Monday, July 11, 2011

မယုံသင်္ခါမှုဖြင့် နစက (၇၈)ဦး အပြောင်းအလဲ ပြုလုပ်ခံရ

ဂစ္ဆပသတင်းဌာန
ဇူလိုင်လ (၁၂)ရက်၊ ၂၀၁၁၊ နံက် (၇)နာရီ။
http://gissapa.blogspot.com

မယုံသင်္ခါမှုဖြင့် နစက (၇၈)ဦး အပြောင်းအလဲ ပြုလုပ်ခံရ

မောင်တောမြို့နယ်တွင် မယုံသင်္ခါမှု ခံကြရသည့် နစက စုစုပေါင်း (၇၈) ဦးကို နယ်ပြည်တော်မှ အမိန့်အရ အပြောင်းအလဲများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နစက အကြပ်တပ်သားများကို မယုံသင်္ခါမှုဖြင့် အပြောင်းအလဲ ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ နစက အောက်ခြေတပ်သားများကို မယုံသင်္ခါမှုဖြင့် အပြောင်းအလဲ ပြုလုပ်နေခြင်းမှာ လွန်ခဲ့သော ဇွန်လ နောက်ဆုံးအပတ်က နစက ထိပ်တန်းအရာရှိ (၁၁)ဦးကို နယ်ပြည်တော်မှ ဖမ်းဆီးအရေးယူခံရပြီးနောက် ပြုလုပ်ခြင်းဖြစ်သည်။

စစ်အုပ်စု အဖွဲ့အတွင်း မယုံသင်္ခါမှု ခံကြရပြီး အပြောင်းအလဲခံနေကြရသည့် နစက အကြပ်တပ်သားများမှာ အသုတ်လိုက် ခံနေကြရခြင်း ဖြစ်ကြောင်နှင့် နယ်ပြည်တော်တွင် မောင်တောမြို့နယ်မှ နစကအရာရှိ(၁၁)ဦး ဖမ်းဆီးစစ်ဆေးခံနေရမှုနှင့် ဆက်စပ်မှုများရှိကြောင်း စုံစမ်းသိရှိရသည်။

မောင်တောမြို့နယ်မှ နစက တဦးက “အပြောင်းအလဲ ပြုလုပ်နေတာက မှန်ပါတယ်၊ အဓိကတော့ မယုံသင်္ခါမှုနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်လို့ သိရပါတယ်၊ မယုံသင်္ခါမှုဆိုတာက ခေါင်းပေါင်းကြီးတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပြုလုပ်နေတွေကိုပါ၊ နောက်ပြီး ဒီမိုကရေစီ အတိုက်အခံသမားတွေနဲ့ ပတ်သက်လို့ မယုံသင်္ခါမှုတွေလည်း ပါနိုင်ပါတယ်။”ဟု အမည်မဖေါ်လိုသူက ဂစ္ဆပကို ရှင်းပြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်တာခ်နာမြို့နှင့် မျက်နှာချင်းဆိုင်တည်ရှိနေသော နယ်စပ်မြို့တမြို့ဖြစ်ပြီး နစကနှင့် အာဏာပိုင်များမှာ လာဒ်ပေးလာဒ်ယူနှင့် မူးယစ်ဆေးဝါး လုပ်ငန်းများဖြင့် အဓိကမွေ့ပျော်နေကြသည့် နယ်မြေဖြစ်သည်။

နစကတပ်ဖွဲ့တွင် စစ်တပ်၊ ရဲ၊ လူထိမ်း၊ ပြည်သူ့စစ်နှင့် နစက တပ်သားသစ်များဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး အပြောင်းအလဲတွင် ၎င်းတို့ကူးပြောင်း တာဝန်ပေးခံကြရသည့် မိမိတပ်ဖွဲ့သို့ ပြန်လည်ပြီး ရောက်ရှိသွားနိုင်ကြောင်း ၎င်းကပြောသည်။

No comments:

Post a Comment