Tuesday, April 19, 2011

ဂစ္ဆပသတင်းဌာန
ဧပြီလ ၁၆ ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

သင်္ကြန်ကာလ ရခိုင်ပြည်မှ ရခိုင်အဆိုကျော်တဦး ဘင်္ဂလာတွင် သေဆုံး


ရခိုင်ပြည်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ သင်္ကြန်အတွင်း ဖြေဖျော်ရန် ရောက်ရှိနေသော ရခိုင်အဆိုကျော် (ကီးဘိုးပလေယာ) တဦးဖြစ်သူ ဦးအောင်ကျော်ဇံ မှာ သောကြာနေ့တွင် ဖြေဖျော်နေရင်း လတ်တလော သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်အဆိုကျော်မှာ အသက် (၄၃)နှစ်ရှိပြီး ဈေးချိုရောဂါဖြင့် စိုကိုရီယာမြို့နယ် အာဇီနဂို ကျေးရွာတွင် သခြင်းသီဆိုနေစဉ် နေမကောင်း၍ ဆေးရုံသို့အသွားတွင် သေဆုံးသွားခြင်းဖြစ်ကာ ဇနီး၊ သားတယောက်နှင့် သမီးတယောက် ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

ဈေးချိုရောဂါဖြင့် လတ်တလော သေဆုံးသွားခဲ့သော ဦးအောင်ကျော်ဇံမှာ ရခိုင်ပြည်နယ် စစ်တွေမြို့တော် ကုန်တန်းရပ်မှ ဖြစ်သည်။

ယနေ့ (စနေနေ့)တွင် ကော့စ်ဘဇားမြို့သို့ ယူဆောင်လာပြီး အစိုးရဆေးရုံတွင် ခွဲစိပ်မှုများပြုလုပ်ကာ ရခိုင်ပြည်မှ မိသားစုများနှင့် ပတ်ဝန်းကျင်များကိုစောင့်၍ ယနေ့ည (၇)နာရီတွင် ကော့စ်ဘဇားမြို့မှ လူထုများလိုက်ပို့ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ ဦးအောင်ကျော်ဇံ၏ ပရိတ်သတ်များ အနေဖြင့် ယခုကဲ့သို့ စောပြီးသေဆုံးသွားခြင်းအပေါ် အထူးစိတ်မကောင်း ဖြစ်ရပြီး ၀မ်းနည်းကြကြောင်း ထုတ်ဖေါ်ပြောဆိုကြသည်။

ဦးအောင်ကျော်ဇံမှာ ပန်းထိမ်ပညာနှင့် ဂီတအနုပညာကို နှံစပ်အောင် ကျွမ်းကျင်သူဖြစ်ကြောင်းနှင့် သူတတ်ထားသည့် ပညာများကို ဘင်္ဂလာရှိ ရခိုင်အမျိုးသားများကို မျှဝေရန် စေတနာအထူးထက်သန်ခဲ့ကြောင်း သူနှင့် ရင်းနှီးကျွမ်းဝင်သူ အဆိုကျော် တယောက်မှ ပြောသည်။

No comments:

Post a Comment