Sunday, July 3, 2011

မြန်မာ့ကုန်များကြောင့် (၆)လအတွင်း ဘင်္ဂလာ ၉၀ ကုဋေ ၃၇၈၈၂၆၇ တာကာ နိုင်ငံတော်ဝင်ငွေရရှိ

ဂစ္ဆပသတင်းဌာန
ဇူလိုင်လ(၃)ရက်၊ ၂၀၁၁၊ နေ့လည် (၂)နာရီ။
http://gissapa.blogspot.com

မြန်မာ့ကုန်များကြောင့် (၆)လအတွင်း ဘင်္ဂလာ ၉၀ ကုဋေ ၃၇၈၈၂၆၇ တာကာ နိုင်ငံတော်ဝင်ငွေရရှိ


မြန်မာမှ ဘင်္ဂလာသို့ တရားဝင် တင်ပို့ကုန်များကြောင့် ယခုနှစ် (၆)လအတွင်း ဘင်္ဂလီအမျိုးသားများ၏ နိုင်ငံတော်ဝင်ငွေ စုစုပေါင်းမှာ ၉၀ ကုဋေ ၃၇၈၈၂၆၇ တာကာ အကောက်အခွန်ငွေ တာခ်နာဆိပ်ကမ်းမှ ရရှိကြောင်း သတင်းရရှိသည်။

သို့သော်လည်း စုစုပေါင်း အကောက်အခွန် ရရှိသောဝင်ငွေအနက် သီးသန့်နိုင်ငံတော်ဘဏ္ဍာဝင်ငွေမှာ ၆၇ ကုဋေ ၁၅၈၄၀၀၀ တာကာသာ ဖြစ်ကြောင်း ဖေါ်ပြထားသည်။

မြန်မာမှ တင်ပို့သည့်ကုန်ပစ္စည်းမျိုးစုံ စာရင်းပေါင်း ၆၆၇၈၄ အရ တာခ်နာဆိပ်ကမ်း ကာစ္စတင်အနေဖြင့် စုစုပေါင်း နိုင်ငံတော်ဝင်ငွေမှာ ၉၀ ကုဋေ ၃၇၈၈၂၆၇ တာကာ အကောက်အခွန် ရရှိကြောင်း ဆိုသည်။ ဆက်လက်၍ ကာစ္စတင်အရာရှိက တခြားမှ ၁၅ ကုဋေ ၉၅၁၆၂၆၇ တာကာ အကောက်အခွန် ရရှိကြောင်း ပြောသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မြန်မာသို့ ၆ လအတွင်း ကုန်တင်ပို့သည်စာရင်းပေါင်း ၇၃၅၇ အရ ၁၁ ကုဋေ ၆၁၄၆၅၅ တာကာ အကောက်အခွန် ရရှိကြောင်း တာခ်နာဆိပ်ကမ်း ကာစ္စတင်အကြီးအကဲ အော်နိုယာရ် မာဆူမေရ်မှ ပြောသည်။

အဆိုပါ တာခ်နာဆိပ်ကမ်းမှ နိုင်ငံတော်ဝင်ငွေများနှင့် ပတ်သက်၍ ဆိပ်ကမ်း ကာစ္စတင် က အမေရိကန် ဒေါ်လာဈေးကြောင့် ဘင်္ဂလာ တာကာမှာ တန်ဖိုးကျဆင်းသွားခဲ့၍ နယ်စပ်ကုန်သွယ်ရေးမှာလည်း ထိခိုက်နစ်နာမှုများ ရှိနေကြောင်းနှင့် တခြားတဘက်မှာ နှစ်နိုင်ငံ နယ်စပ်မှောင်ခိုသမားများကြောင့် နိုင်ငံတော်ဝင်ငွေကို ထိခိုက်လျှက် ရှိနေကြောင်း ပြောသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာမှ ဘင်္ဂလာသို့ တင်ပို့သည့်ကုန်များမှ ရရှိသည့် နိုင်ငံတော်ဝင်ငွေကို အနည်းဆုံး နှစ်စဉ်နှစ်တိုင်း တရားဝင် ထုတ်ပြန်လေ့ရှိသည်။ မြန်မာ့ ငါးခြောက်နှင့် ဈေးယိုကုန်မှ အကောက်ခွန်ငွေ အနည်းရရှိကြောင်းနှင့် ငါးစိမ်း၊ ဆန်စပါးနှင့် သစ်ကုန်မှ အကောက်အခွန် အများအပြားရရှိသည်။

သို့သော်လည်း တာခ်နာမြို့ဆိပ်ကမ်းနှင့် မျက်နှာချင်းဆိုင် တည်ရှိသော မောင်တောမြို့ဆိပ်ကမ်းမှ စစ်အုပ်စုအဖွဲ့ဝင် ကာစ္စတင်အနေဖြင့် တခါတရံ တရားဝင် ထုတ်ပြန်ခြင်း ယခုအချိန်ထိ မရှိကြောင်း သိရှိရသည်။

No comments:

Post a Comment