Saturday, July 2, 2011

မြန်မာ့စစ်အုပ်စု ငှားရန်းမည့် ရခိုင်မြေကို ဘင်္ဂလာ အထူးမျှော်လင့်လျှက်ရှိ

ဂစ္ဆပသတင်းဌာန
ဇူလိုင် (၂)ရက်၊ ၂၀၁၁၊ နံနက်(၁၀) နာရီ။
http://gissapa.blogspot.com

မြန်မာ့စစ်အုပ်စု ငှားရန်းမည့် ရခိုင်မြေကို ဘင်္ဂလာ အထူးမျှော်လင့်လျှက်ရှိ

မြန်မာ့စစ်အုပ်စု ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ ငှားရန်းမည့် ရခိုင်လယ်ဧက(၅၀၀၀၀)ကျော်နှင့် တခြားနှစ်နိုင်ငံ အာဏာပိုင်များ အကျိုးစီးပွား များအတွက် ဘင်္ဂလာမှ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအကြီးအကဲ မြန်မာအာဏာပိုင်များနှင့် (၅)ရက်တိုင်တိုင် မျှော်လင့်ချက်များကြီးစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါ မြန်မာ့စစ်အုပ်စုနှင့် ဘင်္ဂလာ စစ်တပ်ထိပ်တန်း အကြီးအကဲ စစ်ဦးစီးချုပ် အမ်း အာဘ်ဒူလ် မူဘီန်းမှာ ရခိုင်ပြည်မှ လယ်ဧက (၅၀၀၀၀)ကျော် ဘင်္ဂလာသို့ ငှားရန်းရန်၊ နှစ်နိုင်ငံအကြား လေကြောင်းခရီးစတင်ရန်၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်း စတင် သွားလာရန်နှင့် နှစ်နိုင်ငံနယ်နယ်စပ် မူးယစ်ဆေးဝါး အပါအ၀င် သောင်းကျန်းသူများအား အကျိုးတူ ပူးပေါင်းနှိမ်နှင်းရန်တို့ကို မေလ (၂၃) ရက်နေ့မှ (၂၇)ရက်နေ့အထိ မြန်မာ့စစ်အုပ်စု ထိပ်တန်းအရာရှိများနှင့် နယ်ပြည်တော်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးချက်များအနက် မြန်မာစစ်အုပ်စုမှ စစ်ရေးကို အဓိကထား ဆွေးနွေးခဲ့ ကြောင်းနှင့် ဘင်္ဂလာမှ စစ်ဦးစီးချုပ် အမ်း အာဘ်ဒူလ် မူဘီးန် ဦးဆောင်သောအဖွဲ့က စီးပွားရေးအချက်အခြာကျသည့် လုပ်ငန်းစဉ်များကို အဓိက ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား အာဏာပိုင်များ အကျိုးတူပူးပေါင်း လုပ်ဆောင်မှုများနှင့် စပ်လျား၍ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် တချို့နိုင်ငံများမှာ စီးပွားရေးအရပူးပေါင်းတိုးချဲ့လုပ်ကိုင်၍ ရလာမည်ဖြစ်သောကြောင်း အာရှစီးပွားရေးဇုံကော်မတီအပါအ၀င် စင်္ကာပူ စစ်တပ်အကြီးအကဲများ ပါဝင်ဆွေးနွေးနိုင်ရန် ဇူလိုင်လ (၁၄)ရက်မှ (၁၆)ရက်များတွင် လျာတားထားရှိကြောင်း သိရှိရသည်။

စစ်အုပ်စု အနေဖြင့် (၁၀)နှစ်ခန့်ကြာ ဘင်္ဂလာနှင့် သဘောတူညီထားပြီးဖြစ်သော ရခိုင်ပြည်-ဘင်္ဂလာ အာရှကုန်သွယ်ရေး ဖြစ်လာမည့် လမ်းကို ရခိုင်ပြည်သူများရှေ့မှောက်တွင် စစ်လမ်းဟု ကောလဟာလသတင်းများ ထုတ်ပြန်နေခဲ့ကာ လမ်းဖေါက်ရန် ဟန်ပြပျက်ကွက် နေခဲ့ပြီး အခုအခါ အဆိုပါ လမ်းအပြင် တခြားနယ်စပ်စစ်လမ်းများပါ ဖေါက်လုပ်ပြီးမြောက်သွားပြီဖြစ်ကြောင်း ရခိုင်ပြည်သူမျက်မြင် သက်သေများက အတည်ပြုပြောဆိုသည်။

မြန်မာ့စစ်အုပ်စု-ဘင်္ဂလာ အာဏာပိုင်များ အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြသည့် ယင်းဆွေးနွေးသဘောတူညီချက် များအား ရခိုင်ပြည်သူ၊ လူထုများအနေဖြင့် စစ်အုပ်စုစီမံသမျှ အယုံအကြည်မရှိသလို ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအတွက် လုံးဝ လက်မခံနိုင်သည့်အပြင် ကန့်ကွက်ကြောင်း ရခိုင်ပြည်သူများကိုယ်စား အောက်ပါအတိုင်း သုံးသပ်ရှင်းပြသည်။

မောင်တောမြို့နယ်မှ ကုန်သည်တဦးက “ခေတ်အဆက်ဆက် စစ်အစိုးရ လုပ်သမျှတွေဟာ သူတို့အတွက်သာ ဖြစ်ခဲ့ပါတယ်၊ တဖက်မှာ ပြည်သူတွေအတွက် အကျိုးမရှိခဲ့တဲ့အပြင် မမြင်နိုင်တဲ့ ဆိုးရွားတဲ့ ဆိုးကျိုးတွေသာ ခံစားနေကြရပါတယ်၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့လုပ်ပိုင်ခွင့်တွေက စစ်အာဏာရှိတဲ့ လက်မှာသာရှိပါတယ်၊ အဲဒါကိုသုံးသပ်ကြည့်တာနဲ့ အားလုံးကိုဆက်စပ် စဉ်းစားရင် စစ်တပ်ကြီး ထွားဖို့၊ အာဏာမြဲဖို့ဘဲဖြစ်နေတာကို ကွက်ကွက်ကွင်းကွင်း အားလုံးသိနိုင်ပါလိမ့်မယ်။”ဟု အမည်မဖေါ်လိုသူက ဂစ္ဆပသို့ ရှင်းပြသည်။

စစ်တွေမြို့မှ ၀န်ထမ်းတဦးက “စစ်တပ်က နယ်ပဲပြောင်းပြောင်း၊ ဘယ်သူပဲစီမံစီမံ သူတို့ကိုယ်တိုင်မှာ ပါလာတဲ့လိပ်စာ၊ နိုင်ငံသားကပ် စတဲ့အထောက်အထားနဲ့ သူတို့ပြောတာတွေဟာ အားလုံးအတုတွေချဉ်း ဖြစ်ပါတယ်၊ အဲဒါက သူတို့ယုတ်မာခဲ့သမျှ အနာဂါတ်မှာ သူတို့ကို ရှာမတွေ့အောင်လို့ ပြင်ဆင်ပြီးသားတွေ ဖြစ်ပါတယ်၊ မြေငှားရင်လည်း ဒေသခံတွေသာ နစ်နာမှာပါ၊ အခု ဂစ်တူးနေတာလည်း ဌာနေလူတွေ ဘာအကျိုးမှ ရရှိတာ မရှိပါဘူး၊ နယ်စပ်လမ်းပေါက်ရင်လည်း စစ်အာဏာပိုင်တွေ ချင်သလိုငွေယူပြီး ပြည်သူတွေအပေါ် ယုတ်မာချင်လို့၊ စစ်တပ်က ချင်သလို လုပ်ချင်တာတွေကို အစီအမံတွေလုပ်ပြီး အကွက်ဆင်ပြုလုပ်နေလို့ ပြည်သူတွေတော့ ဘာအကျိုးမှ ရှိမှာမဟုတ်တာ သေချာပါတယ်။”ဟု သစ်တောအငြိမ်းစား တဦးက ဂစ္ဆပသို့ သုံးသပ်ရှင်းပြခြင်း ဖြစ်သည်။

ပြည်ပအခြေစိုက် စစ်အုပ်စု ပြုတ်ကျရေးနှင့် ဒီမိုကရေစီရရှိရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် ရရှိရေးအတွက် ကြိုးပမ်းနေကြသည့် ရခိုင် ပြည်တော်လှန်ရေး၊ နိုင်ငံရေး အင်အားစုများအား ယင်းအကြောင်းအရာများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော် လည်း အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့ပေ။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံရောက် ရခိုင်မျိုးချစ်ပြည်များ အနေဖြင့် စစ်အုပ်စုမှ ဘင်္ဂလာသို့ ရခိုင်ပြည်မှ မြေငှားရန်းရန်၊ ဘင်္ဂလာမှ ရခိုင်ပြည်တွင် တာတံမံများဆောက်လုပ်ပြီး လျှပ်စစ်မီးထုတ်လုပ်ရန်၊ ပင်လယ်ပြင်တွင် ငါးရှာဖွေရန်၊ ဂစ်ဝယ်ယူရန်နှင့် တခြားရခိုင်ပြည်သူများ အကျိုးနည်းစေမည့် လုပ်ရပ်များမှန်သမျှကို လွန်ခဲ့သော နှစ်များက ပြင်းပြင်းထန်ထန် ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။

စစ်အုပ်စု-ဘင်္ဂလာ ရခိုင်ပြည်တွင် အကျိုးတူ ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ရန် ဆွေးနွေးချက်များ ထွက်ပေါ်လာရခြင်းမှာ ဘင်္ဂလာ စစ်ဦးစီးချုပ် အနေဖြင့် ၎င်း၏ သမ္မတ ဇီလူရ် ရော်ဟ်မန်းနှင့် ဗုဒ္ဓဟူးနေ့ကတွေ့ဆုံစဉ် ထုတ်ဖေါ်ပြောဆိုရာ ဘင်္ဂလာသတင်းစာများမှ တဆင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။

No comments:

Post a Comment