Monday, July 4, 2011

လူထုအကျိုးပြု RWU ဘင်္ဂလာဒေ့ခ်ျ တောင်တန်းဒေသသို့ သွားရောက်၍ ကိုယ်တိုင်ဆောင်ရွက်

ဂစ္ဆပသတင်းဌာန
ဇူလိုင်လ(၅)ရက်၊ ၂၀၁၁၊ နံနက် (၁)နာရီ။
http://gissapa.blogspot.com

လူထုအကျိုးပြု RWU ဘင်္ဂလာဒေ့ခ်ျ တောင်တန်းဒေသသို့ သွားရောက်၍ ကိုယ်တိုင်ဆောင်ရွက်

ဗုဒ္ဓဘာသာဘုန်းတောင်ကြီးကျောင်းတိုက်မြင်ကွင်း

ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)မှ စစ်တကောင်း တောင်တန်းဒေသအတွင်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသူ များထံသွားရောက်ပြီး သုံးရက်တိုင်တိုင် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းပေးပို့ချက်အရ သိရှိရသည်။

RWU မှ ကိုယ်တိုင်သွားရောက်ပြီး ဇွန်လ (၂၃)ရက်မှ (၂၅)ရက်နေ့အထိ လူထုအကျိုးပြု ဆောင်ရွက်ခဲ့သည့် စစ်တကောင်း တောင်တန်းဒေသ ခါးခရာဆိုးရီမြို့နယ်မှာ ဗုဒ္ဓဘာသာဝင်များ၏ ဌာနေဖြစ်သော်လည်း ယခုနှစ် ဗုဒ္ဓဘာသာဝင်များ၏ နှစ်ဆန်းနေ့များတွင် ဘင်္ဂလီများ၏ ညှင်းပန်းနှိပ်စက်မှုများကို ခံခဲ့ကြရသော ဒေသဖြစ်ကြောင်း ဒေသခံ ဘုန်းတော်ကြီးတပါးမှ ဂစ္ဆပသို့ မိန်းကြားခဲ့သည်။

ဂစ္ဆပသတင်းဌာနက RWU မှ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သော အဖွဲ့ခေါင်းဆောင် စောသီတာလင်းအား အကြောင်းစုံ အသေးစိပ်ကို ဆက်သွယ်မေးမြန်းရာ အောက်ပါအတိုင်း ရှင်းပြသည်။
ယခုလိုလူထုအကျိုးပြုနေပုံ။

“ပြောရမယ်ဆိုရင် သိပ်ပြီးရင်ကွဲဖို့ ကောင်းပါတယ်ရှင်၊ ဗုဒ္ဓဘာသာဝင် နေအိမ်တွေကို ဘင်္ဂလီတွေ မီးရှိုးတာ (၁၀၀)ကျော်ရှိတယ်လို့ ဒေသခံတွေက ရင်ဖွင့်ပြောဆိုပါတယ်၊ ဘုန်းကြီးကျောင်းတွေလည်း ပါဝင်တာပေါ့။ အခုထိ မိုးရာသီအတွင်းမှာပင် ဘယ်သူမှ အိမ်မ ဆောက်နိုင်သေးကြောင်း တွေ့ခဲ့ရပါတယ်၊ ပလက်စတစ်မိုးပြီး နေရတဲ့ အခြေအနေပါ၊ ဘုန်းကြီးကျောင်းဆို ပုံတွေမှာ မြင်တဲ့အတိုင်း ပြန်လည် မဆောက်နိုင်သေးပါဘူး၊ အဓိက အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ စပါးကျီတွေအပါအ၀င် နှနွင်း၊ ချင်းနဲ့ ဥယဉ်တွေပါဖျက်ဆီး ခံခဲ့ရတယ်လို့ ကျမတို့ကို ဖက်တွယ်ပြီး ၀မ်းနည်းဖွယ်ရာ ပြောပြကြပါတယ်၊ ရွှေ(၁၀)ကျပ်သားအပြင် ငွေသားကိုးသောင်းခုနှစ်ထောင် မီးထဲပါသွားသလား၊ ကုလားတွေယူသွားသလားမသိဘူး ရှုံးဆုံးခဲ့ရတယ်လို့ ဆိုပါတယ်၊ လက်ရှိနေစရာနဲ့ စားစရာဆိုလို့ ကျဘန်းပုံစံ တွေ့ခဲ့ရပါတယ်၊ သတ်ဖြတ်နှင်ထုတ် ခံရပုံတွေကို ပြောပြပါတယ်၊ သူတို့အပြောအရဆိုရင် အဲဒီအဓိကရုဏ်းမှာ ဘင်္ဂလာစစ်တပ်က ပါဝင်ခဲ့တယ်လို့ သိရပါတယ်၊ သာမန်ကုလားတွေကိုတော့ အဲဒီလောက်ထိ မကြောက်ကြဘူးလို့ ဆိုကြပါတယ်၊ ကုလားတွေ ရွာကိုမီးရှိုး လာဖို့သိတာနဲ့ အမျိုးသားတွေက တုတ်ဓါးတွေကိုကိုင်ဆောင်ပြီး စောင်ခဲ့ကြတယ်လို့ ဆိုပါတယ်၊ သို့သော်လည်း စစ်တပ်နဲ့အတူ ကုလားတွေပါ ပါလာပြီး အိမ်တွေကို မီးရှိုးခံရတာဖြစ်တယ်လို့ ဆိုပါတယ်၊ ရွာလုံးကျွတ် မီးရှိုးခံရတာက နှစ်ရွာဖြစ်ပါတယ်၊ တရွာမှာ အိမ်ခြေ(၉၈)အိမ်ရှိပြီးတော့ နောက်တရွာက (၁၀)အိမ်ဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်၊ ဒဏ်ရာရရှိသူတွေလည်း ရှိတာပေါ့နော်၊ လက်ရှိ ပျောက်ဆုံးနေသေးတာ (၁၅)ယောက်လို့ ဆိုပါတယ်၊ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာက ပြဿနာစတင် ဖြစ်ပွားတာနဲ့ သူတို့ကို နေရာပြောင်းလိုက်ကြတယ်လို့ ပြောကြပါတယ်၊ ကိုယ်ထိခံရသူတွေက နည်းပါတယ်လို့ ဖြေကြပါတယ်။”

ဆက်လက်ပြီး သူမက “RWU အနေနဲ့ ကျမတို့နဲ့ နီးစပ်တဲ့ ရခိုင်လူထုတွေဆီက အလှူခံပြီး သွားရောက်လှူခဲ့တာပါ၊ အဲဒီထဲမှာ မလေးရှား အခြေစိုက်တဲ့ ARRC-ပူချောင်းက အများအပြား ပါဝင်ခဲ့ပါတယ်၊ လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေကတော့ လုံရှည်(၁၁၀)လုံး၊ ထမိန် (၁၁၀)လုံး၊ ရေသုံးဗုံးကြီး(၁၁၀)လုံး၊ ထီး (၁၁၀)၊ စောင်(၁၀)ထည်နဲ့ ဘုန်းကြီးကျောင်းတွေအတွက် ဓါတ်ဗူး(၄)လုံး၊ တရုတ်မီးအိမ်(၁၀) လုံးအပါအ၀င် ပလက်စတစ်တချို့လည်း ပါဝင်လှူဒါန်းခဲ့ပါတယ်၊ ဆန်အိတ်တွေ လှူဒါန်းဖို့ အစီအစဉ်တွေမရခဲ့လို့ တာကာငွေ တချို့ကို လှူဒါန်းခဲ့ပါတယ်။”ဟု ပြောသည်။
လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူမက “အခုထက်တိုင် အခြေအနေက လုံးဝမကောင်းသေးတာကို တွေ့ခဲ့ရပါတယ်၊ သူတို့ ကိုယ်တိုင် စားဝတ်နေရေးကို မရပ်တည်နိုင်တဲ့ အနေအထားပါ၊ သူများတွေဆီက အလှူတွေကို မျှော်လင့်နေကြရပါတယ်၊ အစိုးရ အနေနဲ့ နေအိမ်တလုံးစီအတွက် တာကာ (၂)သိန်းစီ ပေးတယ်လို့ သိရပါတယ်၊ ဒါပေမဲ့လည်း တကယ့်ပေးလာတာက (၂)သောင်းစီ သာပေး ဆောင်တယ်လို့ ဆိုပါတယ်၊ သူတို့အနေနဲ့ အစိုးရကို စာတင်ထားတယ်လို့ ဆိုကြပါတယ်၊ ဒေသအတွင်း အာဏာပိုင်တွေက စစ်တပ် ကိုယ်တိုင်ပါဝင်ခဲ့လို့ သတင်းတွေအမှောင်ချ ခံနေရတဲ့အတွက် တင်ပြထားတဲ့စာတွေ အထက်သို့မရောက် ဖြစ်နေကြရတယ်လို့ သိခဲ့ရပါတယ်၊ အစိုးရပေးတဲ့ တာကာ(၂)သိန်းကို သိလျှက်နဲ့ ပြန်ပြီးအထက်သို့ မတင်ပြ၀ံ့တဲ့ အခြေအနေပါ၊ ဒေသခံအာဏာပိုင်တွေ ပါဝင်ခဲ့လို့ ပြဿနာဖြစ်တဲ့ အရင်းအမြစ်ကို ခန့်မှန်းဖို့ခက်သလို အဲဒီအာဏာပိုင်တွေကိုယ်က အဓိက သတင်းအမှောင်ချထားသူတွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။” ဟု ရှင်းပြသည်။
ယခုလိုဖက်တွယ်ပြီးရင်ဖွင့်ပြနေပုံ။

သူမက “RWU ဥက္ကဌ အနေနဲ့ အဲဒီအခြေအနေ ဖြစ်ရပ်အမှန်တွေကို ၀န်ကြီးချုပ်သိအောင်ပြောဖို့နဲ့ ဒက္ကားသတင်းဌာနတွေမှာလည်း အတတ်နိုင်ဆုံး အကြောင်းစုံမှန်ကို ဖေါ်ပြနိုင်အောင် ရည်ရွယ်ချက် ရှိပါတယ်၊ ကျမတို့ အဲဒီဒုက္ခသည်တွေကို ဆက်လက်ကူညီနိုင်ဖို့ အတွက် ဥက္ကဌနဲ့အတူ ကြီုးစားနေပါသေးတယ်၊ နိုင်ငံတကာရောက် ရခိုင်မျိုးချစ်ပြည်ချစ်တွေကိုပါ ကူညီကြဖို့ မေတ္တာရပ်ခံချင်ပါတယ်၊ ပြည်သူတွေအခုလို ဒုက္ခပေါင်းစုံ ရောက်နေတာဟာ အစိုးရတရပ်မှာ အဓိကတာဝန်ရှိတယ်လို့ ယူဆပါတယ်၊ ဒါကြောင့် ဒေသခံ အစိုးရကို ပြောချင်တာက အခုဖြစ်နေတဲ့ ပြဿနာကို အကောင်းဆုံးဖြစ်အောင် တာဝန်ယူဖြေရှင်းပေးဖို့ RWUကိုယ်စား ပြောကြား လိုပါတယ်။”ဟု အလှူငွေတွေကို ဦးဆောင်ကောက်ခံပြီး ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သော စောသီတာလင်းက ဂစ္ဆပသတင်းဌာနကို အသေးစိပ် ရှင်းပြသွားခြင်း ဖြစ်သည်။

အဆိုပါ ခါးခရာဆိုးရီဒေသအတွင်း ဘင်္ဂလီများက ဒေသခံဗုဒ္ဓဘာသာဝင် လူမျိုးများကို အတင်းအဓမ္မ ဆိုးရွားစွာ နှိပ်ကွပ်နေစဉ် ဒေသခံ သတင်းထောက်များ၊ ဒေသအတွင်းမှ NGOs နှင့် တခြားဒေသခံများ ရိက္ခာများကို သယ်ဆောင်ပြီး ကားများဖြင့် သွားရောက်ပြီး သတင်းယူ အကူအညီပေးမည့် ကားများကို ဒေသအာဏာပိုင်များက တားမြစ်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အခုအချိန်ထိ ဒေသခံများ အနေဖြင့် အဆိုပါ ပြဿနာအတွင်း သေဆုံးသွားခဲ့သူများနှင့် ပျောက်ဆုံးနေသူများ စုစုပေါင်းကို အသေးစိပ် မသိရှိရသေးသည့်အပြင် မယုံသင်္ခါဖြစ်ရပ်များနှင့်ပါ ရင်ဆိုင်ခံစားနေကြရကြောင်း ဒေသခံဘုန်းတောင်ကြီးတပါးက မိန်းကြားသည်။

အဆိုပါ ဒေသမှာ လွန်ခဲ့သော ၁၉၉၈ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် လက်ရှိအာဏာရ အာဝါမိလိပါတီ အစိုးရနှင့် လက်နက်နှင့် ငြိမ်းချမ်းရေး ဖက်လှယ်ခဲ့သည့် စစ်တကောင်းတောင်တန်းနယ် ငြိမ်းချမ်းရေးအဖွဲ့ (ရှင်တီဘာဟန်းနီ) တော်လှန်ရေးအဖွဲ့ အဓိက အခြေစိုက်နေခဲ့သော နယ်မြေဖြစ်ကြောင်းနှင့် ယခုအချိန်ထိ တော်လှန်ရေးအဖွဲ့အစည်းများ အခြေစိုက်နေသော အိန္ဒိယနယ်စပ်နှင့် နီးစပ်သည့် နယ်မြေ ဖြစ်သော်လည်း ဒေသခံများမှာ တောင်ယာလုပ်ငန်းများကို အဓိကအားထားရသည်ဖြစ်၍ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် ဆက်စပ်မှု မရှိကြောင်း ယင်းဒေသမှ နိုင်ငံရေးလေ့လာသူများက ပြောသည်။

ခါးခရာဆိုးရီခရိုင်အတွင်းမှ ဌာနေဗုဒ္ဓဘာသာဝင်များမှာ ဘင်္ဂလာဒေ့ခ်ျတနိုင်ငံလုံးအတွက် ရာသီပေါ် သစ်သီးဝလံမျိုးစုံ စိုက်ပျိုးပြီး နှစ်စဉ် မပြတ်မလတ် ဖြန့်ဝေပေးနေသော လူထုများဖြစ်၍ အစိုးရအနေဖြင့် စစ်တကောင်း တောင်တန်းဒေသကို အဓိက အားကိုးနေရသည့် နယ်မြေဒေသဖြစ်သည်။



ဂစ္ဆပသတင်းဌာနသည် လွတ်လပ်သော လူထုအကျိုးပြု ဌာနတခုဖြစ်၍ မည်သူမဆို လွတ်လပ်စွာ သတင်း၊ ကဗျာ၊ ဆောင်းပါးနှင့် ဓါတ်ပုံများ ရေးသားပုံနှိပ်ရိုက် ပေးပို့နိုင်ပါကြောင်း ပန်ကြားအပ်သည်။

No comments:

Post a Comment