Thursday, July 28, 2011

ရခိုင်ပြည်နယ် သတင်းဂျာနယ် ရှိလမှာ ထုတ်ဝီဖို့လို့သိရ

ရခိုင်ပြည်နယ် သတင်းဂျာနယ် ရှိလမှာ ထုတ်ဝီဖို့လို့သိရ
ရခိုင်ရိုးမ။ ။22,July,2011

ရခိုင်ပြည်နယ်အစိုးရ ကိုယ်စားပြု ရခိုင်ပြည်နယ် သတင်းဂျာနယ်ကို ရှိလမှာ ထုတ်ဝီလားဖို့ဖြိုက်တေလို့ သိရပါရေ။
အဆိုပါဂျာနယ်မှာ ရခိုင်ပြည်နယ် အစိုးရ၏ လုပ်ဆောင်မှုတိကို ကိုယ်းစားပြုဖို့ ဂျာနယ်ဖြိုက်ပြီး အဓိက ကြံ့ခိုင်ရေး ပါတီဝင်တိက တာဝန်ယူ ဆောင်ရွက်ဖို့စွာ ဖြိုက်တေလို့ သိရပါရေ။


“ရခိုင်ပြည်နယ် ၁၈ မြို့နယ်က သတင်းတိကို ထုတ်ဝီဖို့စွာပါ၊ အဓိကရခိုင်ပြည် နယ် အစိုးရ၏ လုပ်ဆောင်ချက်တိကို အသာပီး ဖော်ပြဖို့စွာပါ “လို့ အဆိုပါ ဂျာနယ်က တာဝန်ရှိသူ တဦးက ဆိုပါရေ။

ကနဦး ကရခိုင်ပြည်နယ် သတင်းဂျာနယ်ကို ရခိုင်မြင်ကွင်းဂျာနယ်အဖြိုက် သတ်မှတ်ခကေလဲ နောက်ပိုင်း ရခိုင်ပြည်နယ် သတင်းဂျာနယ် နာမည်ပြောင်းလိုက်ပြီး တလ တကြိမ်ထုတ်ဝီဖို့လို့ သိရပါရေ။

အဆိုပါ ဂျာနယ် အတွက် ရုံးခန်းကို ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှာ အခန်းထားပြီးကေ ယင်း ရခိုင်ပြည်နယ် သတင်းဂျာနယ်မှာ ပါဝင်ရေ ၀န်ထမ်းတိကို လစာအဖြိုက်နန့် ပီးလားဖို့ ဖြိုက်တေလို့ သိရပါရေ။

ရခိုင်ပြည်နယ် သတင်းဂျာနယ် အတွက် အယ်ဒီတာကို ကြံ့ခိုင်ရေးပါတီင်္ဝင် ဥိးကောင်းစံရွှိက တာဝန်ယူခကေလဲ ဒေသခံတိက ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြူဂျာနယ် ဖြိုက်တေလို့ သတင်းထွက်ပေါ်လာရေ အတွက် စာရေးဆရာ ဗဂျီးကျော်ကို အယ်ဒီတာအဖြိုက် ထားကြောင်း သိရပါရေ။

ထို့အပြင် ရခိုင်ပြည်နယ် သတင်းဂျာနယ်မှာ ပါဝင်ရေလူတိရေ ကြံ့ခိုင်ရေးပါတီကို ၀င်ရဖို့လို့ အယ်ဒီတာ ဖြိုက်တေ ဦးကောင်းစံရွီ ဖိအားကြောင်း အယ်ဒီတာတဦး နှတ်ထွက်လားကြောင်းလည်း သိရပါရေ။

ရခိုင်ပြည်သူတိက အဆိုပါ ဂျာနယ်ရေ ကြံခိုင်ရေးပါတီ၏ လုပ်ဆောင်ချက် ဖြိုက်တေလို့ ဆိုပါရေ။ သတင်းတိကို ဗမာဘာသာနန့် ဖော်ပြဖို့ ဖြိုက်ပြီးကေ ရခိုင်လူထု သတင်းအစား ရခိုင်ပြည်နယ် အစိုးရ၏ သတင်းတိကိုရာ ဦးစားပီး ဖော်ပြလားဖိုလို့ သိရပါရေ။

အဂုအခါ ဂျာနယ်ကို စစ်တွေမြို့မှာ ရိုက်နှိပ်န်ီပြီင်္းကေ ရှိလမှာ ထုတ်ဝီဖို့လို့ သိရပါရေ။ ရခိုင်ပြည်နယ်မှာ သတင်းဂျာနယ် ဖြိုက်လာဖို့ (၂၀၁၀)ခုနှစ်က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ကြိုးစားခကေလဲ သက်ဆိုင်ရာက ခွင်ပြုချက် မရခကြောင်း သိရပါရေ။

ရခိုင်ပြည်နယ် သတင်းဂျာနယ်နန့် ပတ်သက်လို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က သတင်းဂျာနယ်အတိုင်း ထုတ်ဝီရန် တိုက်တွန်းခကေလဲ အယ်ဒီတာအဖွဲ့က အမှန်တကယ် ဖြိုက်ပေါ်နိန်ရေ သတင်းထက် အစိုးရ သတင်းတိကိုရာ တင်ပြဖို့ အလားအလာရှိကြောင်း သိရပါရေ။ အဆိုပါ ဂျာနယ်နန့် ပတ်သက်လို့ ပြည်သူတိက စိတ်ဝင်စားမှု မရှိကြောင်းလည်း သိရပါရေ။

No comments:

Post a Comment