Wednesday, July 6, 2011

ရခိုင်ပြည်အမျိုးသားကောင်စီ(ANC) နာမည်ဖြင့် ထုတ်ပြန်ချက်အတုတခု ပေါ်ထွက်လာခြင်းအပေါ် တရားဝင် ရှင်းလင်း ထုတ်ပြန်ချက်



ရခိုင်ပြည်အမျိုးသားကောင်စီ(ANC) နာမည်ဖြင့် ထုတ်ပြန်ချက်အတုတခု ပေါ်ထွက်လာခြင်းအပေါ် တရားဝင် ရှင်းလင်း ထုတ်ပြန်ချက်

ရက်စွဲ… ၀၆ - ၀၇ - ၂၀၁၁

(၀၅ - ၀၇ - ၂၀၁၁) ရက်စွဲဖြင့် ထုတ်ပြန်ချက်အတုပေါ်ထွက်လာခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည် အမျိုးသားကောင်စီ ANC ဗဟိုကော်မီတီသည် ယင်း၏ နိုင်ငံခြားနှင့် မဟာမိတ်ဆက်ဆံရေးကော်မီတီ တာဝန်ခံ ဦးညီညီလွင်အား ပေးအပ်ထားသည့် တာဝန်နှင့် ANC အဖွဲ့ဝင်အဖြစ်မှ တရားဝင်ထုတ်ပယ်လိုက်ကြောင်း ဖော်ပြပါရှိပေသည်။ စင်စစ်မှာ ဤထုတ်ပြန်ချက်အတုသည် မိမိတို့ရခိုင်ပြည်အမျိုးသားကောင်စီ ANC အား ပျက်စီးရာပျက်စီးကြောင်းအတွက် အများပြည်သူ ထင်ယောက်ထင်မှားဖြစ်စေရန် တမင်တကာ လုပ်ကြံ ပုံမှားရိုက်ထားခြင်းသာဖြစ်၍ ANC နှင့် အဆိုပါထုတ်ပြန်ချက် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ ထိုကြောင့်သက်ဆိုင်ရာ ပြည်သူလူထုများအနေဖြင့် အခြေနေမှန်ကို တိတိကျကျ သိရှိနိုင်ကြစေရန် အောက်ပါ အချက်များအပေါ်တွင် အာရုံစိုက်ကြဖို့လိုအပ်ကြောင်းတရားဝင် ထုတ်ပြန်လိုက်ရပါသည်။

(၁)သတိထားကြည့်လျှင် မြင်သာသောအချက်များနှင့် ထုတ်ပြန်ချက်ပါ လီဆယ်လုပ်ကြံထားချက်များ မှာ အောက်ပါအတိုင်းဖြစ်ပါသသည်။
(က) လုပ်ကြံသူများသည် ANC ၏ တရားဝင် စာခေါင်းစီးကို ယူသုံးထားသော်လည်း ဆက်သွယ်ရန်ပေးထားသော တေလီဖုန်းနံပါတ်(၀၃ ၂၀၇၂ ၁၃၀၅)မှာ ဆက်သွယ်၍ မရနိုင်သော နံပါတ်သာဖြစ်သည်။ (ခ) -- --- အထက်ပါစာပိုဒ်သည် ANC ပြိုပျက်အောင် ညီညီလွင် ကြံစည်လုပ်ဆောင်ချက်များထဲမှ အချက်လက်တချို့ဖြစ်သည်။ အသေးစိတ် သိချင်ပါက စုံစမ်းပါဆိုသော Emil: nupa.information@ yahoo.com, ayetharaung@gmail.com, Ph:018 216 40345 သည် မိမိတို့နှင့် မည်သည့်ကာလက။ မည်သို့မှ ပတ်သက်ဖူးခြင်းမရှိသော နံပါတ်ဖြစ်သည်။
(ဂ) စာအရေးအသားများသည် မည်သည့်တရားဝင်နိုင်ငံရေး ပါတီတခုအနေဖြင့် မည်သည့်အခါမျှ ထိုမျှအထိ နိမ့်ကျ ချွတ်ချော်မည် မဟုတ်နိုင်သော ကလေကချေ အရေးအသားနှင့် နမူနာများသာဖြစ်ကြသည်။
(ဃ) ဖော်ပြထားသော ရုပ်ပုံနှင့် ရည်ညွန်းထားသော မိတ္တူစာသားများကို ကြည့်ခြင်းဖြင့် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် စော်ကားလိုခြင်းသက်သက်သာဖြစ်ကြောင်းသိသာပါသည်။

(၂) လုပ်ကြံထုတ်ပြန်ချက် အတုပါ.. စွပ်စွဲချက် သုံးခုစုံလုံးသည် တ၀က်တပျက် ဖြစ်စဉ်များကို အခြေခံထားသော်လည်း အဖြစ်မှန်နှင့် ပြောင်းပြန်ဖော်ပြချက်များ၊ အခြေအမြစ်မဲ့လုပ်ကြံစွပ်စွဲထားချက်များသာ ဖြစ်ကြသည်။
(၃) အထူးသတိထားရမည့်အချက်မှာ ယခုပုံမှားရိုက်လုပ်ကြံသည့် အုပ်စုသည် ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်တခုကို အခြေခံပြီး၊ အမျိုးသားရေးကို ထိခိုက်စော်ကားရာကျသော အဆင့်ကိုပင် မဆင်မခြင်ဖြင့် အတုအယောင် ထင်ယောင်ထင်မှား လုပ်လာခြင်း ဖြစ်ပါသည်။ မည်သည့်အကြောင်းပြချက်နှင့်မျှ မည်သူကမှ မလုပ်သင့်သော၊ ယဉ်ကျေးသော လူ့အဖွဲ့စည်းတိုင်း၌ အခြေခံအားဖြင့် စောင့်ထိမ်းကြသည့်၊ အခြေခံအကျဆုံးလူ့အခွင့်ရေးနှင့် လူ့အဆင့်တန်းတခုကို ချိုးဖောက်လိုက်ခြင်းဖြစ်သည်။ တချိန်တည်းတွင် အမျိုးသားရေးကို ချနင်းလိုက်ခြင်းဖြစ်သည်၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC ၏ စာခေါင်းစီကို ယူငင်သုံးစွဲခြင်းသည် တမျိုးသားလုံးကို စော်ကားရာကျသဖြင့်၊ နောင်တွင် ထိုသို့မလုပ်ကြရန် ပြင်းထန်စွာ ကန့် ကွက် ရှုတ်ချလိုက်သည်။

(၃) ဦးညီညီလွင်သည် ယနေ့အထိ ရခိုင်ပြည်အမျိုးသားကောင်စီ ANC နှင့် ရခိုင်ပြည်သူလူထုအပေါ် သစ္စာဖောက်သည့် မည်သည့်အရိပ်အရောင်မျှ လုံးဝမတွေ့မြင်ရသေး၊ ထိုကဲ့သို့သော မှတ်တမ်းမျိုး လည်း ယနေ့ လုံးဝမရှိသေးပဲ၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC မှ ယင်းအားပေးအပ်ထားသည့် တာဝန်ဝတ္တရားများနှင့် မလေးရောက် ရခိုင်သားများနှင့် ဆက်စပ် နေသော အရေးအရာများကို ကြီးမားသော အခက်အခဲ အန္တရာယ်များကြားမှပင် ဇွဲသတ္တိရှိရှိ ရင်ဆိုင်ကာ၊ လုံးဝကိုယ်ကျိုးမငဲ့ပဲ အသက်စွန့် ကြိုးပမ်းနေသူ တစ်ဦးသာဖြစ်ကြောင်း သက်ဆိုင်ရာလူထု သိစေရန်ထုတ်ပြန်လိုက်ရပေသည်။

အသျှင် အရိယ၀ံသ
ဥက္ကဌ ။ ရခိုင်ပြည် အမျိုးသားကောင် ANC
နယူးဒေလီ အိန္ဒိယ
မှတ်ချက် ။ ။ ပုံများရိုက်ထားသော ထုတ်ပြန်ချက်အတုကို ပူးတွဲဖော်ပြထားပါသည်။

No comments:

Post a Comment