Monday, July 16, 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၁၆.၇.၁၂) မှ ( ၂၂.၇.၁၂) ထိတပတ်စာဗေဒင်ဟောစာတမ်း

horoscope
 
2
 
0
 
i
 
မဲပေးပါ
Quantcast

ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
နိုင်ငံရပ်ခြားနှင့်ပတ်သက်သောလု ပ်ငန်းများလုပ်ရခြင်း၊ လူမျိုးခြားများနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်ရခြင်း၊
ထီပေါက်တတ်ခြင်း၊ ထီပေါက်သကဲ့သို့ငွေများစွာဝင်ခြင်း၊အလှူလုပ်ရခြင်း၊ ဘုရားဖူးခရီးများသွားရခြင်း၊
ပျော်ရွှင်သောခရီးသွားရခြင်း၊ စီးပွားတက်ခြင်း၊ လုပ်ငန်းများတိုးချဲ့ရခြင်းများဖြစ်တတ်သည်။ ကျောက်မျက်
ရတနာဝင်ခြင်း၊ လူလိမ်ခံရတတ်သည်။ လူလုခံရတတ်သည်။ အရေးကြီးစာရွက်စာတမ်းပျောက်တတ်သည်။
သတိထားပါ။
ကျန်းမာရေး။ ယားနာပေါက်ခြင်း၊ ရေယုံပေါက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ လက်ထပ်ရန်နေ့ကောင်းရက်သာရွှေးနေရတတ်သည်။ မင်္ဂလာပွဲကျင်းပရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်းကြီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၇ ၀ )
တနင်္လာသားသမီးများ၏ကံကြမ္မာ
ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ အမွေရစရာရှိကအမွေရတတ်ခြင်းများဖြစ်တတ်သည်။
လူမျိုးခြားများ၏ ကူညီမှုရခြင်း၊ နိုင်ငံရပ်ခြားကိစ္စနှင့်ပတ်သက်သောလုပ်ငန်းများလုပ်
ရတတ်ခြင်း၊အလုပ်တွင် မိမိထက်ကြီးသူ ငယ်သူနှစ်ဦးစလုံးကြောင့်စိတ်ညစ်စရာဖြစ်နေလိမ့်မည်။
အလုပ် အကိုင်စိတ်တိုင်းမကျစရာများဖြစ်နေမည်။ ခင်မင်သောမိတ်ဆွေများ
နှင့်လမ်းခွဲရတတ်သည်။ ကောင်းသောလမ်းခွဲခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်တိုင်းမကျဖြစ်နေလိမ့်မည်။ သဘောထားခြင်းအနည်းငယ်ကွဲနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နို့ဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၄ ၅)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
ရွှေဝင်ခြင်း၊ အိမ်ပြင်ရခြင်း၊ အခန်းပြုင်ရခြင်း၊ တိုက်ခန်းဝင်ခြင်း၊ ကားဝင်ခြင်း၊ ဘာသာရေးနှင့်ပတ်
သက်သောလုပ်ငန်းများလုပ်ရတတ်ခြင်းဖြစ်တတ်သည်။ စက်ပစ္စည်း
အဟောင်းများထွက်ပြီး အသစ်များဝင်မည်။ ငွေများစွာဝင်မည်၊ သို့သော်အကုန်များနေမည်။ ဖုန်းထွက်ခြင်း
၊ မြေထွက်ခြင်းဖြစ်တတ်သည်။ အလုပ်တွင်အတိုက်အခံများ
အခက်အခဲများနှင့်ရင်ဆိုင်ဖြေရှင်းရတတ်သည်။ အစစအရာရာသတိထားဖြေရှင်းပါ။
ကျန်းမာရေး။ အစားမှာပြီးဗိုက်အောင့်ခြင်းဖြစ်တတ်သည်။ အစားအသောက်ဆင်ခြင်ပါ။
အချစ်ရေး။ ချစ်သူ၏အဆက်အသွယ်ဖြတ်တောက်ခြင်းကိုခံစားနေရလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကော်ရည်ခေါက်ဆွဲ
ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆ ၄ ၃ ၆ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
ပြည်တွင်းပြည်ပခရီးသွားရခြင်း၊ မြေ၀င်ခြင်း၊ ကြာသပတေးနံပစ္စည်းများရောက်လာခြင်း၊ စာရွက်စာတမ်း
ကိစ္စများအဆင်ပြေမည်။ လက်အောက်ငယ်သားအကျိုးပေးခြင်း၊
ရွှေထွက်ပြီးလျှင်ပြန်ဝင်မည်။ အလုပ်မတိုးချဲ့ပါနှင့်၊ လုပ်သမျှထင်သေလောက်အဆင်မပြေဖြစ်နေလိမ့်မည်။
ငွေရင်းပြီးစီးပွားထပ်မရှာပါနှင့်။ ဆုံးရှုံမှုများမည်။ အချေးအဌား
ဘာမှမလုပ်ပါနှင့်။  စိတ်ထောင်ကိုယ်ကြေသလိုဖြစ်နေမည်။ ဘာစားစားအရသာမရှိသလိုခံစားနေရတတ်သည်။
ကျန်းမာရေး။ ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်းဖြစ်နေလိမ့်မည်။
အချစ်ရေး။ စိတ်ချမ်းသာစရာများနှင့်ပြည့်စုံနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းနို့ခေါက်ဆွဲကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း (  ၀ ၅ ၄ ၀)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်လုပ်ငန်းသစ်များပြောင်းရွှေ့ရခြင်း၊ လုပ်ကိုင်ရခြင်းဖြစ်တတ်သည်။ ရွှေလက်ကောက်ဝင်ခြင်း၊
လက်အောက်ငယ်သားရောက်လာခြင်း၊ အိမ်ထောင်ရှင်များကိုယ်ဝန်ရခြင်းဖြစ်တတ်သည်။ ဆွေမျိုးသားချင်း
များအတွက်ပူပင်သောကရောက်ရတတ်ခြင်း၊ ငွေအတွက်ပူပင်သောကဖြစ်နေရခြင်း
မျုားဖြစ်နေတတ်သည်။ နောက်ဆုံးတွင်အဆင်ပြေသွားပါလိမ့်မည်။ ငွေ ပျောက်ခြင်း၊ သူခိုးခိုးခံရခြင်းဖြစ်တတ်သည်။
သတိထားပါ။
ကျန်းမာရေး။ ဆေးစားမှားခြင်း၊ အစာအဆိပ်ဖြစ်တတ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အစီအစဉ်မရှိဘဲအိမ်ထောင်ကျတတ်သည်။ မကောင်းသေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ထောပတ်ဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၅ ၁ )
သောကြာသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ စိတ်လက်စွပ်ဝင်ခြင်းမျာဖြစ်တတ်သည်။
ဘာဘဲလုပ်လုပ်အဆင်မပြေဖြစ်နေမည်။ သည်းခံပါ။သိပ်မကြာခင်တွင်အောင်မြင်ကြီးပွားပါလိမ့်မည်။
ယခုရက်ပိုင်းတွင် အပြောအဆို၊ အသွားအလာ၊ အနေအထိုင်အစစအရာရာသတိဝိရိယရှိပါ။ မိန်းကလေး
တဦး၏အနှောင့်အယှက်ခံရတတ်သည်။ ငွေရစရာများမရ၍စိတ်ညစ်နေရမည်။
ကျန်းမာရေး။ ကျောအောင့်ခြင်း၊ ခါးနာခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ တဦးကိုတဦးနားလည်မှုများနှင့်စိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒံပေါက်ဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၁ ၀ ၁)
စနေသားသမီးများ၏ကံကြမ္မာ
စန်းပွင့်ခြင်း၊ စုတ်လာဘ်ဝင်ခြင်း၊ စီးပွားတက်ခြင်း၊ ကံကောင်းခြင်းများနှင့်ပြည့်ဝနေချိန်ဖြစ်သည်။
လက်ဆောင်ပစ္စည်းများတခုပြီးတခုရတတ်သည်။ ကားဝင်ခြင်း၊ ရွှေဝင်ခြင်း၊
စိန်လက်စွပ်ထွက်တတ်သည်။ ဖုန်းအဟောင်းအသစ်လဲရတတ်သည်။ လက်အောက်ငယ်သားထွက်ပြေးတတ်သည်။
မိတ်ဆွေများကိစ္စကြောင့်အလုပ်များနေရတတ်သည်။
အလုပ်အကိုင်လဲတိုးတက်သလိုလူလဲမနားရအောင်အလုပ်များနေမည်။ အပျော်အပါးသတိထားပါ။
ကျန်းမာရေး။ သွေးထွက်သံယိုဖြစ်ခြင်း၊ သွေးတိုးခြင်း၊ ရာသီထိမ်ခြင်းများဖြစ်နေတတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ ချစ်သူရည်စားရမည်။ မိမိစိတ်ကြိုက်သာရွေးချယ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သီးစုံဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၄ ၁ )
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး၊ ကလန်း၊
ဖုန်း- +6016 6903 513 , +6018 2250 510
E- swezinwati@gmail.com
facebook.www.facebook.com /swezinwati
http://freedomnewsgroup.com/2012/07/16/bay-din-8

No comments:

Post a Comment