Monday, April 25, 2011

မြန်မာနိုင်ငံတွင် နေထိုင်ကြသော ဘင်္ဂလီလူမျိုး ၆၁ ဦး ဘင်္ဂလာတွင် ဖမ်းဆီးခံရ၊ ၄၅ ဦးချက်ခြင်းပြန်ပို့

ဂစ္ဆပသတင်းဌာန
ဧပြီလ (၂၆) ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

မြန်မာနိုင်ငံတွင် နေထိုင်ကြသော ဘင်္ဂလီလူမျိုး ၆၁ ဦး ဘင်္ဂလာတွင် ဖမ်းဆီးခံရ၊ ၄၅ ဦးချက်ခြင်းပြန်ပို့

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အာဏာပိုင်များက မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ဘင်္ဂလီလူမျိုး ၆၁ ဦးကို တရားမ၀င်ခိုးဝင်မှုနှင့် တရားမ၀င် နိုင်ငံကူးလက်မှတ် (ပါ့စ်ပို့) ကိုင်ဆောင်မှုတို့ဖြင့် ဒက္ကားမြို့နယ်နှင့် ကော့စ်ဘဇားခရိုင်တို့မှ လွန်ခဲ့သည့် စနေနေ့က ဖမ်းဆီးပြီး ၄၅ ဦးကို ချက်ခြင်းပြန်လည်ပို့လိုက်ကြောင်း သတင်းရရှိသည်။





ဖမ်းဆီးခံမြန်မာဘင်္ဂလီများအနက် ၄၅ ဦးမှာ ကော့စ်ဘဇားခရိုင် နီလာမြို့နယ် ၀ါးခွတ်ချောင်းနယ်မြေမှ ဖမ်းဆီးခံကြရခြင်းဖြစ်ကြောင်းနှင့် ၁၆ ဦးမှာ ဒက္ကားမြို့နယ် ဖိုကီရာပူရ်ဒေသမှ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောသည်။ ဒက္ကားမြို့နယ်မှ တရားမ၀င် ကိုင်ဆောင်ထားသော ပါ့စ်ပို့အတုဖြင့် ဖမ်းဆီးရမိသူများအတွင်း ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသား ၂ ဦး ပါဝင်ကြောင်းဆိုသည်။

ဒက္ကားမြို့နယ်တွင် ဖမ်းဆီးခံရသည့် မြန်မာဘင်္ဂလီများမှာ အာဘ်ဒူလ် ရော်ရ်မင်းန် (၂၂)၊ အာဘ်ဒူလ္လာ (၃၁)၊ မိုဟာမတ် ဆာကေဒ် (၂၀)၊ အာနိဆူရ် ရော်ဟာမင်းန် (၂၀)၊ ကေဖာယာ အူလ္လာ (၂၀)၊ မိုမဟာတ် အာနိုယာ (၁၈)၊ ဇာဟေ ဟိုဆေန် (၃၇)၊ အာဘ်ဒူလ် မိုတာလေ (၃၅)၊ တွေယော နရု (၂၀)၊ မရု မိုဟာမတ်ဒ် (၃၈)၊ အာရာဖာတ်(၁၈)၊ အာဘူလ် မီယာ (၁၈)၊ အာနိုယာ ဟိုဆန် (၂၄)နှင့် နူရ် မိုဟာမတ်ဒ် (၂၀)နှစ်တို့ဖြစ်ကြောင်းနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား မိုဟာမတ် ယူနိုစ် (၄၁)နှစ်နှင့် နရုဟော(က်) (၅၂)နှစ်တို့ဖြစ်ကြောင်း ယနေ့ဧပြီလ (၂၅)ရက်နေ့ ဒေသထုတ် DAINIK COX’S BAZAR သတင်းစာမှ ဖေါ်ပြသည်။

ဒက္ကားမြို့နယ် ဖိုကီရာပူရ်(တောင်ဘက်) ဒုတိယ ကော်မရှင်နာ အကြီးအကဲဖြစ်သူ မိုဟာမတ် မော်နီရုလ် အီစ်လာမ်မှ မြန်မာနိုင်ငံသား များ အနေဖြင့် တရားမ၀င်ကျူးကျော်လာပြီး နိုင်ငံကူးလက်မှတ်အတုများကိုင်ဆောင်ကာ နိုင်ငံတကာသို့ အလုပ်လုပ်ရန် ယခုကဲ့သို့ ထွက်သွားခဲ့ကြသူများ အများအပြား ရှိနေကြောင်းနှင့် ဖမ်းဆီးရမိသူများကို အသေးစိပ် စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်းနှင့် တရား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သတင်းစာတွင် ဖေါ်ပြထားသည်။

ကော့စ်ဘဇားခရိုင် နီလာမြို့နယ် ၀ါးခွတ်ချောင်းဒေသမှ ဖမ်းဆီးရမိသူများမှာ တာခ်နာမြို့နယ် အခြေစိုက် အမှတ် BGB(၄၂)တပ်ရင်းမှ ၀ါးခွတ်ချောင်းဒေသတွင် တာဝန်ကျနေသူများက တနင်္ဂနွေနေ့ ညဥ့် ၂ နာရီနှင့် နေ့လည် ၁၂ နာရီတို့တွင် ပြန်လည်ပြီး မြန်မာနိုင်ငံသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့်အပတ်က မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တရားမ၀င် ကျူးကျော်လာသည်ဟု သင်္ခါမကင်းခံရသူ မြန်မာဘင်္ဂလီ အမည်ရှိ ၁၃၆ ဦးကို ဖမ်းဆီးခြင်းမရှိဘဲ ပြန်လည်ပြီးပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒေသထုတ် သတင်းစာများအနေဖြင့် မြန်မာမှ ဘင်္ဂလာသို့ တရားမ၀င် ကျူးကျော်ဝင်ရောက်မှု အများအပြား ရှိကြောင်းနှင့် ထိုကဲ့သို့ တရားမ၀င် ကျူးကျော်သူများအား မသင်္ခါ၍ ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးချုပ်ထားသူပေါင်း ဘင်္ဂလာထောင်အတွင်း ၆၀၀ နီးပါးအထိရှိနေကြောင်း မကြာခဏ ဖေါ်ပြလေ့ရှိသည်။

ဘင်္ဂလာအာဏာပိုင်များမှ မြန်မာဘင်္ဂလီများကို မကြာခဏ ဖမ်းဆီးရမိပြီး မြန်မာနိုင်ငံ အနောက်ဘက်ရှိ ရခိုင်ပြည်သို့ ပြန်လည်ကာ အတင်းအဓမ္မ ပို့ဆောင်ခဲ့မှုများမှာ ပို့ဆောင်ခံရသူများအနေဖြင့် မည်သည့်နိုင်ငံသားများ အစစ်အမှန်ဖြစ်ကြောင်း ဒေသထုတ်သတင်းစာ များက အသေးစိပ်ဖေါ်ပြမှု မရှိသကဲ့သို့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်ရှိ မြန်မာဒုက္ခသည် စခန်းသုံးခုတွင်လည်း မြန်မာစကား တခွန်းတစမှ မပြောတတ်သူများ အများအပြားရှိနေကြောင်း၊ အဆိုပါ စခန်းသုံးခုမှ တတိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သူများမှာ များသော အားဖြင့် မြန်မာ-ရခိုင်စကား မပြောတတ်သူများ အများအပြား ပါဝင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဘင်္ဂလာအတွင်း ဘင်္ဂလီလူမျိုးများမှာ အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ ပြန့်ကြဲနေထိုင်သူပေါင်း အများအပြားရှိနေကြောင်း သိရှိရသည်။ နိုင်ငံတကာသတင်းများအရ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အဆမတန် လူဦးရေ ပေါက်ကွဲမှုမှာ လွန်ခဲ့သည့် ၁၀ ကျော်မှစတင်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

No comments:

Post a Comment