Wednesday, July 27, 2011

KIO အပစ်အခတ်ရပ်ဆိုင်းရန် အဓမ္မနည်းဖြင့် မြန်မာအစိုးရ ကြိုးပမ်း

KIO အပစ်အခတ်ရပ်ဆိုင်းရန် အဓမ္မနည်းဖြင့် မြန်မာအစိုးရ ကြိုးပမ်း
အင်္ဂါနေ့၊ ဂျူလိုင်လ 26 ရက် 2011 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

မြန်မာအစိုးရ သမ္မတ သိန်းစိန် (ဘယ်) နှင့် KIO ဥက္ကဌ ဇောင်းဟရား အဓ္ဓမနည်းဖြင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) အပစ်အခတ်ရပ် ဆိုင်းရန် စစ်တပ်ကျောထောက်နောက်ခံ မြန်မာ အစိုးရ ကြိုးပမ်းနေသည်ဟု သိရသည်။
TheinSein-ZawngHra

မြန်မာအစိုးရ သမ္မတ သိန်းစိန် (ဘယ်) နှင့် KIO ဥက္ကဌ ဇောင်းဟရား


စစ်ဗို်လ်ဟောင်း ကြံ့ဖွံ့အမတ် ဦးသိန်းဇော်က ဇူလိုင် ၂၄ ရက်ညတွင်ကချင်လွှတ်တော်အမတ်များဖြစ်ကြ သည့် ဦးခက်ထိန်နန်နှင့် ဦးခမိုင်တန်တို့ကိုခေါ်ယူ၍ KIO အပစ်အခတ်ရပ်ဖို့ ကချင်ရိုးရာကောက်ညှင်း ပလိုင်းနှင့်အတူ ကချင်ရိုးရာယဉ်ကျေးမှုကော်မတီကို ဦးဆောင်စေပြီး ဇူလိုင် ၂၆ ရက်တွင် KIO ထံ သွားရောက် ပြောဆိုရန် ညွှန်ကြားလိုက်သည်ဟု ၎င်းကချင်အမတ်များနှင့် နီးစပ်သူများကဆိုသည်။

KIO က အပစ်အခတ်ရပ်ဆိုင်းရေးကို လက်ခံရန်ငြင်းဆန်နေလျှင် မြန်မာစစ်တပ်ထိန်းချုပ်သည့်ကချင်ပြည် နယ်ရှိ မြို့နေလူထုအား စစ်မလိုလားကြောင်း ချီတက်ပြသရန် တစ်အိမ် တစ်ယောက် မသွားမနေရလုပ်သွား မည်ဆိုကာ ဦးသိန်းဇော်ပြောသွားသည်ဟု ဆိုသည်။

ထို့အပြင် ဦးသိန်းဇော်မှ အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ငြင်းဆန်သည့် ထိပ်ပိုင်း KIO ခေါင်းဆောင်များ ကိုလည်း လုပ်ကြံ့ရန် ပြောဆိုသွားသည် ဟုဆိုသည်။

ဇူလိုင် ၂၅၊ ယနေ့ တနင်္လာနေ့ ကချင်ပြည်နယ် အရှေ့ပိုင်း ချီဖွေမြို့နယ်တွင် မြန်မာစစ်တပ် ခလရ ၁၂၁ နှင့် KIA တပ်ရင်း (၁၀) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လက်အောက်ခံ အင်မောင်ခ(ရွှေလီ) မြစ်ကမ်းပေါ်မှ ငါးဦး အခြေစိုက် ခလရ (၁၂၁)မှ မြန်မာစစ်သားများသည် ချီဖွေမြို့နယ်၊ အင်မိုင်ခူး(မေခမြစ်ဖျား)မှ အပြန် လမ်းတွင် တြိဂံဒေသ KIA တပ်မဟာ (၁)၊ တပ်ရင်း (၁၀) မှ တပ်များနှင့် တိုက်ပွဲဖြစ်သည် ဟု KIAအရာရှိများပြော သည်။

မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း နမ်ဆန်ယန်မှ အရှေ့ဘက် ဘန်ဒေါင်ကြားတွင် မြစ်ကြီးနားမှ ခလရ (၂၁)နှင့် ခလရ (၃၇) မှ အင်အား ၅၀ ခန့် ရှိ မြန်မာစစ်ကြောင်း နှင့် KIA တပ်မဟာ ၅ ဌာနချုပ်တပ်များနှင့် နံနက် ၁၁ နာရီတွင် စစ်ပွဲ ဖြစ်ပွားသည်။

ကချင်ပြည်နယ် အလယ်ပိုင်း ဆင်ဘိုဒေသတွင်လည်း ၎င်းဒေသရှိ ခလရ (၁၄၁) နှင့် ဒေါဖွမ်းယန်နယ်မြေခံ ခလရ (၁၄၂) မှ မြန်မာစစ်သားများနှင့် KIA တပ်မဟာ(၂)၊ တပ်ရင်း(၅)မှ KIA စစ်သားများတိုက်ပွဲဖြစ်ပွား သည်ဟု KIA အရာရှိများပြောသည်။

ယင်း တိုက်ပွဲ ၃ နေရာတွင် သေကျေဒဏ်ရာရမှု ရှိပြီး စာရင်း တိတိကျကျ မသိရပေ။

No comments:

Post a Comment