Friday, July 1, 2011

နယ်စပ်အထူးစီမံကိန်းအဖွဲ့ နစက တပ်ကြပ်ကြီး တဦးနှင့်အတူ ဘင်္ဂလီတဦးအားဖမ်းဆီး

ဂစ္ဆပသတင်းဌာန
ဇွန်လ(၂၅)ရက်၊ ၂၀၁၁၊ နံက် (၉) နာရီ။
http://gissapa.blogspot.com

နယ်စပ်အထူးစီမံကိန်းအဖွဲ့ နစက တပ်ကြပ်ကြီး တဦးနှင့်အတူ ဘင်္ဂလီတဦးအားဖမ်းဆီး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နယ်စပ်အထူးစီမံကိန်းအဖွဲ့ ခြံစည်းရိုးပစ္စည်းများသိုလှောင်ထားသည့် ဂိုဒေါင်မှ နစက တပ်ကြပ်ကြီး မောင်ကျော်ဝင်းနှင့်အတူ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသားတဦးအား မသင်္ခါမှုဖြင့် ဇွန်လ(၁၂)ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

နစက နယ်စပ်အထူးစီမံကိန်းအဖွဲ့က တကက မောင်ကျော်ဝင်းနှင့် ဘင်္ဂလီတဦးအား နယ်စပ်မှတ်တိုင်(၅၃)အနီး ဂိုဒေါင်မှ ဖမ်းဆီးခြင်း ဖြစ်ပြီး ၎င်းတို့နှင့် အပေါင်းအပါ တခြားဘင်္ဂလီ (၄)ဦးမှာ ဂိုဒေါင်အတွင်းမှနေ ထွက်ပြေးလွတ်မြောက်သွားကြောင်း နစကမှ ပေးပို့သော သတင်းအရ သိရှိရသည်။

တကက မောင်ကျော်ဝင်းမှာ နယ်စပ်မှတ်တိုင် (၅၃)အနီးရှိ နစကစခန်းတခုတွင် တာဝန်ကျနေသူတဦးဖြစ်ပြီး၊ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသား (၅)ဦးနှင့်အတူ အဆိုပါ ဂိုဒေါင်အတွင်းတွင် လစ်တလော ပုန်းအောင်းနေစဉ် မသင်္ခါမှုဖြင့် လိုက်လံဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် ဘင်္ဂလီ (၄)ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နယ်စပ်အထူးစီမံကိန်းအဖွဲ့က နယ်စပ်ခြံစည်းရိုးပစ္စည်းသိုလှောင်ထားသည့် ဂိုဒေါင်အတွင်းမှ ဖမ်းဆီးရမိသည့် ဘင်္ဂလီမှာ နုရုကုတာ(၃၉) နှစ်ဖြစ်ကြောင်းနှင့် ယင်း၏ အဖမှာ တိုက်ရုလာ ဖြစ်ကာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင်မှဖြစ်ကြောင်း နစကမှ ဆိုသည်။

မောင်တောမြို့နယ် နစက သတင်းတရပ်တွင် “အလှည့်တာဝန်ကျ နစကအရာရှိတွေ အနေနဲ့ ဒီခြံစည်းရိုး ကာရံနေတဲ့နေရာတွေက သူတို့ငွေရမဲ့ ဟာတွေကို အလစ်သင့်ရင်သင့်သလို တဖက်နိုင်ငံကလူတွေနဲ့ပေါင်းကာ ခိုးယူလေ့ရှိနေပြီး ဘင်္ဂလာဖက်သို့ ထုတ်ရောင်း လေ့ရှိသည်။” ဟု ပြောဆိုသည်။

အခုအခါ သက်ဆိုင်ရာမှ ဖမ်းဆီးရမိသည့် နစက တကကနှင့် ဘင်္ဂလီအား အသေးစိပ် စစ်ဆေးမေးမြန်းနေကြောင်းနှင့် နယ်စပ် ခြံစည်းရိုးပစ္စည်းများသိုလှောင်ထားသည့် ဂိုဒေါင်မှ ပျောက်ဆုံးခဲ့သည့် သတင်းအချက်အလက်များ ပေါ်ထွက်လာနိုင်ကြောင်း ဒေသခံ တဦးက ပြောသည်။

No comments:

Post a Comment