Saturday, July 2, 2011

နစကထံတွင် တရားဝင် နိုင်ငံကူးစာအုပ်ဖြင့်လာသူ ဘင်္ဂလီတဦး မသင်္ခါမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရ

ဂစ္ဆပသတင်းဌာန
ဇူလိုင်လ(၂)ရက်၊ ၂၀၁၁၊ ညနေ(၃)နာရီ။
http://gissapa.blogspot.com

နစကထံတွင် တရားဝင် နိုင်ငံကူးစာအုပ်ဖြင့်လာသူ ဘင်္ဂလီတဦး မသင်္ခါမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရ

နစက က နိုင်ငံကူးစာအုပ်ဖြင့် တရားဝင် ကိုင်ဆောင်၍လာသူ ဘင်္ဂလီ စီးပွားရေးသမားတဦးအား မောင်တောမြို့နယ်တွင် မသင်္ခါမှုဖြင့် ဇွန်လ(၂၇)ရက်နေ့က ဖမ်းဆီးကာ တပတ်ခန့် စစ်မေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း အခုအချိန်ထိ စစ်ဆေးချက်များ မပြီးဆုံး သေးကြောင်း သတင်းရရှိသည်။

နစကမှ မသင်္ခါမှုဖြင့် ဖမ်းဆီးစစ်ဆေးနေသူမှာ ကာဒီ အူဆောင်း (အဖ) နုရုအာလောင် တာခ်နာမြို့နယ် ဆင်မဖြူကျွန်းမှ နိုင်ငံကူးစာအုပ် (အမှတ် ၀၀၇၀၉၁)ကိုင်ဆောင်သူဖြစ်ပြီး မောင်တောမြို့နယ် နစကနယ်မြေ(၇) ကင်းစခန်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

နစကထံ ဖမ်းဆီးခံရသူမှာ “သူ့ကို မသင်္ခါ၍ နယ်မြေ(၇) ကင်းစခန်းက ဖမ်းဆီးပြီး စစ်ဆေးနေတယ်ဗျာ၊ ကျွန်တော်တို့ စစ်ဆေးမှုတွေအရ အမှုတွေ့ရှိရင်တော့ (၃)နှစ် ထောင်ဒဏ်ချမယ်ဗျာ၊ အမှုမတွေ့ရှိရင်တော့ (၆)လအချုပ်ထဲထည့်လိုက်မယ်၊ လုပ်ထုံးလုပ်နည်းတွေအရ အချုပ်ကလွတ်မြောက်သွားရင်လည်း သူ့ကိုဒီဘက်ကို (၆)လအတွင်း အ၀င်အထွက် လုံးဝခွင့်မပြုဘူး၊ အဲဒီအချိန်အတွင်း ၀င်ရောက်ရင် ဖမ်းဆီးထောင်ချရမှာပေါ့ဗျာ။”ဟု နစက အရာရှိတဦးက ဂစ္ဆပသို့ အတည်ပြုပြောကြားသည်။

အဆိုပါ ဘင်္ဂလီမှာ မောင်တောမြို့ စကိန်းဗျူး တည်ခိုခန်းတွင် ဇွန်လ(၂၆)ရက်နေ့ တညတည်းခိုခဲ့ပြီး မောင်တောမြို့ အမှတ်(၂) ရပ်ကွက်နေ မာမတ် တာလီ (အဖ) အီဆလာမ် မူဟောက် ဆိုင်ကယ်လုပ်ငန်းပြုပြင်ရေးမှ ဆိုင်ကယ်တစီးငှား၍ နစကနယ်မြေ(၇)ဒေသ ချိန်းခါးလီကျေးရွာအုပ်စု ညောင်ပညာကျေးရွာနေ ဒီမာမောက်အိပ်သို့အသွားတွင်း ဇွန်လ(၂၇)ရက်နေ့က နယ်မြေ(၇)စစ်ဆေးရေးဂိတ်မှ မသင်္ခါမှုဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း နစကသတင်းများက ဆိုသည်။

မောင်တောမြို့နယ် ဒေသခံတဦးက “သူ့အတွက် နစကကို အသနားခံပြီး လာဒ်ထိုးရင်တော့ လွတ်လာနိုင်ပါတယ်၊ ဒါပေမဲ့ အသေအချာ တော့မဟုတ်ပေါ့နော်၊ နစကတွေက သူတို့ချင်ရင်တမျိုး မကျေနပ်ရင်တမျိုးဆိုတော့ ခက်ပါတယ်။”ဟု ဘင်္ဂလီတဦးက ပြောသည်။

No comments:

Post a Comment