Friday, April 8, 2011

ရန်ကုန်တိုင်းမှော်ဘီအခြေစိုက် ခလရ (၉၁) တပ်ရင်းနှင့် ပတ်သက်၍အထူးသဘောထားထုတ်ပြန်ကြေညာချက်

ရန်ကုန်တိုင်းမှော်ဘီအခြေစိုက် ခလရ (၉၁) တပ်ရင်းနှင့် ပတ်သက်၍အထူးသဘောထားထုတ်ပြန်ကြေညာချက်

စာအမှတ် ။ ။ မလအ/ အဖ၀/ ၁၉/ ၂၀၁၁
နေ့စွဲ ။ ။ ၃၁.၀၃.၂၀၁၁။

ကျွန်ူပ်တို့ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အင်အားစုများမှ မတ်လ (၂၈) ရက်နေ့တွင် ရန်ကုန်တိုင်းမှော်ဘီအခြေစိုက် ခလရ (၉၁)ရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများမှ ရန်ကုန်တိုင်း တိုင်းမှူးထံအချက်(၄)ချက်ပါ တောင်းဆိုချက်များဖြစ်သော -

(၁) လက်ရှိ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအား ပြန်လည်ပြင်ဆင်ရေးဆွဲရန်။
(၂) လက်ရှိလစာထက် ပိုမိုတိုးမြင့်ပေးရန်။
(၃) ဝန်ထမ်းဟောင်းများရဲ့ ပင်စင်လစာငေအွားတိုးမြင့်ပေးရန်။
(၄) ဗိုလ်ချုပ်လမ်းစဉ်အတိုင်း ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ဆိုတာကိုခံယူပြီး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအပေါ် လက်နက်အားကိုးနှင့် မဖြေရှင်းပဲ တွေ့ဆုံဆွေးနွေးရေးဖြင့်ငြိမ်းချမ်းစွာဖြေရှင်းကြရန်

စသည့်တောင်းဆိုချက် များကို အပြည့်အဝထောက်ခံကြိုဆိုသည်။ထို့အပြင် အခြားသော တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တပ်ရင်း၊ တပ်မများသည်လည်း ရန်ကုန်တိုင်းမှော်ဘီအခြေစိုက် ခလရ (၉၁)ရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ၏ အချက် (၄)ချက်ပါ တောင်းဆို ချက်များနည်းတူ နိုင်ငံရေးတောင်းဆိုမှုများပြုလုပ်ကြရန်နှင့် ပြည်သူလူထုအပါဝင်ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီ အင်အားစုများမှ ရန်ကုန်တိုင်းမှော်ဘီ အခြေစိုက် ခလရ (၉၁)တပ်ရင်း၏အချက် (၄)ချက်ပါ တောင်းဆိုမှုများကို ဝိုင်းဝန်းထောက်ခံ ပေးကြ ပါရန် ကျွန်ူပ်တို့ မြန်မာနိုင်ငံလူထု လှုပ်ရှားမှုအင်အားစုများ (မလအ)မှ တောင်းဆိုသည်။

တပ်မတော်အတွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ ခင်ဗျား -

(၁) ယနေ့ မြန်မာနိုင်ငံ၏ ဆိုရွားလှသောလူမှု ဒုက္ခအလုံးစုံတို့သည် မှားယွင်းသော စစ်ခေါင်းဆောင်တချို့၏ အုပ်ချုပ်မှုကြောင့် ဖြစ်သည်ကို တပ်မတော်သားကောင်းများ အသိပင်ဖြစ်သည်။

(၂) ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ဆိုသည့်တပ်မတော်၏ ဆောင်ပုဒ်သည် စစ်အာဏာရှင်တချို့၏ အုပ်ချုပ်မှု ကြောင့် တပ်မတော်သာလျှင်အမိ၊ တပ်မတော်သာလျှင်အဖ အဖြစ်သို့ပြောင်းလဲခေါ်ဝေါ်သုံးစွဲခဲ့သည့် အဆင့်သို့ရောက်ရှိခြင်း။

(၃) ကမ္ဘာ့အလယ်တွင် မြန်မာ့တပ်မတော်၏ဂုဏ်သိက္ခာသည် အဖတ်ဆည်၍ မရလောက်အောင်ကျဆင်းခြဲ့ခင်း။

(၄) နှစ်ပေါင်းများစွာ စစ်ခေါင်းဆောင်တွေရဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်အောက်တွင် တပ်မတော်နဲ့ပြည်သူ အထင်လွဲ အမြင်လွဲဖြစ်ကာ စည်းလုံးညီညွတ်မှုများဆုံးရှုံးခဲ့ရခြင်း။

(၅) တိုင်းရင်းသားကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အဓမ္မခိုင်းစေခြင်းများနှင့် အမျိုးသမီးများကို မုဒိန်းကျင့်သတ်ဖြတ်ခြင်း။
အထက်ဖော်ပြပါ လုပ်ရပ်ဆိုးများပပျောက်ရန် တပ်မတော်သားကောင်းတိုင်းတွင် တာဝန်အပြည့်ရှိသည်ဟု ကျွန်ူပ်တို့ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အင်အားစုများမှ လေးနက်စွာယုံကြည်သည်။

( တပ်မတော်နြဲ့ပည်သူ ချစ်ကြည်ဖြူ ပြည်သူနဲ့လက်တွဲ ဒို့…အောင်ပွဲ)

မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အင်အားစုများ (မလအ)
(၁) ဒိန်းမတ်၊ (၂) နော်ဝေး၊ (၃) နယ်သာလန်၊ (၄) အင်္ဂလန်၊ (၅) ကနေဒါ၊ (၆) အမေရိကန်။

No comments:

Post a Comment