|

“
သက်ဆိုင်ရာကနေ သူတို့ဈေးဆိုင်တွေကို ဖွင့်ကြပါစို့၊ လုံခြုံနေပြီဖြစ်တယ်၊
ပဋိပက္ခမဖြစ်ရအောင် ထိမ်းထားနိုင်ပြီလည်းဖြစ်တယ်၊ သူတို့ ဆိုတာက
ကုလားတွေပါ၊ ပုံမှန်အနေအထားကို ထိမ်းဖို့ရွယ်ရည်ချက်နဲ့ပါ၊
ဈေးတိုင်းမှာတော့ သူတို့ဆိုင်တွေကများပါတယ်၊ အခုက ကြာလာလေလေ
ထွက်ပြေးတိမ်းရှောင်နေသလို ဖြစ်နေတယ်၊ နောက်ပြီး ခဏခဏ အကြမ်းဖက်မှုတွေ
ဖြစ်ပေါ်လာနေတယ်၊ ဒါကိုမသင်္ခါဘူးဆိုပြီး ဒီ ၂၆ ရက်နေ့မဖွင့်ရင် ဆိုင်တွေကို
သိမ်းမလား၊ ဘာလုပ်မလဲ၊ အရေးယူမလားတော့ အတိအကျမသိသေးပါဘူး၊ ဆိုင်ကိုတော့
ဖွင့်နိုင်ပါတယ်၊ အဓိကတော့ ဆိုင်ကြီး အ၀တ်အထည် ကုန်စုံဆိုင်တွေပါ၊
သာမန်စားကုန်ဆိုင်တွေတော့ ဖွင့်ပါတယ်၊ ဒီအထည်ဆိုင်က လူတွေပျောက်နေတယ်၊
ပြီးတော့ ဘာဖြစ်လို့ဆိုင်မဖွင့်တာလဲပေါ့၊ ဒါပေမဲ့ဒီသတင်းက အရပ်ထဲကထွက်တာ
မဟုတ်ပါဘူး၊ လုံခြုံရေးယူထားတဲ့ စစ်တပ်ကထွက်တာပါ။ ” ဟု အမည်မဖေါ်လိုသူ
ဝန်ထမ်းတဦးက အတည်ပြု ရှင်းပြသည်။
၎င်းက တချို့ဈေးဆိုင်များမှာ အခြေအနေအရ ဈေးဆိုင်များ ဖွင့်၍ရောင်းချနေကြောင်းနှင့် ပိတ်သည့်နေ့များလည်း ရှိနေကြောင်း ဆိုသည်။
“
ဈေးဆိုင်တချို့ဆို ဖွင့်ပြီးရောင်းနေကြပါပြီ၊ မနက် ၁၀ နာရီကနေ ၁ နာရီ
အခြေအနေကိုကြည့်ပြီး ဆိုနိုင်ပါတယ်၊ ဒါပေမဲ့ အဲဒီဆိုင်တွေလည်း သူများတွေ
မဖွင့်တော့ မရဲတရဲဖွင့်နေကြတာ ဖြစ်ပါတယ်၊ အခုက ဖွင့်တဲ့ဆိုင်တွေဆိုရင်
သောင်းကျန်းသူတွေထဲ မပါဝင်ခဲ့လို့ ဖွင့်တာ၊ ကရင်တန်းခေါ်တဲ့ ကုလားဈေးကတော့
နည်းနည်းပါးပါး စည်နေပါပြီ၊ လုံးဝမဖွင့်တဲ့ သူတွေကျတော့ ဒါရာဇ၀တ်
မှုကျူးလွန်တဲ့ သူတွေလို့ ယူဆနိုင်တယ်သဘော ဒီမှာစကားတွေဖြစ်နေကြတယ်။ ” ဟု
မောင်တော မြို့နယ် (၃)မိုင်ဂိတ်အနီး ရွှေတောင်မှ ဈေးဆိုင်သည် တဦးက
ရှင်းပြသည်။
မောင်တောမြို့နယ်တွင်
မြို့မဈေးကြီးနှင့် မီးစက်ခွဆုံဈေး၊ ရပ်ကွက်(၅)ဈေးများမှာ ယခုအချိန်ထိ
စည်စည်ကားကား ဈေးရောင်းသူများ မရှိသေးသော်လည်း ဘင်္ဂလီဈေးဖြစ်သော
ကရင်တန်းဈေးမှာ လွန်ခဲ့သော ဇွန်လ တတိယအပတ်ကတည်းက စားကုန်ဆိုင်များ
အနည်းငယ်စည်ကားလျက် ရှိနေကြောင်း မြို့ခံများကပြောသည်။
“
စစ်တွေမြို့နယ်ကနေ တင်ပို့တဲ့ငါးတွေနဲ့ မောင်တောမြို့နယ် တောင်ပိုင်းက
တင်ပို့တဲ့ ဟင်းသီးဟင်းရွက်တွေကြောင့် သိပ်တော့ ဈေးမတက်ပါဘူး၊ ဒါပေမဲ့
အရင်ဈေးကြီးတွေမှာ၊ အိမ်တွေကိုလာရောင်းလေ့ရှိတဲ့ ကုလားငါးနဲ့
ဟင်းသီးတွေကတော့ လာမရောင်း ကြတော့ဘူး၊ သူတို့က ကုလားရွာတွေမှာဘဲ
သွားရောင်းနေကြပါတယ်၊ အာဏာပိုင်တွေကလည်း သူတို့ချင်သလို ဆန်ငါးသိုက်ထက်
မရောင်းရ၊ မ၀ယ်ရအဲသလို လုပ်ချင်သလို လုပ်နေတယ်၊ တခါတလေတော့ ငါးနဲ့ဟင်းက
ပြတ်တာတွေရှိပါတယ်။ ” ဟု မောင်တောမြို့ ဘုတ်ဆိပ်မှတဦးက ပြောသည်။
ရခိုင်ပြည်နယ်
အနောက်ဘက် မောင်တောမြို့နှင့် မျက်နှာချင်းဆိုင်တည်ရှိသော ဘင်္ဂလာဘက်ခြမ်း
တာခ်နာမြို့နှင့် ကော့စ်ဘဇားမြို့တို့ အကြား နေ့စဉ်နှင့်
တပတ်နိုင်ငံကူးလက်မှတ်ဖြင့် သွားလာနေကြသည့် ကုန်သည်များမှာ ယခုအချိန်ထိ
အရေအတွက် အနည်းငယ်သာ တွေ့မြင်ရကြောင်း နယ်စပ်မျက်မြင်များက ဆိုသည်။
မောင်တောမြို့နယ်တွင်
ယမန်နေ့ကအထိ သေနပ်သံများ နေ့နှင့် ညဥ့်အချိန်တို့တွင် ကြားခဲ့ရကြောင်း၊
တိမ်းရှောင်နေကြသည့် အကြမ်းဖက်သူများနှင့် သာမန်ဘင်္ဂလီအချင်းချင်း မကြာခဏ
ခိုက်ရန်ဖြစ်ပွားမှုများ ရှိနေကြောင်း၊ သောင်းကျန်းသူများက လုံခြုံရေး
တပ်ဖွဲ့များကို အငိုက်မိတိုက်ခိုက်ရန် စောင့်ကြည့်နေသည်ဟု
သတင်းများထွက်ပေါ်နေကြောင်းနှင့် တခြားနယ်စပ်တွင် တိုက်ပွဲများ ဖြစ်သည်ဟု
ကောလဟာလသတင်းများ ထွက်ပေါ်လျက်ရှိနေကြောင်း မြို့ခံအများအပြားက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း
တခြားပဋိပက္ခဖြစ်ပေါ်ခဲ့သည့် မြို့ကျးရွာများတွင် အလှကုန်၊ အထည်ကုန်နှင့်
စားကုန်ဆိုင်များမှာ အစုံအလင် ဖွင့်၍ ရောင်းချနေပြီဖြစ်ကြောင်း
စစ်တွေမြို့မှ ကုန်သည်ကြီးတဦးက အတည်ပြုပြောသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/310-2012-07-23-18-20-45
No comments:
Post a Comment