝတီတေးဂီတအဖွဲ့၏ နာယကကြီးများဖြစ်သော ဦးဇင်းဘီလူးနှင့် ဒေါက်တာ ဦးကျော်သိန်းက အခမ်းအနား သဘာပတိ အဖွင့်အမှာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းနှင့် လေးဝတီတေးဂီတအဖွဲ့၏ ဥက္ကဌ ဦးသန်းမောင်နှင့် ဒုဥက္ကဌ ဦးထွန်းလှိုင်တို့က ရှင်သန်နိုးထအာရက္ခ အနုပညာပွဲတော် ကျင်းပရခြင်း ရွယ်ရည်ချက်နှင့် ရသမျှ အလှူငွေများကို ဂီရိသင့်ပြည်သူများသို့ လှူဒါန်းခဲ့သော အသေးစိပ်ကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် ရခိုင်တိုင်းရင်းသားလူနည်းစု တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင် တက်ရောက်အားပေး ခဲ့ကြောင်းနှင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးအောင်လွင်၊ အကယ်ဒမီ ဦးအောင်ခိုင်၊ သရုပ်ဆောင် သူထူးစံ၊ ခင်လေးနွယ်၊ ရတနာဖြူဖြူအောင်၊ ဒေါ်အေးသီတာနှင့် ရခိုင်အဆိုတော်များ ဖြစ်ကြသော ကိုကိုနိုင် (ဗျာလ္လ)၊ ရှိုင်း လေးဝတီ တေးဂီတအဖွဲ့သားများနှင့် ရခိုင်သဟာယအသင်းသားများ၊ လှိုင်သာယာရက္ခသီလစည်တော်အဖွဲ့သားများ၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့သားများနှင့် ရန်ကုန် ရောက်ရခိုင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရှင်သန်နိုးထအာရက္ခ တေးသခြင်း ပြဇာတ်ခွေ မိတ်ဆက်ပွဲ အခမ်းအနားကို ဗုဒ္ဓဘာသာ၏ အစိုင်အလာအရ နမောတဿ သုံးကြိမ်ရွက်ဆို၍ နေ့လည် ၂ နာရီမှ စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၅ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းနှင့် အောင်မြေဗောဓိဓမ္မ ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက် ပင်ရွှေညောင်လမ်း၊ တာမွေကလေးရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။ ဂီရိမုန်တိုင်းမှာ ရခိုင်ပြည်သို့ လွန်ခဲ့သောနှစ် အောက်တိုဘာ (၂၂)ရက်နေ့က စီးနင်းဝင်ရောက် တိုက်ခတ်ခဲ့သည်။

ရှင်သန်နိုးထအာရက္ခ အနုပညာပွဲတော်ကို လေးဝတီတေးဂီတအဖွဲ့မှ ဦးဆောင်ပြီး တချို့ညီအစ်ကို မောင်နှမအသင်းအဖွဲ့ တသီးပုဂ္ဂလ များမှ ပူးပေါင်းပါဝင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

သတင်းအချက်အလက်များကို အလိုတော်ပြည့် www.alodawpyei.org မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment