Wednesday, April 13, 2011

မြန်မာနှင့် ဘင်္ဂလာ ရေပြင်အငြင်းပွားမူ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဖြေရှင်းမည်

မြန်မာနှင့် ဘင်္ဂလာ ရေပြင်အငြင်းပွားမူ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဖြေရှင်းမည်
4/13/2011
www.narinjara.com

မြန်မာနှင့် အငြင်းပွားနေသော ရေပြင်ပိုင်နက် ပြဿနာကို နိုင်ငံတကာ ခုံရုံးမှ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က ပြောသည်။




ယူအန် လက်အောက်ခံ The International Tribunal for Law of the Sea (ITLOS) က မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေပြင်ပိုက်နက် အငြင်းပွားမူကို ယခုနှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်ပေးမည့် အကြောင်းကို နိုင်ငံခြားရေးဌာန အတွင်းဝန် ကာချေး အာလန်က ယခုကဲ့သို့ပြောသည်။

“ မြန်မာနဲ့ ဘင်္ဂလာဒေခ်ျ့ အကြား ဖြစ်ပွားနေတဲ့ ရေပြင်ပိုင်နက် အငြင်းပွားမူနဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို ITLOS ကို ယခုနှစ် ဇူလိုင်လမှာ အပြီးသတ် တင်ပြရမယ်။ ကြားနာ စစ်ဆေးမူကို ဒီနှစ် စက်တင်္ဘာနဲ့ အောက်တိုဘာလမှာ ပြုလုပ်မှာ ဖြစ်တယ်။ နှစ်ကုန်ပိုင်းမှာတော့ စီရင် ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင်သူက “ ကျွန်တော်တို့ ဒီနှစ် အကုန်ပိုင်းမှာ အပြီးသတ် စီရင်ချက် ထွက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ကာချေး အာလန်က ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် ၂၀၀၈ ခုနှက် နှစ်ဘက် ရေတပ် သင်္ဘောများကို ရေပြင်ပိုင်နက် အငြင်းပွားရာ နယ်နမိတ်ထိ စေလွတ်ခဲ့ရပြီး နောက်ပိုင်းတွင် ငြိမ်းချမ်းစွာ ဖြေရှင်းရန် သဘောတူညီခဲ့သည်။

ယခု မြန်မာနှင့် ဘင်္ဂလာဒေးခ်ျ့ အငြင်းပွားမူကို ဆုံးဖြတ်ရာတွင် ITLOS မှ ဂျူရီ လူကြီး ၂၃ ဦးမှ ဆုံးဖြတ်မည် ဖြစ်ကြောင်းနှင့် နှစ်ဘက်နိုင်ငံ၏ ကြားနာမူ ကို စတင် စစ်ဆေးပြီးနောက် ဆုံးဖြတ်ချက် ချမည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနေဖြင့် အမေရိကန် အခြေစိုက် Foley Hoag ကုမ္ပဏီမှ ရှေ့နေ အဖွဲ့ တခုကို အဆိုပါ အငြင်းပွား ရေပြင်ပိုင်နက် ကိစ္စ အတွက် လိုက်ပါ ဆောင်ရွက်ရန် ဌားရမ်းထားကြောင်း သိရသည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ စိန်မာတင် ကျွန်းနှင့် တေလ်ပါတီ အမှတ်သား နေရာထိ အထိ ကီလိုမီတာ ၇၀၀ ကွာဝေးပြီး အဆိုပါ နေရာအတွင်း ကီလိုမီ ၉၀၀ အား ဘင်္ဂလာဒေခ်ျ့က သူတို့ပိုင်နက် အဖြစ် တောင်းဆိုထားကြောင်း သိရသည်။

No comments:

Post a Comment