Saturday, July 9, 2011

ဒုကွပ်ကဲရေးမှူး အပါအ၀င် အရာရှိ(၁၁)ဦး နယ်ပြည်တော်တွင် ဖမ်းဆီးအရေးယူစစ်ဆေးခံနေရ

ဂစ္ဆပသတင်းဌာန
ဇူလိုင်လ(၉)ရက်၊ ၂၀၁၁၊ နံက် (၁၀)နာရီ။
http://gissapa.blogspot.com

ဒုကွပ်ကဲရေးမှူး အပါအ၀င် အရာရှိ(၁၁)ဦး နယ်ပြည်တော်တွင် ဖမ်းဆီးအရေးယူစစ်ဆေးခံနေရ

မောင်တောမြို့နယ်တွင် စစ်အုပ်စု၏ နယ်စပ်လုံခြုံရေး၊ စစ်ဆင်ရေးနှင့် စည်းရုံးရေး တာဝန်ကျနေကြသူများဖြစ်သော ဒုကွပ်ကဲရေးမှူး အပါအ၀င် အရာရှိ(၁၁)ဦးမှာ ဇွန်လနောက်ဆုံးအပတ်က နယ်ပြည်တော်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးအရေး ယူမှုများ ပြုလုပ် ခံနေကြောင်း သတင်းရရှိသည်။

နယ်ပြည်တော်မှ ၎င်းစစ်တပ်အရာရှိများအား တစုံတရာ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အဖွဲ့တဖွဲ့ရောက်ရှိလာကာ လတ်တလော ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း နစကနယ်မြေမှူးများနှင့် နီးစပ်သူတဦးက ဂစ္ဆပသို့ အောက်ပါအတိုင်း ပြောသည်။

“သူတို့ကို ဖမ်းဆီးသွားခဲ့တာဟာ သူတို့အထဲမှာ စားကွက်အဝေမမျှတာတွေကို နယ်ပြည်တော်သို့ သတင်းပေါက်ကြားပြီး စစ်ဆေးပြီး အရေးယူဖို့ ခေါ်ဆောင်သွားတာလို့ သိရပါတယ်၊ သူတို့က အဓိကပြည်တွင်း၊ ပြည်ပမူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေနဲ့လည်း ဆက်စပ်မှု ရှိနေတယ်လို့ ဒီမှာပြောနေ ကြပါတယ်၊ ဗိုလ်မှူး သန်းဌေး (ရခိုင်အမျိုးသား-လောင်းချောင်းသား)၊ ဗမ သူရိန်ဇော် (ဗမာ)၊ ဗမ ကြည်လိုင်(နယ်မြေ-၅)၊ ဗိုလ်ကြီး ခင်မောင်မြင့်၊ ဗက ဆန်းလင်းထွန်း၊ ဗိုလ် အောင်ဌေးမြင့်နဲ့ တခြားအရာရှိတွေ တချို့ပါဝင်တယ်လို့ သိရပါတယ်၊ နယ်ပြည်တော် အချုပ်ခန်းမှာ အခုထိ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်၊ သူတို့က လျှို့ဝှက်လုပ်စားနေကြတဲ့ စားကွက်လုတာတွေက စဖြစ်တယ် ထင်ပါတယ်။”ဟု အမည်မဖေါ် လိုသူက ရှင်းပြသည်။

အဆိုပါ နယ်ပြည်တော်မှ တိုက်ရိုက်ခေါ်ဆောင်ပြီး အရေးယူခံနေကြရသူများမှာ ဦးခင်ညွှန့်ဦးဆောင်သည့် ထောက်လှမ်းရေးဂိုဏ်းကို ရုတ်သိမ်းလိုက်ကတည်းက ထောက်လှမ်းရေးမှနေ နစကနယ်မြေများတွင် တာဝန်ပြောင်း ထမ်းဆောင်နေကြသူများဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

မောင်တောမြို့ ခရက က “စစ်တပ်က တခုခုလုပ်မယ်ဆိုရင် သူတို့အကွက်ကို သူတို့အသေးစိပ်ချိပ်ဆက် ဖန်တီး ပီးမှ သူတို့လုပ်ချင် တာတွေကို တမင်ကို လုပ်လေ့လုပ်ထရှိပါတယ်၊ ဖမ်းဆီးသွားပြီး စစ်ဆေးနေတာက မှန်တယ်လို့တော့ ဆိုနေကြပါတယ်၊ အရေးယူ နိုင်တယ်ဆိုတဲ့စကား အခုလို ဖြစ်လာအောင် သူတို့ဖန်တီးတာပဲ ဖြစ်ရပါမယ်၊ အဲလိုလဲဖြစ်လာအောင် သတင်းဌာနတွေကို သူတို့ ကိုယ်တိုင်သတင်းပေးပြီး ကြံဖန်တာတွေအများကြီး ရှိပါတယ်၊ ဒါပေမဲ့ ပုံသေတော့ ပြောဖို့ခက်ပါတယ်၊ အခုက အမှန်တရားတွေအတွက် စစ်တပ်ထုတွေက လိုလိုလားလား ဖြစ်နေတဲ့ ကာလဖြစ်တယ်၊”ဟု အမည်မဖေါ်လိုသူက အခြေအနေကို ရှင်းပြသည်။

ပြည်တွင်း ဂစ္ဆပ သတင်းထောက်မှ အတည်ပြု ပေးပို့သည့် နောက်ဆုံးသတင်းအရ ရခိုင်ပြည်နယ် နပခ စစ်တပ်အတွင်း မသင်္ခါသည့် အကြပ်၊ တပ်သားမှ အရာရှိအဆင့်တိုင်းတွင် အပြောင်းအလဲများ ပြုလုပ်လျှက်ရှိနေကြောင်း သိရှိရသည်။

No comments:

Post a Comment