Thursday, April 21, 2011

နစက စစ်ကားမောင်းသူ စစ်သား သားတဦးကို ကားဖြင့်အသေတိုက်သတ်

ဂစ္ဆပသတင်းဌာန
ဧပြီလ (၂၂)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

နစက စစ်ကားမောင်းသူ စစ်သား သားတဦးကို ကားဖြင့်အသေတိုက်သတ်

မောင်တောမြို့နယ်တွင် နစကဌာနချုပ်မှ စစ်ကားမောင်းသူ တဦးမှာ စစ်သား သားတဦးကို ဧပြီလ (၁၄)ရက်နေ့က တိုက်မိ၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း နစကသတင်းရပ်ကွက်မှ ပြောသည်။

မောင်တောမြို့နယ် ကျီးကန်းပြင် နစကဌာနချုပ်စခန်းမှ ကားမောင်းသူ ဒုတပ်ကြပ် မောင်ဝင်း (ကပနံပါတ် ၈၆၃၉၈၇)က တပ်ကြပ်ကြီး သောင်းမြင့် (ကပနံပါတ် ၅၉၇၃၆၈)၏ သားဖြစ်သူ မောင်သိန်းထိုက်စံအား တိုက်မိ၍ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကားတိုက်မှုမှာ မောင်တော-ကြိမ်ချောင်း အကြားရှိလမ်းတွင် တိုက်ခြင်းဖြစ်ပြီး ဦးနှောက်ဆီထွက်၍ ပွဲချင်းပြီးသေဆုံးခြင်း ဖြစ်သည်ဟု မောင်တောမြို့နယ် ဒေသခံများကလည်း အတည်ပြုပြောဆိုသည်။

နစက စစ်ကားအတိုက်ခံရသူမှာ မော်တော်ဆိုက္ကယ်ဖြင့် လာစဉ်အတိုက်ခံရခြင်းဖြစ်ကြောင်းနှင့် ဆိုက္ကယ်နောက်မှ လိုက်ပါလာသူ တဦးမှာလည်း ဒါဏ်ရာရရှိသွားကြောင်း စုံစမ်းသိရှိရသည်။

ယခုအခါ နစက ဌာနချုပ်စခန်းမှ ဒုတက မောင်ဝင်းအား စခန်းတွင် ဖမ်းချုပ်ထားပြီး၊ များမကြာမီ စစ်တွေမြို့သို့ စစ်တပ်တရားခုံရုံးတွင် ရုံးတင်စစ်ဆေးကာဖြင့် စစ်တပ်တရားဥပဒေအရ စီရင်ချက် ချမည်ဖြစ်ကြောင်း နစကသတင်းရပ်ကွက်တွင် ဖြစ်ပေါ်နေသည်။

သို့သော်လည်း စစ်တွေမြို့ အခြေစိုက် တချို့စစ်တပ် တပ်ဖွဲ့ဝင်များ အနေဖြင့် အဆိုပါ ကားတိုက်မှု ဖြစ်ပွားသည့် နှစ်ဦးနှစ်ဘက်အပေါ် ကိုယ်ချင်းစာနာ ထောက်ထားမှုအပြင် နှမျောတသမှု တစုံတရာမရှိကြောင်း လေ့လာစုံစမ်း သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ကပ်လျှက် အရှေ့ဖက်တွင် တည်ရှိသော နစကဌာနချုပ် ကျီးကန်ပြင်စခန်းမှာ အမာခံစခန်း တခုဖြစ်ပြီး စစ်တပ်၊ ရဲ၊ နစက၊ လူထိမ်းနှင့် တခြားတပ်ဖွဲ့ဝင်များ စုစုပေါင်းအခြေစိုက်နေထိုင်သည့် စခန်းတခုလည်းဖြစ်သည်။

No comments:

Post a Comment