Sunday, April 3, 2011

ANC အထွေထွေအတွင်းရေးမှူး တပ်ပေါင်းစုတည်ဆောက်ရေး ညီညွတ်ရေးကို ဇောင်းပီးလုပ်ဆောင်ဖို့ပြောဆို

ANC အထွေထွေအတွင်းရေးမှူး တပ်ပေါင်းစုတည်ဆောက်ရေး ညီညွတ်ရေးကို ဇောင်းပီးလုပ်ဆောင်ဖို့ပြောဆို

ရက်စွဲ - မတ်ခ်ျလ (၈)ရက်၊ အင်္ဂါနိန့်၊ ၂၀၁၁ ခုနှစ်။

(ကော့စ်ဘဇားမြို့) ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)မှ ရခိုင်လူထုအား ANC ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့ရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲတရပ်ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် တနင်္လာနိန့်က ကျင်းပပြုလုပ်ခဲ့သည်။

ANC၏ အထွေထွေအတွင်းရေးမှူးချုပ် ခိုင်မြ၀ါ၊ ဒုကာကွယ်ရေးမှူး ခိုင်ပေါ်လင်းနှင့် ဗဟိုကော်မတီဝင် ခိုင်ပန်းအောင်ရို့မှ ANC၏ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ခြင်းနှင့် ပတ်သက်၍ အကျယ်တ၀င်း ရှင်းလင်းပြောကြားခဲ့ကြရာတွင် ခိုင်မြ၀ါမှ တပ်ပေါင်းစုတည်ဆောက်ရေး ညီညွတ်ရေးကို ဇောင်းပီးလုပ် ဆောင်လားမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ANC ရှင်းလင်းပွဲသို့ အဖွဲ့အစည်းများ၊ မျိုးချစ်ပြည်ချစ် တသီးပုဂ္ဂလများနှင့် တခြားလေ့လာသူဒေသခံများ စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြပြီး အပြန်အလှန် မိန်းမြန်းဆွေးနွေးမှုများ ရှိခဲ့ကြကြောင်း ANCမှ ဒုကာကွယ်ရေးမှူး ခိုင်ပေါ်လင်းမှ ပြောသည်။
ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၏သတင်းကဏ္ဍ အနေဖြင့် ANCအထွေထွေအတွင်းရေးမှူး ခိုင်မြ၀ါ၏ သဘာပတိမိန်းခွန်းများနှင့် အသေးစိပ်ရှင်းလင်း ခဲ့မှုများကို အောက်ပါအတိုင်း ဖေါ်ပြအပ်ပါသည်။

ANC အထွေထွေအတွင်းရေးမှူး ခိုင်မြ၀ါ သဘာပတိ မိန်းခွန်း ပြောနေစဉ်။

`ANCရေ ရခိုင်အမျိုးသားတိ၏ ပါတီ၊ တပ်ပေါင်းစည်းရေးကို အဓိကကြိုဆိုရေပိုင် အမျိုးသားညီညွတ်ရေးကိုပါ တပါတည်း မဖြစ်မနေ ဇောင်းပီးလုပ် ဆောင်လားပါဖို့၊ ဒေနိန့်တိုက်ပွဲရေ ရခိုင်မျိုးဆက်သစ်လူငယ်တိ ချိပ်ဆက်မိစီဖို့နန့် အမျိုးသားရေးတာဝန်ကို ဦးဆောင်ကတ်ဖို့ အရေးကြီးလာရေ အချိန် လည်းဖြစ်တေ၊ ANCညီလာခံတိရေ အဖုအထိုက်တိယှိခလို့ အားရစရာမယှိ၊ အမျိုးသားညီညွတ်ရေးကို ကြည့်ပြန်ကေလေ့ စိတ်ပျက်စရာတိတွိရရေ၊ သမိုင်းတလျှောက်မှာ ပြည်သူတိက ဇာလောက်ညီညွတ်ခကတ်တေ၊ တဟုန်ထိုးထောက်ခံခကတ်တေဆိုစွာကို လက်တွိအားဖြင့် ၁၉၆၂ ပတ်ဝန်းကျင် ကာလက ရတညနန့် လက်ရှိ RNDPကို ကြည့်ကေသိနိုင်ရေ၊ ခေါင်းဆောင်နိန်ရာကို မျိုးဆက်သစ်တိယူကတ်ရဖို့၊ ANC ရည်ရွယ်ချက်ရေ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်နန့် နိုင်ငံရေးတန်းတူမှုတိကိုအခြေခံရေ ဒီမိုကရေစီထွန်းကားရေးဖြစ်တေ။´ လို့ ရှင်းလင်းခဲ့သည်။
ဆက်လက်၍ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၏သတင်းကဏ္ဍမှ ANC၏ ဒုကာကွယ်ရေးမှူး ခိုင်ပေါ်လင်း၏ ရှင်းလင်းပွဲ အခမ်းအနား၌ ရှင်းလင်းပြော ကြားချက်များကို အောက်ပါအတိုင်း ဖေါ်ပြလိုက်သည်။

ဒုကာကွယ်ရေးမှူး ခိုင်ပေါ်လင်း မိန်းခွန်းပြောနေစဉ်။

`ဒေနိန့်ခါ ANCရေ မလေးရှားနိုင်ငံမှာ အခြေစိုက်နိန်ထိုင်ကတ်တေ ရခိုင်မျိုးချစ်ပြည်ချစ်တိကို တစုံတရာအတိုင်းအတာထိ တာဝန်ယူဖြေရှင်းပီးနိုင်ဖို့ လုပ် ဆောင်နိန်ပါရေ၊ ရခိုင်မသားတိုင်း၏ ပြည်တွင်း၊ ပြည်ပလုံခြုံရေးနန့် အစစအရာရာကို စောင့်ရှောက်လုပ်ပီးနိုင်ဖို့ လက်လှမ်းမိသလောက် ကြိုးပမ်းလားပါဖို့၊ ပြည်ပနိုင်ငံတိမှာဆိုကေ အိန္ဒိယ ANCရုံး၊ မလေးရှား၊ ဘင်္ဂလာဒေ့ခ်ျရို့မှာ ရုံးစိုက်ထားပြီးဖြစ်တေ၊ နောက်ဆိုကေ ထိုင်းနိုင်ငံနန့် တခြားနိုင်ငံတိမှာ ANC ရုံးစိုက်ပြီးကေ အမျိုးသားလုံခြုံရေး လုပ်ငန်းတိလုပ်ဆောင်လားဖို့ ဗဟိုကော်မတီ ဆုံးဖြတ်ချက်များအရ ပြင်ဆင်နိန်ပါရေ၊ တပြိုက်နက်တည်းမှာ ANC အနေနန့် အလျှင်အမြန် တပ်မတော်တခု တည်ဆောက်ရေးကို ဆုံးဖြတ်ချက်အရ အကောင်အထည်ဖေါ်ဖို့ ပြင်ဆင်နိန်ပါရေ၊ အားလုံးဘ၀တူတိကို အင်အားကြီးမားရေ တပ်မတော်တည်ဆောက်ဖို့ ကြိုဆိုပါရေ။´ လို့ အသေးစိပ်ကို ရှင်းလင်းပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလန်ပူရ် အခြေစိုက် ANC-S ရုံး အစည်းအဝေးခန်းမ၌ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပြုလုပ်ခဲ့သော ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးနှင့် ပတ်သက်၍ အကျယ်တ၀င်း ရှင်းလင်းခြင်းဖြစ်သည်။ ရှင်းလင်းပွဲကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့တွင် ဖွင့်လှစ်ထား သော ရက္ခိတအားမာန်စာကြည့်တိုက်၌ ပြုလုပ်ခြင်းဖြစ်သည်။
ANC ရှင်းလင်းပွဲအခမ်းအနားကို နေ့လည် ၂း ၃၀ နာရီတွင် နမောတဿ ၃ ကြိမ်ဖြင့်စတင်ဖွင့်လှစ်ပြီး ညနေ ၅ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။ ANCမှ အခမ်းအနားသို့ ကြွရောက်လာကြသော မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များအား ရခိုင်မုန့်တီဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး၊ ရက္ခိတအားမာန်စာကြည့်(RAL)သို့ ရံပုံငွေအဖြစ် တာကာ ၅၀၀ လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာကြသူများ အနေဖြင့် ပါတီနိုင်ငံရေး၊ မိမိတပ်မတော်ရှင်သန်ရေးအပြင် အစွန်းရောက်သော လုပ်ရပ်များထက် ဒေနိန့် အချိန်ခါ ဘုံအမျိုးသားအကျိုးစီးပွားအတွက် အမျိုးသားရေးနိုင်ငံရေး၊ အမျိုးသားရေးတော်လှန်ရေးကို လုပ်ဆောင်ရန် တပ်ပေါင်းစုကြီးတခု တည်ဆောက် ရန်လိုအပ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြသည်။
ANCမှ ရှင်းလင်းပွဲ အခမ်းအနား ပြုလုပ်ရခြင်းနှင့် ပတ်သက်လို့ ထုတ်ပြန်ကြေငြာချက် တစောင်ကိုလည်း ဖြန့်ဝီခဲ့သည်။

ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၏ သတင်းကဏ္ဍသို့ သတင်းအချက်အလက်များ၊ ကဗျာများ၊ ဆောင်းပါးများ ပို့ပီးခြင်းဖြင့် ၀ိုင်းဝန်းကူညီကြပါ။

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန (သတင်းကဏ္ဍ)၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ။

No comments:

Post a Comment